မိခင်မရှိတော့တဲ့ ၁ နှစ်သားအရွယ်သားငယ်ကို တစ်နေကုန်ကျောပိုးကာ ဈေးရောင်းရင်းအသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ဖခင်

ဖိလစ်ပိုင်နိုင်ငံ Rizal Binangonan ခရိုင်မှ Jam Perry အမည်ရှိ Netizen တစ်ဦးဟာ ခက်ခက်ခဲခဲကြိုးစားရုန်းကန်နေတဲ့ လမ်းဘေးဈေးသည်အမျိုးသားတစ်ဦးရဲ့အခက်အခဲကိုကူညီနိုင်ရန် ထိုအမျိုးသားရဲ့ဇာတ်လမ်းကို သူ့ရဲ့လူမှုမီဒီယာအကောင့်မှာမျှဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ထို အသက် ၃၀ နှစ်အရွယ် Richard Paclibare အမည်ရှိ taho တိုဖူးနှောက်ရောင်းသူအမျိုးသားတစ်ဦးကို Jam က သူတို့ရပ်ကွက်မှာမကြာခဏတွေ့လေ့ရှိပြီး ခဏမကြာဝယ်ယူအားပေးခဲ့ပါတယ်။ တစ်နေ့မှာ Richard က ၁ နှစ်သားအရွယ် ကလေးတစ်ယောက်ကိုကျောပိုးပြီး ဈေးရောင်းနေတာကိုတွေ့လိုက်တော့ Jam အံ့ဩသွားခဲ့ပါတယ်။

ထိုသနားစရာကောင်းတဲ့အခြေအနေတွေကြောင့်ဘဲ Jam က Taho ရောင်းသူကို ခဏတာအင်တာဗျူးဖို့ကြိုးစားခဲ့ပါတယ်။ နောက်ပိုင်းမှာ ထိုကလေးလေးက Richard ရဲ့ကလေးလေးဆိုတာကို သူ သိခဲ့ရပါတယ်။

အဆိုပါကလေးမွေးဖွားပြီးတဲ့နောက်မှာ သူ့ရဲ့ဇနီးဖြစ်သူကကွယ်လွန်သွားခဲ့ပြီး ကလေးကို သူ့အတွက် ချန်ထားပေးခဲ့တယ်လို့ Richard အဆိုအရသိခဲ့ရပါတယ်။

တစ်နည်းအားဖြင့် Richard ဟာ လက်ရှိမှာ ကြင်ဖော်မဲ့ဖခင်ဖြစ်ပြီး သူက ဈေးရောင်းထွက်တဲ့အခါ အနီးအနားမှာ ကူညီပေးဖို့ဆွေမျိုးသားချင်းမရှိတာကြောင့် သူ့ရဲ့သားငယ်ကို တစ်ပါးတည်းခေါ်ဆောင်လာခဲ့တာဘဲဖြစ်ပါတယ်။

တစ်နေ့လုပ်တစ်နေ့စားဖြင့်သာ Richard က သူ့သားငယ်နှင့်အတူ ဆက်လက်ရှင်သန်နေခဲ့ရတာဘဲဖြစ်ပါတယ်။

ထို့ပြင် လုံလောက်တဲ့ငွေကြေးမရှိခြင်းက Richard တို့သားအဖအတွက် ပြဿနာကြီးကြီးတစ်ခုအဖြစ်လည်းရှိနေခဲ့ပါတယ်။ Jam မျှဝေခဲ့တဲ့ Richard တို့သားအဖတို့ရဲ့ဓာတ်ပုံများနှင့်ဇာတ်လမ်းကပျံ့နှံ့သွားပြီးနောက် အင်တာနက်သုံးစွဲသူများစွာက ထိုဓာတ်ပုံများကြောင့် မကူညီဘဲမနေနိုင်ခဲ့ကြပါဘူး။

ဆက်စပ်သတင်းများအရ အဆိုပါသားအဖနှစ်ဦးတို့ရဲ့ဇာတ်လမ်းနှင့် ဖခင်ကြီး Richard အလွန်လိုအပ်နေတဲ့အကူအညီအတွက်အကြောင်းပြချက်တစ်ခုကို GMA News Facebook စာမျက်နှာမှာတင်ခဲ့ခြင်းကြောင့် Richard ဟာ အစီအစဉ်တစ်ခုမှ ငွေကြေးအထောက်အပံ့များစွာကိုလည်းရရှိခဲ့ရကြောင်း ကြားသိခဲ့ရပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "မိခင်မရှိတော့တဲ့ ၁ နှစ်သားအရွယ်သားငယ်ကို တစ်နေကုန်ကျောပိုးကာ ဈေးရောင်းရင်းအသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ဖခင်"

Leave a comment

Your email address will not be published.


*