ပထမဆုရခဲ့တဲ့သမီးလေးရဲ့ချစ်စရာ့ Halloween ဝတ်စုံအား အကုန်အကျအနည်းဆုံးဖြင့်ဖန်တီးပေးခဲ့တဲ့ မိခင်

Halloween ပွဲတော်ဟာ နှစ်တိုင်း အောက်တိုဘာလ ၃၁ ရက်နေ့မှာကျင်းပရန်သတ်မှတ်ထားပြီး လူအများကလည်း ၎င်းညအတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ဝတ်စုံများကို အခြားသူများနဲ့မတူအောင် ကြံဖန်စဉ်းစားဖန်တီးထားကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ မလေးရှားနိုင်ငံရှိ ၈ လအရွယ် Julia Cheong (Ju Ju) အမည်ရှိကလေးမလေးနှင့် အသက် ၃၂ ​​နှစ်အရွယ် Michelle Soh အမည်ရှိမိခင်ဖြစ်သူတို့ဟာ ၎င်းတို့ရဲ့ ချစ်စရာကောင်းပြီး အကုန်အကျနည်းတဲ့ Halloween ဝတ်စုံအတွက် ပထမဆုကိုဆွတ်ခူးခဲ့ကြပါတယ်။ မိခင်ဖြစ်သူဟာ Instagram မှာ Halloween ဝတ်စုံပြိုင်ပွဲကိုတွေ့ခဲ့ပြီးနောက် သူမ၀င်ပြိုင်ရန်စိတ်ဝင်စားခဲ့ကြောင်းနှင့် ထိုစဉ်က သူမဟာ တိုက်ဆိုင်စွာနဲ့ ၎င်းခေါက်ဆွဲခွက်ကိုလက်ခံရရှိခဲ့တာဖြစ်သလို Ju Ju ကို ထိုကဲ့သို့ပုံစံဝတ်ဆင်ပေးရတာက ချစ်စရာကောင်းလိမ့်မယ်လို့သူမထင်ခဲ့တာကြောင့် ဤ၀တ်စုံကိုဖန်တီးဖြစ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

ထို့နောက် Michelle ဟာ လှုံ့ဆော်မှုအချို့ကိုရှာဖွေရန် online သို့သွားခဲ့ပြီး ဒီချစ်စရာကောင်းတဲ့ဒီဝတ်စုံရဲ့ဖန်တီးမှုအတွက် ရယ်စရာနောက်ခံအဖြစ်အပျက်တစ်ခုကိုလည်းမျှဝေပေးခဲ့ပါတယ်။

ထိုစဉ်က Ju Ju ရဲ့အမေဟာ သူမအတွက်ဝတ်စုံလုပ်ဖို့အချိန်အများကြီးလိုတယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်း ပြိုင်ပွဲကနောက်တစ်နေ့အထိဘဲဆိုတာကို နောက်ကျမှသိလိုက်ရပါတယ်။

ထို့ကြောင့် Michelle ဟာ Ju Ju ရဲ့ဝတ်စုံလုပ်ဖို့အတွက် ထိုည ၁၂ နာရီကျော်လောက်မှာ သူမအိမ်ရှိပစ္စည်းတွေအားလုံးကိုအလောတကြီးထရှာလိုက်ရပြီး ညကြီးမင်းကြီးအချိန်မှာ မအိပ်ဘဲဖန်တီးခဲ့ရပါတယ်။

သို့ပေမဲ့ ဒီဝတ်စုံကိုအပြီးအစီးဖန်တီးရန် သူမ နာရီဝက်လောက်သာအချိန်ပေးခဲ့ရကြောင်း Michelle က ရယ်မောရင်းပြန်ပြောပြခဲ့ပါတယ်။

Michelle က ထိုခေါက်ဆွဲဗူးဝတ်စုံအတွင်းရှိသံဘူးကြီးကို သူမရဲ့ယောက္ခမက တရုတ်နှစ်သစ်ကူးအတွက်သူမတို့မိသားစုကိုလက်ဆောင်ပေးခဲ့တဲ့ကွတ်ကီးဘူးဖြင့်အသုံးပြုခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Michelle ဟာ ဒီချစ်စရာကောင်းတဲ့ဝတ်စုံကိုပြုလုပ်ဖို့ US ဒေါ်လာ ၁.၂ ( ၂,၃၀၀ ကျပ်) လောက်သာ ကုန်ကျခဲ့ပါတယ်။ တကယ်လည်း အထူးသဖြင့် သင့်ရဲ့မော်ဒယ်မလေးက အရမ်းချစ်ဖို့ကောင်းနေမယ်ဆိုရင်တော့ Michelle လို Halloween ၀တ်စုံအတွက် ပိုက်ဆံအများကြီးဖြုန်းပစ်နေစရာမလိုတာတော့အသေအချာပါဘဲ။

Mia (Mckzone daily)

Reference : sea

Be the first to comment on "ပထမဆုရခဲ့တဲ့သမီးလေးရဲ့ချစ်စရာ့ Halloween ဝတ်စုံအား အကုန်အကျအနည်းဆုံးဖြင့်ဖန်တီးပေးခဲ့တဲ့ မိခင်"

Leave a comment

Your email address will not be published.


*