ဆေးရုံသို့အလည်လာသွားတဲ့ချစ်ရတဲ့သူ့ခွေးလေးကြောင့် အခြေအနေများတိုးတက်ကောင်းမွန်လာခဲ့တဲ့ ကင်ဆာရောဂါသည်

Flavio Santos အမည်ရှိအမျိုးသားဟာ ဘရာဇီးရှိဆေးရုံတစ်ခုမှာ ကင်ဆာကုသမှုခံယူနေသည်မှာ သီတင်းပတ်များစွာကြာခဲ့ပြီဖြစ်ပါတယ်။ Flavio ဟာ Agadir အမည်ရှိသူ့ရဲ့အိမ်မွေးခွေးကိုလည်း မတွေ့ရတာကြာပြီဖြစ်တာကြောင့် သူ့ခွေးလေးကိုဘယ်လောက်လွမ်းကြောင်းလည်း တတွတ်တွတ်ပြောနေခဲ့ပါတယ်။ Flavio အား ပြုစုစောင့်ရှောက်ပေးတဲ့သူနာပြုဟာ Flavio က သူ့ခွေးလေးကိုဘယ်လောက်ထိလွမ်းနေကြောင်းကိုသိလိုက်ရပြီးနောက် Agadir အား Flavio ရှိရာဆေးရုံသို့ခေါ်ဆောင်လာဖို့စီစဉ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ Agadir ဟာ Flavio တည်းခိုတဲ့ဆေးရုံသို့ရောက်လာတဲ့အခါ wheelchair ပေါ်မှာထိုင်နေတဲ့ Flavio ဆီ အပြေးသွားကာ သတိရစွာနဲ့ အချင်းချင်းလျင်မြန်စွာပွေ့ဖက်ခဲ့ကြပါတယ်။ ထို့နောက် ၎င်းသခင်ဖြစ်သူနှင့်ခွေးလေးတို့ဟာ စိတ်ပိုင်းဆိုင်အရ တွေ့ဆုံရင်း အတူတကွအချိန်ဖြုန်းခဲ့ကြပါတယ်။

၎င်းတို့ရဲ့ပုံရိပ်ဟာ လူနာတစ်ဦးနှင့်သူ့ရဲ့ခွေးလေးတို့အကြား ရိုးရှင်းတဲ့ပြန်လည်တွေ့ဆုံမှုသဘောအဖြစ်သာမြင်နိုင်ပေမဲ့လည်း သူနာပြုများနှင့်ဆရာဝန်များက Agadir လေးအလည်အပတ်ရောက်လာခဲ့ပြီးနောက် Flavio ရဲ့အခြေအနေကမည်သို့ပင်တိုးတက်ကောင်းမွန်လာခဲ့ကြောင်းကို နောက်ပိုင်းမှာသာသိရှိခဲ့ကြရပါတယ်။

Agadir အတွက် ၎င်းက တိုတောင်းတဲ့အလည်လာမှုဖြစ်ပေမဲ့လည်း Flavio အပေါ် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများစွာကိုပါ သယ်ဆောင်လာပေးခဲ့ပုံရနေပါတယ်။

Rodrigo Tancredi အမည်ရှိ Flavio ရဲ့တာဝန်ခံဒေါက်တာဖြစ်သူက Flavio ရဲ့ အရင်ကအခြေအနေထက် အများကြီးပိုကောင်းလာတာကိုသတိပြုမိပြီးနောက် သူ အတော်လေးအံ့ဩသွားခဲ့ရသလို တစ်နေ့တခြား Flavio ရဲ့အခြေအနေတိုးတက်လာတာကို သတိပြုမိကြောင်း ပြောကြားခဲ့ပါတယ်။

Agadir လေးရဲ့ကျေးဇူးကြောင့် Flavio ဟာ သူမျှော်မှန်းထားသည်ထက်စောပြီး အိမ်စောစောပြန်နိုင်တော့မဲ့ပုံရပါတယ်။

ဒါဟာ ဆေးရုံက သခင်ဖြစ်သူတို့အား ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်ကို အလည်အပတ်လာရောက်တွေ့ဆုံဖို့ ပထမဆုံးအကြိမ်ခွင့်ပြုပေးခဲ့ခြင်းဘဲဖြစ်ပါတယ်။

Flavio ရဲ့ဖြစ်ရပ်မှာ ၎င်းတို့မြင်ခဲ့တဲ့အပြုသဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေကြောင့် သက်ဆိုင်ရာများက ဆေးရုံရှိဆေးကုသမှုခံယူနေတဲ့သခင်ဖြစ်သူတို့အား ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များ အလည်အပတ်လာရောက်တွေ့ခွင့်ပြုပေးလိုက်ဖို့မျှော်လင့်မိပါတယ်။

JRose (Mckzone daily)

Reference : goodtimes

Be the first to comment on "ဆေးရုံသို့အလည်လာသွားတဲ့ချစ်ရတဲ့သူ့ခွေးလေးကြောင့် အခြေအနေများတိုးတက်ကောင်းမွန်လာခဲ့တဲ့ ကင်ဆာရောဂါသည်"

Leave a comment

Your email address will not be published.


*