ပွဲကောင်းမလွတ်သွားစေဖို့ ဘီယာခွက် ၄၈ ခွက်ကို တစ်ခါတည်း အပြီးသယ်ခဲ့လို့ နာမည်ကြီးသွားခဲ့တဲ့ ဘောလုံးအမာခံပရိတ်သတ်တစ်ဦး

ဘောလုံးဝါသနာရှင်လူငယ်တစ်ဦးဟာ ဘီယာခွက်များစွာဖြင့် အားကစားကွင်းတစ်ခု၌လမ်းလျှောက်နေသည့်ပုံရိပ်ဖြင့် ဓာတ်ပုံရိုက်ခံခဲ့ရပါတယ်။ FC Twente ပရိတ်သတ်တစ်ဦးဖြစ်သူ Christiaan Roetgering ဟာ De Grolsch Veste အားကစားကွင်း၌ ဘီယာခွက် ၄၈ ခွက်ကို တစ်ကြိမ်တည်း ပေါ့ပေါ့ပါးပါးသယ်သွားနေခဲ့သည့်သူ့ရဲ့ဗီဒီယိုဖိုင်ပျံ့နှံ့သွားပြီးနောက်မှာ နယ်သာလန်နိုင်ငံရဲ့နာမည်ကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဘောလုံးကြည့်ရင်း သောက်စရာဝယ်တဲ့သူတိုင်းအတွက် အလွန်အကျွံမဖိတ်သွားစေဘဲ ဘားကနေသင့်ရဲ့ထိုင်ခုံဆီသို့သယ်သွားရခြင်းက အတော်လေးခက်ခဲတယ်ဆိုတာသိကြပါလိမ့်မယ်။ သို့ပေမဲ့ ပုံမှန်အားဖြင့် သောက်စရာကို သုံး၊လေးခွက်လောက်သာသယ်သွားကြပေမဲ့ ၄၈ ခွက်ကတော့ မဖိတ်ဘဲသယ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။

သို့ပေမဲ့ အသက် ၂၃ နှစ်အရွယ် ဘောလုံးဝါသနာရှင် Christiaan Roetgering ဟာ ဘီယာခွက်တွေပါတဲ့ အခံပြား ၅ ခုကိုတစ်ခုပေါ်တစ်ခုထပ်ထားပြီး ဘောလုံးကွင်းအတွင်းသို့ လွယ်ကူစွာဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။

အဆိုပါဗီဒီယိုဖိုင် အိုးလေတကျော်ပျံ့နှံ့သွားပြီးနောက်မှာတော့ Christiaan က The Sun သတင်းသို့ “ ကျွန်တော်တို့သူငယ်ချင်းတစ်စုက ဘယ်နေရာရောက်ရောက် ဂိမ်းဆော့တတ်ကြတယ် ၊ တစ်ခါတစ်လေ ကျွန်တော်တို့က ဂိမ်းရှုံးတဲ့သူကို ဘီယာသွားသယ်ခိုင်းလေ့ရှိတယ် ၊ အဲ့နေ့က ကျွန်တော့်အလှည့်ဘဲ ၊ ကျွန်တော်ကလည်း ဘားကိုနောက်တစ်ခေါက်မသွားချင်လို့ တစ်ခေါက်တည်းနဲ့ ဘီယာခွက်အားလုံးကိုသယ်ဖို့လုပ်လိုက်တယ် ၊ ဘီယာခွက်တွေကိုအဲ့လိုသယ်ပြီး လှေကားထစ်တွေကိုတက်ခဲ့ရတယ် ၊ ဒါမဲ့ အားလုံးအဆင်ပြေနေခဲ့တယ် ၊ ဒါမဲ့ အဲ့တာက စံချိန်မချိုးနိုင်ပါဘူး ၊ အရင်က ကျွန်တော့်သူငယ်ချင်း Jochen က ဘီယာခွက် အခွက် ၅၀ ကိုသယ်ခဲ့ဖူးတယ် ၊ ကျွန်တော် Instagram မှာ friend request ၃၀၀ ရှိလောက်တိုးလာတယ် ၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျွန်တော်က TV မှာ highlight ဖြစ်နေလို့ ကျွန်တော်တောင် အတော်လေးအံ့ဩခဲ့ရတယ် ” ဟုဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (အောက်တိုဘာ ၁၇) မှာ သူချစ်ရတဲ့ FC Twente အသင်းက ပြိုင်ဘက်ဖြစ်တဲ့ Willem II နှင့်ပွဲစဉ်မှာအနိုင်ရရှိခဲ့ခြင်းမရှိတာကြောင့် Christiaan က ဘီယာအများကြီးလိုအပ်နေခဲ့မှာအမှန်ပါဘဲ။

ထိုနေ့၌ နှစ်သင်းစလုံးဟာ ၁-၁ သရေဖြင့်ပွဲပြီးသွားခဲ့ပြီး FC Twente အသင်းဟာ ပွဲစဉ်အတွင်း ဘောလုံးသမားတစ်ဦးကိုထုတ်ပယ်ခံခဲ့ရပါသေးတယ်။

အဲ့ဒီနေ့မှာ ကွင်းထဲရှိ ဘောလုံးပရိတ်သတ်များစွာက သဘောမတွေ့ဘဲစိတ်ပျက်နေခဲ့ကြပေမဲ့ Christiaan ပြသခဲ့တဲ့ခံနိုင်ရည်ရှိမှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် သူ့အားစိတ်ဝင်တစားကြည့်ရင်း ရယ်မောပျှော်ရွှင်ခဲ့ကြရပါတယ်။

ထို့ပြင် အင်တာနက်သုံးစွဲသူများက “ ငါဆို သုံးခွက်တောင်မသယ်နိုင်ဘူး ” ၊ “ ဒီလူကို နောက်ပွဲကျ့ရင် ခေါ်သွားရမယ် ” ၊ “ pro ဘဲ လေးစားတယ် ငါ့ကောင် ” စတဲ့မှတ်ချက်များဖြင့်လည်း တုံ့ပြန်ခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : ladbible

Be the first to comment on "ပွဲကောင်းမလွတ်သွားစေဖို့ ဘီယာခွက် ၄၈ ခွက်ကို တစ်ခါတည်း အပြီးသယ်ခဲ့လို့ နာမည်ကြီးသွားခဲ့တဲ့ ဘောလုံးအမာခံပရိတ်သတ်တစ်ဦး"

Leave a comment

Your email address will not be published.


*