ဝန္ေဆာင္မႈညံ့ဖ်င္းလြန္းလို႔ဆိုၿပီး ဘဏ္မွ အေမရိကန္ေဒၚလာ ၇၈၀,၀၀၀ ကို ေငြစကၠဴျဖင့္ လက္ငင္းအကုန္ထုတ္ယူပစ္ခဲ့တဲ့ အမ်ိဳးသား

တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕မွအမ်ိဳးသားတစ္ဦး ဟာ ေဒသခံဘဏ္တစ္ခုအား အလြန္စိတ္ပ်က္သြားခဲ့ၿပီးေနာက္ သူ၏ေငြစာရင္းထဲ၌ေငြမ်ားတစ္ျပားတစ္ေစ့မွမက်န္ခဲ့ေအာင္လုပ္ဖို႔ သူ႔ေငြစု ေငြယြမ္ ၅ သန္း (ေဒၚလာ ၇၈၀,၀၀၀) ကို ေငြစကၠဴမ်ားျဖင့္ လက္ငင္းထုတ္ယူရန္ဆုံးျဖတ္ခဲ့ပါတယ္။ Weibo app တြင္ သူ႔ကိုယ္သူ“ Sunwear” လို႔နာမည္ေျပာင္ေပးထားတဲ့အဆိုပါဘဏ္ေဖာက္သည္တစ္ဦးဟာ ၎အျဖစ္အပ်က္နဲ႔အတူ Hongmei Road ရွိ Shanghai ဘဏ္ခြဲက ၀န္ေဆာင္မႈညံ့ဖ်င္းလြန္းတာေၾကာင့္ စိတ္မေကာင္းျဖစ္ရေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူဟာ ၎ဘဏ္ခြဲတစ္ခုကိုရည္ၫႊန္းကာ ဘဏ္၌ ယြမ္ေငြ သန္းဆယ္ဂဏာန္းရွိေသာ္လည္း ထိုဘဏ္ဟာ “ အဆိုးဆုံး၀န္ေဆာင္မႈသေဘာထား” ရွိေၾကာင္းလည္းထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အဆိုပါအမ်ိဳးသားဟာ “ ဒီသေဘာထားေၾကာင့္ ငါ့ေငြအားလုံးကိုထုတ္ယူၿပီးအျခားဘဏ္ေတြမွာသြားထည့္ခဲ့ရတယ္ ” ဟုစေနေန႔တြင္ေရးသားေဖာ္ျပခဲ့ၿပီး ေငြထုတ္ရန္ကန႔္သတ္ခ်က္မ်ားေၾကာင့္ သူဟာ ယြမ္ ၅ သန္းသာထုတ္ယူခဲ့ရပါတယ္။ ထို႔ျပင္ ယြမ္ ၁၀၀ တန္ေငြစကၠဴအုပ္မ်ားအထပ္လိုက္ပါတဲ့ခရီးေဆာင္အိတ္မ်ားကို ကားတစ္စီးထဲသို႔တင္ေနခဲ့တဲ့အဆိုပါအမ်ိဳးသားရဲ႕ဓာတ္ပုံမ်ားဟာ တ႐ုတ္လူမႈမီဒီယာပလက္ေဖာင္းမ်ားေပၚတြင္ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ထိုကိစၥႏွင့္ပတ္သက္ၿပီး ၎ဘဏ္ခြဲက ၎တို႔ဟာ လုံၿခဳံေရးအရ ထိုေဖာက္သည္အား mark တပ္ရန္သာေတာင္းဆိုခဲ့ၿပီး ၎တို႔ဟာ ေဖာက္သည္အား ၀န္ေဆာင္မႈႏွင့္ပတ္သက္တဲ့လမ္းၫႊန္ခ်က္မ်ားကိုလည္းမခ်ိဳးေဖာက္ခဲ့ေၾကာင္း ျပန္လည္တုံျပန္ေျပာၾကားခဲ့ၿပီး “ ေဖာက္သည္ဟာ ဘဏ္မွေငြေၾကး၀န္ေဆာင္မႈေတြကိုပိုမိုေမွ်ာ္လင့္ေနခဲ့တယ္” ဟုရွန္ဟိုင္းဘဏ္မွကိုယ္စားလွယ္တစ္ဦးက The Paper သတင္းသို႔ေျပာၾကားခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပင္ ယခုအခါ follower ၁.၇ သန္းေက်ာ္ရွိၿပီျဖစ္တဲ့ “ Sunwear” ဆိုသူေဖာက္သည္က သူဟာ ၎ ယြမ္ ၅ သန္းကို အၿပီးအစီးထုတ္ယူရန္ ဘဏ္စာေရးႏွစ္ဦးႏွင့္ေငြစာရင္းကိုင္တစ္ဦးတို႔ျဖင့္ အခ်ိန္ ၂ နာရီကုန္ခဲ့ရေၾကာင္းကိုလည္းေျပာျပခဲ့ပါေသးတယ္။

