Messenger မှာ “ wave ” စတစ်ကာလေးနဲ့စတွေ့ခဲ့ကြပြီးနောက် ၂ နှစ်အကြာမှာဘဲ လက်ထပ်ခဲ့ကြတဲ့ LDR စုံတွဲတစ်တွဲ

ယနေ့ခေတ်မှာ အင်တာနက်ပေါ်ကနေ သူငယ်ချင်းအသစ်များနှင့်မိတ်ဖွဲ့တွေ့ဆုံရန်အတွက် လွယ်ကူပါတယ်။ ဆိုရှယ်မီဒီယာဟာ ကျွန်တော်တို့အား မိတ်ဆွေဟောင်းများနှင့်သူစိမ်းများနှင့်ပင် အချိတ်အဆက်မိအောင် ဆက်သွယ်ပေးနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့အဖြစ်အပျက်လေးတစ်ခုကတော့ facebook messenger မှစတင်လိုက်တဲ့ ရင်းနှီးဖွယ် “ Wave “ များက ချစ်စဖွယ်စုံတွဲတစ်တွဲအား အချင်းကတိသစ္စာပြုမဲ့ယဇ်ပလ္လင်ပေါ်သို့ အမှန်တကယ်ခေါ်ဆောင်သွားစေခဲ့ပါတယ်။ Kate Garcia-Axalan အမည်ရှိမိန်းကလေးဟာ သူမ Messenger မှာ Gian Arlo Axalan အမည်ရှိချစ်သူကောင်လေးနဲ့ ဘယ်လိုတွေ့ဆုံခဲ့ရပုံကို လူအများ အားကျဖွယ်ပြန်လည်ဝေမျှပေးခဲ့ပါတယ်။ Gian Arlo ဟာ သူ့ရဲ့ newsfeed ကနေ Kate အား အမြဲမြင်တွေ့နေခဲ့ရပြီး သူ့ကိုယ်သူမိတ်ဆက်ရန်ဆုံးဖြတ်ခဲ့တာကြောင့် ၂၀၁၇ ဒီဇင်ဘာ ၆ ရက်နေ့မှာ သူ့ဘက်မှ “ Wave ” တစ်ခုဖြင့် Kate အားစတင်မိတ်ဖွဲ့နှုတ်ဆက်ခဲ့ပါတယ်။

ထို့နောက် ရိုးရှင်းတဲ့ပထမဆုံးသော “ Wave ” striker လေးကနေ ၎င်းတို့နှစ်ဦးဟာ ပိုမိုလျင်မြန်သောအရာတစ်ခုအဖြစ်သို့ပြောင်းလဲသွားမည့်ခင်မင်မှုတစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ ဝေးကွာနေကြပေမဲ့ ၎င်းတို့နှစ်ဦးဟာ မကြာခင်မှာဘဲ တစ်ဦးနှင့်တစ်ဦးရဲ့အချစ်ကိုရှာဖွေတွေ့ရှိသွားခဲ့ကြပါတယ်။

ထို့နောက် သိပ်မကြာခင်မှာဘဲ ၎င်းတို့ဟာ လူချင်းတွေ့ကာ တစ်ယောက်ကိုတစ်ယောက် ၎င်းတို့ရဲ့အချစ်တွေကို အတည်ပြုခဲ့ကြပြီး ၎င်းတို့ဟာ long distance relationship (LDR) ဖြင့်ရှေ့ဆက်ခဲ့ကြပါတယ်။

တစ်နည်းတစ်ဖုံ ဆိုရှယ်မီဒီယာပေါ်၌သာ တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံနေကြရပေမယ့် ၎င်းတို့ရဲ့အချစ်တွေကို ခိုင်မြဲအောင်ထိန်းသိမ်းထားနိုင်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ Gian Arlo ဟာ Kate ကို proposeလုပ်ခဲ့ပြီး သူမကလည်း ချက်ချင်းပင် သဘောတူခဲ့ပါတယ်။ မကြာသေးမီက Kate ဟာ Gian Arlo က သူမအား Messenger မှ “ Wave ” တစ်ခုပို့လိုက်သည့်အချိန်မှစ၍ သူမတို့စေ့စပ်တဲ့နေ့အထိရောက်လာခဲ့ရတဲ့ပုံကို ဓာတ်ပုံများစွာဖြင့် ချစ်ကြည်နူးဖွယ်ပြန်လည်မျှဝေပေးခဲ့ပါတယ်။

ထို့ပြင် ဆိုရှယ်မီဒီယာမှာ ပထမဆုံးတွေ့ဆုံခဲ့ကြတဲ့ ဒီဇင်ဘာ ၆ရက်နေ့က ၎င်းတို့နှစ်ဦးအတွက် အထူးနေ့လေးဖြစ်တာမို့ Goan Arlo နှင့် Kate တို့ဟာ ပထမဆုံးတွေ့ဆုံပြီး ၂နှစ်အကြာ တစ်ဖန် ဒီဇင်ဘာ ၆ ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။

Netizen တော်တော်များများက ၎င်းတို့ရဲ့အချစ်ဇာတ်လမ်းကိုအထင်ကြီးခဲ့ကြပြီး အားလုံးဟာ ၎င်းက “ Wave ” လေးတစ်ခုနဲ့စတင်ခဲ့ကြတာကို ၎င်းတို့မယုံကြည်နိုင်ကြောင်း မှတ်ချက်များပေးခဲ့ကြပါတယ်။ အခြားသူများကတော့ ၎င်းတို့ရဲ့အချစ်ဇာတ်လမ်းဟာ ထိုကဲ့သို့ “ Wave ” တစ်ခုနှင့်စတင်ခဲ့သော်လည်း ယဇ်ပလ္လင်တွင်အဆုံးသတ်မည့်အစား Messenger ၌သာ block ခံလိုက်ရကြောင်း စနောက်ပြောဆိုခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : rachwed

Be the first to comment on "Messenger မှာ “ wave ” စတစ်ကာလေးနဲ့စတွေ့ခဲ့ကြပြီးနောက် ၂ နှစ်အကြာမှာဘဲ လက်ထပ်ခဲ့ကြတဲ့ LDR စုံတွဲတစ်တွဲ"

Leave a comment

Your email address will not be published.


*