နေ့စဉ်မတူညီတဲ့မြင်ကွင်းများကိုကြည့်ရှုခံစားနိုင်ရန် ဇနီးဖြစ်သူအတွက် ၃၆၀ ဒီဂရီလှည့်လို့ရမဲ့နေအိမ်ကို ဆောက်လုပ်ပေးခဲ့တဲ့ အမျိုးသား

Bosnia နိုင်ငံမှ အသက် ၇၂နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူရဲ့ဆန္ဒဖြစ်တဲ့ တစ်နေ့တစ်မျိုး မတူညီတဲ့ရူခင်းမြင်ကွင်းများကိုကြည့်ရှုခံစားနိုင်ရန်ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဇနီးဖြစ်သူအတွက် ၃၆၀ ဒီဂရီလှည့်လို့ရမဲ့နေအိမ်တစ်လုံးကိုဆောက်လုပ်ပေးခဲ့ပြီးနောက် လူအများရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ Srbac မြို့အနီးတွင် နေထိုင်တဲ့ Vojin Kusic အမည်ရှိအဆိုပါအမျိုးသားဟာ သူ့ကိုယ်ပိုင်သင်ကြားရေးအင်ဂျင်နီယာကျွမ်းကျင်မှုကိုသုံးပြီး ကွဲပြားတဲ့အမြန်နှုန်းများဖြင့်လည်ပတ်နိုင်ရန် ၇ မီတာဝင်ရိုးပေါ်တွင်ထိုင်နေတဲ့အိမ်တစ်လုံးကိုတည်ဆောက်ခဲ့ပါတယ်။

၎င်းအိမ်ဟာ အနှေးဆုံးမြန်နှုန်းမှာ ၂၄ နာရီအတွင်း စက်ဝိုင်းပတ်အပြည့်ပတ်နိုင်ပြီး အမြန်ဆုံးမြန်နှုန်းမှာတော့ ၂၂ စက္ကန့်အတွင်း စက်ဝိုင်းပတ်အပြည့်ပတ်နိုင်ကြောင်း ဆန်းသစ်တီထွင်သူက အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ပါတယ်။

Kusic က ဇနီးဖြစ်သူထံမှ သူမတို့ရဲ့အိမ်ကို ပြန်အလှဆင်ဖို့ နှင့် ရှုခင်းမြင်ကွင်းတွေကိုပြောင်းချင်တဲ့အကြောင်းများကို ထပ်ခါတလဲလဲနားထောင်နေရတာကို ငြီးငွေ့လာတာကြောင့် “ ငါ မင်းအတွက် ကြိုက်သလိုလှည့်လို့ရတဲ့အိမ်ဆောက်ပေးမယ် ” လို့ဆိုခဲ့ကြောင်းပြောပြခဲ့ပါတယ်။ ဇနီးဖြစ်သူကလည်း သူ့ဆောက်မဲ့အိမ်နှင့်ပတ်သက်ပြီး ဘာမှတ်ချက်မှမပေးဘဲ စိတ်ကြိုက်လုပ်စေခဲ့ပါတယ်။

ဒီစုံတွဲရဲ့လှည့်လို့ရတဲ့နေအိမ်ဟာ လက်ရှိ Srbac မြို့အနီးက မြက်ခင်းပြင်ပေါ်မှာတည်ရှိနေပြီး ပြောင်းစိုက်ခင်းတွေ၊ အခြားလယ်မြေတွေဘက်သို့လည်းကောင်း၊ ရှုခင်းကောင်းတဲ့တောအုပ်တွေ ၊ အနီးအနားကမြစ်တွေဘက်ကိုလည်း စိတ်ကြိုက်အနေအထားနဲ့လှည့်ချင်သလိုလှည့်ထားနိုင်ပါတယ်။

တီထွင်ဆန်းသစ်သူ Kusic က သူ့ရဲ့၎င်း rotation အိမ်ကို ဆောက်လုပ်နေစဉ်အတောအတွင်း သူ့နှလုံးရောဂါအခြေအနေကြောင့် ဆေးရုံသို့မကြာခဏသွားခဲ့ရတာကြောင့် ဆောက်လုပ်ပြီးစီးရန်ခြောက်နှစ်ခန့်အထိကြာခဲ့ကြောင်းပြောကြားခဲ့ပါသေးတယ်။

ဆေးရုံတက်နေစဉ်အတွင်း သူ့ခေါင်းထဲမှာ ၎င်းပရောဂျက်ကိုပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွေးဘဲရှိနေခဲ့တာကြောင့် Kusic ဟာ ဆရာဝန်များအား သူ့ရဲ့အသက်ကို အနည်းဆုံးတစ်နှစ်လောက်ရှည်အောင် ဆွဲဆန့်ပေးထားဖို့လည်း တောင်းဆိုခဲ့ရကြောင်းဆိုခဲ့ပါသေးတယ်။

Kusic က “ဒါက ဆန်းသစ်တီထွင်မှုတစ်ခုတော့မဟုတ်ဘူး၊ ဆန္ဒနဲ့အသိပညာသာလိုအပ်တယ်၊ ငါ့မှာလုံလောက်တဲ့အချိန်နဲ့ဗဟုသုတရှိခဲ့တယ်” လို့ နှိမ့်ချစွာပြောဆိုခဲ့သလို ၎င်းအိမ်ဟာ ရွေ့လျားနေတဲ့အစိတ်အပိုင်းများစွာပါဝင်သော်လည်း သာမန်အိမ်များထက် ငလျင်ဒဏ်ကိုပိုမိုခံနိုင်ရည်ရှိကြောင်းလည်းဆိုခဲ့ပါတယ်။

Mia (Mckzone daily)

Reference : mashable

Be the first to comment on "နေ့စဉ်မတူညီတဲ့မြင်ကွင်းများကိုကြည့်ရှုခံစားနိုင်ရန် ဇနီးဖြစ်သူအတွက် ၃၆၀ ဒီဂရီလှည့်လို့ရမဲ့နေအိမ်ကို ဆောက်လုပ်ပေးခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*