JRose (Mckzone daily)

Reference : sixthtone

Unicode

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှအမျိုးသားတစ်ဦး ဟာ ဒေသခံဘဏ်တစ်ခုအား အလွန်စိတ်ပျက်သွားခဲ့ပြီးနောက် သူ၏ငွေစာရင်းထဲ၌ငွေများတစ်ပြားတစ်စေ့မှမကျန်ခဲ့အောင်လုပ်ဖို့ သူ့ငွေစု ငွေယွမ် ၅ သန်း (ဒေါ်လာ ၇၈၀,၀၀၀) ကို ငွေစက္ကူများဖြင့် လက်ငင်းထုတ်ယူရန်ဆုံးဖြတ်ခဲ့ပါတယ်။ Weibo app တွင် သူ့ကိုယ်သူ“ Sunwear” လို့နာမည်ပြောင်ပေးထားတဲ့အဆိုပါဘဏ်ဖောက်သည်တစ်ဦးဟာ ၎င်းအဖြစ်အပျက်နဲ့အတူ Hongmei Road ရှိ Shanghai ဘဏ်ခွဲက ၀န်ဆောင်မှုညံ့ဖျင်းလွန်းတာကြောင့် စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာ ၎င်းဘဏ်ခွဲတစ်ခုကိုရည်ညွှန်းကာ ဘဏ်၌ ယွမ်ငွေ သန်းဆယ်ဂဏာန်းရှိသော်လည်း ထိုဘဏ်ဟာ “ အဆိုးဆုံး၀န်ဆောင်မှုသဘောထား” ရှိကြောင်းလည်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ “ ဒီသဘောထားကြောင့် ငါ့ငွေအားလုံးကိုထုတ်ယူပြီးအခြားဘဏ်တွေမှာသွားထည့်ခဲ့ရတယ် ” ဟုစနေနေ့တွင်ရေးသားဖော်ပြခဲ့ပြီး ငွေထုတ်ရန်ကန့်သတ်ချက်များကြောင့် သူဟာ ယွမ် ၅ သန်းသာထုတ်ယူခဲ့ရပါတယ်။ ထို့ပြင် ယွမ် ၁၀၀ တန်ငွေစက္ကူအုပ်များအထပ်လိုက်ပါတဲ့ခရီးဆောင်အိတ်များကို ကားတစ်စီးထဲသို့တင်နေခဲ့တဲ့အဆိုပါအမျိုးသားရဲ့ဓာတ်ပုံများဟာ တရုတ်လူမှုမီဒီယာပလက်ဖောင်းများပေါ်တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ပါတယ်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ၎င်းဘဏ်ခွဲက ၎င်းတို့ဟာ လုံခြုံရေးအရ ထိုဖောက်သည်အား mark တပ်ရန်သာတောင်းဆိုခဲ့ပြီး ၎င်းတို့ဟာ ဖောက်သည်အား ၀န်ဆောင်မှုနှင့်ပတ်သက်တဲ့လမ်းညွှန်ချက်များကိုလည်းမချိုးဖောက်ခဲ့ကြောင်း ပြန်လည်တုံပြန်ပြောကြားခဲ့ပြီး “ ဖောက်သည်ဟာ ဘဏ်မှငွေကြေး၀န်ဆောင်မှုတွေကိုပိုမိုမျှော်လင့်နေခဲ့တယ်” ဟုရှန်ဟိုင်းဘဏ်မှကိုယ်စားလှယ်တစ်ဦးက The Paper သတင်းသို့ပြောကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် ယခုအခါ follower ၁.၇ သန်းကျော်ရှိပြီဖြစ်တဲ့ “ Sunwear” ဆိုသူဖောက်သည်က သူဟာ ၎င်း ယွမ် ၅ သန်းကို အပြီးအစီးထုတ်ယူရန် ဘဏ်စာရေးနှစ်ဦးနှင့်ငွေစာရင်းကိုင်တစ်ဦးတို့ဖြင့် အချိန် ၂ နာရီကုန်ခဲ့ရကြောင်းကိုလည်းပြောပြခဲ့ပါသေးတယ်။

JRose (Mckzone daily)

Be the first to comment on "ဝန္ေဆာင္မႈညံ့ဖ်င္းလြန္းလို႔ဆိုၿပီး ဘဏ္မွ အေမရိကန္ေဒၚလာ ၇၈၀,၀၀၀ ကို ေငြစကၠဴျဖင့္ လက္ငင္းအကုန္ထုတ္ယူပစ္ခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*