အျခားတစ္ဖက္မွာရွိေနတဲ့အေဒၚျဖစ္သူကိုႏႈတ္ဆက္ဖို႔အတြက္ လုံၿခဳံေရး၀န္ထမ္းအား ခြင့္ေတာင္းေနခဲ့တဲ့ ကေလးငယ္တစ္ဦး (႐ုပ္သံ)

Qatar ႏိုင္ငံ Hamad အျပည္ျပည္ဆိုင္ရာေလဆိပ္၌ အျခားတစ္ဖက္ဂိတ္ေပါက္မွာရွိေနတဲ့ သူမရဲ႕အေဒၚျဖစ္သူအား ေနာက္ဆုံးႏႈတ္ဆက္စကားေျပာႏိုင္ရန္အတြက္ လုံၿခဳံေရး၀န္ထမ္းမ်ားအားခြင့္ေတာင္းေနခဲ့တဲ့ ခ်စ္စရာကေလးငယ္တစ္ဦးရဲ႕ဗီဒီယိုတစ္ခုဟာ Twitter မွာျပန႔္ႏွံ႔သြားခဲ့ပါတယ္။ ဗီဒီယိုထဲ၌ အနီေရာင္ဝတ္စုံ၀တ္ဆင္ထားတဲ့ခ်စ္စရာကေလးမေလးတစ္ဦးဟာ လုံၿခဳံေရးဝန္ထမ္းတစ္ဦးဆီသို႔ေရာက္လာတဲ့အခါခဏရပ္ၾကည့္ၿပီး လုံၿခဳံေရးဝန္ထမ္းက ဘယ္သြားမွာလဲလို႔ေမးလိုက္ေတာ့ ခ်စ္စဖြယ္ကေလးမေလးက အျခားတစ္ဖက္မွာရွိေနတဲ့သူမရဲ႕အေဒၚ အား လက္ေလးျဖင့္ၫႊန္ျပေနခဲ့ပါတယ္။ ထို႔ေနာက္ လုံၿခဳံေရးဝန္ထမ္းက ေခါင္းညိတ္လိုက္တဲ့အခါမွာ ကေလးမေလးဟာ သူ႔အေဒၚဆီဦးတည္ေျပးသြားခဲ့ၿပီး အျခားတစ္ဖက္ရွိအေဒၚျဖစ္သူကလည္း ကေလးမေလးဆီဦးတည္ေျပးလာကာ သူမအားေပြ႕ဖက္လိုက္တာကိုေတြ႕ျမင္ႏိုင္ပါတယ္။

ထိုကဲ့သို႔ ခြင့္ေတာင္းေနတဲ့အျပဳအမူေလးက ကေလးမေလးဟာ မိဘမ်ားရဲ႕ဆုံးမမႈေအာက္မွာေကာင္းေကာင္းႀကီးျပင္းလာခဲ့တာကိုသိသာေစသလို ခ်စ္ဖို႔လည္းအရမ္းေကာင္းေနခဲ့ပါတယ္။ ေအာက္တိုဘာလ ၁၅ ရက္ ၾကာသပေတးေန႔ ညသန္းေခါင္ယံမွာတင္ထားခဲ့တဲ့ ထိုဗီဒီယိုက ၾကည့္ရႈသူသန္းတစ္ဝက္ေက်ာ္ ႏွင့္ retweetေပါင္း ၂၀,၀၀၀ ေက်ာ္ရရွိခဲ့ပါတယ္။

လူအခ်ိဳ႕က ကေလးငယ္ရဲ႕ခ်စ္စဖြယ္ခြင့္ျပဳမိန႔္ကိုေတာင္းခံတဲ့နည္းလမ္းအတိုင္း ၎တို႔လည္း လုံၿခဳံေရးဝန္ထမ္းေတြကိုခြင့္ေတာင္းသင့္တယ္လို႔လည္း စေနာက္ကာမွတ္ခ်က္မ်ားေပးခဲ့ၾကပါတယ္။ ထို႔ျပင္ ဗီဒီယိုကိုတင္ခဲ့တဲ့ Twitter အသုံးျပဳသူ @KaptanHindostan က ဤကဲ့သို႔မႀကဳံဖူးတဲ့ခြဲခြါခ်ိန္မွာ လူတိုင္းကိုၿပဳံးသြားေအာင္ အေၾကာင္းျပခ်က္ေပးတတ္တဲ့လုံၿခဳံေရးဝန္ထမ္းမ်ားကို ေက်းဇူးတင္ေၾကာင္းျပသခဲ့ပါတယ္။

