႐ိုးရွင္းတဲ့သခ်ၤာပုစာၦကိုေတာင္ မေျဖရွင္းႏိုင္တဲ့သမီးကို ေဒါသထြက္ရလြန္းလို႔ သူ႔အားလာဖမ္းဆီးရန္ ရဲစခန္းသို႔ဖုန္းဆက္ခဲ့တဲ့ ဖခင္တစ္ဦး

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Jiangsu ျပည္နယ္ရွိ Kunshan ၿမိဳ႕ေဒသခံတစ္ဦးျဖစ္တဲ့ Gao အမည္ခံအမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕သမီးက ႐ိုးရွင္းလြန္းတဲ့သၤခ်ာပုစာၦကိုေတာင္ မေျဖရွင္းႏိုင္ခဲ့တာေၾကာင့္ လမ္းလယ္ေခါင္မွာ လူသိရွင္ၾကား စိတ္ပ်က္လက္ပ်က္ျဖစ္သြားခဲ့ၿပီးေနာက္မွာ သူ႔အား လာေရာက္ဖမ္းဆီးရန္ ရဲစခန္းသို႔ ဖုန္းလွမ္းဆက္ကာ အသနားခံခဲ့ပါတယ္။ “ ငါ့သမီးက ၈၀၀ နဲ႔ ၇၀၀ ႏုတ္တာကို အေျဖက ၉၀၀ ​​လို႔ဘဲ ထပ္ခါတလဲလဲ ေျဖေနခဲ့တယ္၊ ငါ အရမ္းေဒါသထြက္ေနလို႔ အိမ္မျပန္ခ်င္ေတာ့ဘူး ၊ ငါ့ကိုသာ လာဖမ္းၿပီး အခ်ဳပ္ထဲထည့္ေပးလိုက္ေတာ့ “ လို႔ ဖခင္ျဖစ္သူက သူတို႔သားအဖထံေရာက္လာတဲ့ ရဲအရာရွိတစ္ဦးအား ေျပာၾကားခဲ့ပါတယ္။

သို႔ေပမဲ့ ရဲအရာရွိက သမီးျဖစ္သူရဲ႕ျပႆနာကိုကူညီေပးခဲ့သလို အေဖျဖစ္သူကိုလည္း စိတ္ၿငိမ္သြားေအာင္ျဖားေယာင္းခဲ့ရၿပီး ၎တို႔သားအဖအား အိမ္သို႔ ေဘးကင္းစြာျပန္ပို႔ေပးခဲ့ရပါတယ္။ ထိုအစီရင္ခံစာအျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီး အင္တာနက္သုံးစြဲသူအမ်ားစုကရယ္ေမာခဲ့ၾကသလို Weibo မွလူတစ္ဦးက “ ဒီေကာင္မေလးက သူ႔သမီးအရင္းဆိုတာေသခ်ာတယ္ ၊ မင္းရဲ႕အိုင္က်ဴက မျမင့္ဘူးဆိုတာမင္းျမင္ႏိုင္ပါတယ္ ”လို႔ စေနာက္ကာမွတ္ခ်က္ေပးခဲ့ပါတယ္။ သို႔ေပမဲ့ အျခားသုံးစြဲသူတစ္ဦးကေတာ့ “ သမီးေလးကို စိတ္က်န္းမာေရးေဆးခန္းသြားျပၾကည့္ဖို႔ ငါအႀကံေပးခ်င္တယ္ ” လို႔လည္း မွတ္ခ်က္ေပးထားခဲ့ပါတယ္။

Mia (Mckzone daily)

Reference : nextshark

Unicode

တရုတ်နိုင်ငံအရှေ့ပိုင်း Jiangsu ပြည်နယ်ရှိ Kunshan မြို့ဒေသခံတစ်ဦးဖြစ်တဲ့ Gao အမည်ခံအမျိုးသားတစ်ဦးဟာ သူ့ရဲ့သမီးက ရိုးရှင်းလွန်းတဲ့င်္သချာပုစ္ဆာကိုတောင် မဖြေရှင်းနိုင်ခဲ့တာကြောင့် လမ်းလယ်ခေါင်မှာ လူသိရှင်ကြား စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပြီးနောက်မှာ သူ့အား လာရောက်ဖမ်းဆီးရန် ရဲစခန်းသို့ ဖုန်းလှမ်းဆက်ကာ အသနားခံခဲ့ပါတယ်။ “ ငါ့သမီးက ၈၀၀ နဲ့ ၇၀၀ နုတ်တာကို အဖြေက ၉၀၀ ​​လို့ဘဲ ထပ်ခါတလဲလဲ ဖြေနေခဲ့တယ်၊ ငါ အရမ်းဒေါသထွက်နေလို့ အိမ်မပြန်ချင်တော့ဘူး ၊ ငါ့ကိုသာ လာဖမ်းပြီး အချုပ်ထဲထည့်ပေးလိုက်တော့ “ လို့ ဖခင်ဖြစ်သူက သူတို့သားအဖထံရောက်လာတဲ့ ရဲအရာရှိတစ်ဦးအား ပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ ရဲအရာရှိက သမီးဖြစ်သူရဲ့ပြဿနာကိုကူညီပေးခဲ့သလို အဖေဖြစ်သူကိုလည်း စိတ်ငြိမ်သွားအောင်ဖြားယောင်းခဲ့ရပြီး ၎င်းတို့သားအဖအား အိမ်သို့ ဘေးကင်းစွာပြန်ပို့ပေးခဲ့ရပါတယ်။ ထိုအစီရင်ခံစာအဖြစ်အပျက်နှင့်ပတ်သက်ပြီး အင်တာနက်သုံးစွဲသူအများစုကရယ်မောခဲ့ကြသလို Weibo မှလူတစ်ဦးက “ ဒီကောင်မလေးက သူ့သမီးအရင်းဆိုတာသေချာတယ် ၊ မင်းရဲ့အိုင်ကျူက မမြင့်ဘူးဆိုတာမင်းမြင်နိုင်ပါတယ် ”လို့ စနောက်ကာမှတ်ချက်ပေးခဲ့ပါတယ်။ သို့ပေမဲ့ အခြားသုံးစွဲသူတစ်ဦးကတော့ “ သမီးလေးကို စိတ်ကျန်းမာရေးဆေးခန်းသွားပြကြည့်ဖို့ ငါအကြံပေးချင်တယ် ” လို့လည်း မှတ်ချက်ပေးထားခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "႐ိုးရွင္းတဲ့သခ်ၤာပုစာၦကိုေတာင္ မေျဖရွင္းႏိုင္တဲ့သမီးကို ေဒါသထြက္ရလြန္းလို႔ သူ႔အားလာဖမ္းဆီးရန္ ရဲစခန္းသို႔ဖုန္းဆက္ခဲ့တဲ့ ဖခင္တစ္ဦး"

Leave a comment

Your email address will not be published.


*