Mia (Mckzone daily)

Reference : says

Unicode

Qatar နိုင်ငံ Hamad အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အခြားတစ်ဖက်ဂိတ်ပေါက်မှာရှိနေတဲ့ သူမရဲ့အဒေါ်ဖြစ်သူအား နောက်ဆုံးနှုတ်ဆက်စကားပြောနိုင်ရန်အတွက် လုံခြုံရေး၀န်ထမ်းများအားခွင့်တောင်းနေခဲ့တဲ့ ချစ်စရာကလေးငယ်တစ်ဦးရဲ့ဗီဒီယိုတစ်ခုဟာ Twitter မှာပြန့်နှံ့သွားခဲ့ပါတယ်။ ဗီဒီယိုထဲ၌ အနီရောင်ဝတ်စုံ၀တ်ဆင်ထားတဲ့ချစ်စရာကလေးမလေးတစ်ဦးဟာ လုံခြုံရေးဝန်ထမ်းတစ်ဦးဆီသို့ရောက်လာတဲ့အခါခဏရပ်ကြည့်ပြီး လုံခြုံရေးဝန်ထမ်းက ဘယ်သွားမှာလဲလို့မေးလိုက်တော့ ချစ်စဖွယ်ကလေးမလေးက အခြားတစ်ဖက်မှာရှိနေတဲ့သူမရဲ့အဒေါ် အား လက်လေးဖြင့်ညွှန်ပြနေခဲ့ပါတယ်။ ထို့နောက် လုံခြုံရေးဝန်ထမ်းက ခေါင်းညိတ်လိုက်တဲ့အခါမှာ ကလေးမလေးဟာ သူ့အဒေါ်ဆီဦးတည်ပြေးသွားခဲ့ပြီး အခြားတစ်ဖက်ရှိအဒေါ်ဖြစ်သူကလည်း ကလေးမလေးဆီဦးတည်ပြေးလာကာ သူမအားပွေ့ဖက်လိုက်တာကိုတွေ့မြင်နိုင်ပါတယ်။

ထိုကဲ့သို့ ခွင့်တောင်းနေတဲ့အပြုအမူလေးက ကလေးမလေးဟာ မိဘများရဲ့ဆုံးမမှုအောက်မှာကောင်းကောင်းကြီးပြင်းလာခဲ့တာကိုသိသာစေသလို ချစ်ဖို့လည်းအရမ်းကောင်းနေခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ ရက် ကြာသပတေးနေ့ ညသန်းခေါင်ယံမှာတင်ထားခဲ့တဲ့ ထိုဗီဒီယိုက ကြည့်ရှုသူသန်းတစ်ဝက်ကျော် နှင့် retweetပေါင်း ၂၀,၀၀၀ ကျော်ရရှိခဲ့ပါတယ်။

လူအချို့က ကလေးငယ်ရဲ့ချစ်စဖွယ်ခွင့်ပြုမိန့်ကိုတောင်းခံတဲ့နည်းလမ်းအတိုင်း ၎င်းတို့လည်း လုံခြုံရေးဝန်ထမ်းတွေကိုခွင့်တောင်းသင့်တယ်လို့လည်း စနောက်ကာမှတ်ချက်များပေးခဲ့ကြပါတယ်။ ထို့ပြင် ဗီဒီယိုကိုတင်ခဲ့တဲ့ Twitter အသုံးပြုသူ @KaptanHindostan က ဤကဲ့သို့မကြုံဖူးတဲ့ခွဲခွါချိန်မှာ လူတိုင်းကိုပြုံးသွားအောင် အကြောင်းပြချက်ပေးတတ်တဲ့လုံခြုံရေးဝန်ထမ်းများကို ကျေးဇူးတင်ကြောင်းပြသခဲ့ပါတယ်။

Mia (Mckzone daily)

Be the first to comment on "အျခားတစ္ဖက္မွာရွိေနတဲ့အေဒၚျဖစ္သူကိုႏႈတ္ဆက္ဖို႔အတြက္ လုံၿခဳံေရး၀န္ထမ္းအား ခြင့္ေတာင္းေနခဲ့တဲ့ ကေလးငယ္တစ္ဦး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*