ဇနီးဖြစ်သူအား ငွေစက္ကူရွက်များဖြင့်ပြုလုပ်ထားတဲ့မင်္ဂလာနှစ်ပတ်လည်လက်ဆောင်ဖြင့် စပရိုက်လုပ်ပေးခဲ့တဲ့ ချစ်တတ်လွန်းတဲ့ အမျိုးသား

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ အလိုက်သိပြီး ချစ်တတ်လွန်းတဲ့ခင်ပွန်းသည်ရဲ့စပရိုက်ကြောင့် အဝတ်လှန်းတန်းပေါ်က ပိုက်ဆံတွေနဲ့ပြုလုပ်ထားတဲ့စောင်တစ်ထည်ကိုမြင်လိုက်ရတဲ့အခါ သူမဟာ အလွန်ပင်အံ့ဩသွားခဲ့ရပါတယ်။ ၎င်းပိုက်ဆံရဲ့အတန်းတစ်တန်းမှာ php 200k ခန့်ပါရှိတယ်။ Sanchikz အမည်ရှိအမျိုးသားမှ Tiktok တွင်မျှဝေခဲ့တဲ့အဆိုပါဗီဒီယိုဟာ ပျံ့နှံ့သွားပြီး ယခုအခါ ကြည့်ရှုသူပေါင်း ၁.၁ သန်းအထိရောက်ရှိသွားခဲ့ပါတယ်။ ဗီဒီယိုဖိုင်တင်သူခင်ပွန်းသည်ရဲ့အဆိုအရ သူဟာ သူတို့ဇနီးမောင်နှံရဲ့၁၃ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်နေ့၌ ဇနီးဖြစ်သူကိုအံ့သြစေလိုပြီး သူ့ဇနီးကိုလည်း အလွန်ပျော်ရွှင်သွားစေချင်ခဲ့တာပါ။ ခင်ပွန်းသည်က “ ငါတို့ရဲ့ ၁၃ နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်ကို ပျော်ရွှင်စရာနဲ့အမှတ်တရဖြစ်စေဖို့ရည်ရွယ်ပြီး တကယ်လုပ်ပေးချင်ခဲ့ပါတယ်။

တကယ်တော့ ဒီလက်ဆောင်က သူမရဲ့မိသားစုအတွက် သူမရဲ့အနစ်နာခံမှုတွေ၊ မေတ္တာတွေနဲ့ယှဉ်ရင်တန်ဖိုးမကြီးသေးပါဘူး၊ ဒီပမာဏက သူမ့ကို ပြန်ပေးရမဲ့ပမာဏာလောက်တောင်မရှိသေးပါဘူး ” လို့ အင်တာဗျူးတစ်ခုမှာပြောကြားခဲ့ပါတယ်။ ခင်ပွန်းသည်ဟာ သူ့ဇနီးရဲ့မိသားစုအပေါ်ထားတဲ့ကြိုးစားမှု၊ အနစ်နာခံမှုနဲ့မေတ္တာကိုပြန်ပေးဆပ်ချင်နေခဲ့ပါတယ်။

ဒါ့ကြောင့် ခင်ပွန်းသည်က ဇနီးဖြစ်သူကိုအံ့အားသင့်သွားစေမယ့်နည်းလမ်းကောင်းတစ်ခုကိုရှာဖွေခဲ့ပြီး သူ့ရဲ့ဆုံးဖြတ်ချက်မှာလည်းအမှားမပါသွားခဲ့ပါဘူး။ Tiktok ဗီဒီယိုထဲအရ သူဟာ ပိုက်ဆံရွက်ထောင်ပေါင်းများစွာကို ဂရုတစိုက်စုပုံပြီး ကုလားကာကဲ့သို့သော ၎င်းပိုက်ဆံရွက်များရဲ့အပေါ်ကိုလည်း ပလတ်စတစ်ဖြင့်သောချာစွာဖုံးအုပ်ထားတာကိုပြသထားပါသေးတယ်။

“ မင်းကြိုးကြိုးစားစားအားထုတ်တဲ့အခါ မင်းက တကယ့်ကိုခြားနားချက်တစ်ခုလိုဖြစ်သွားစေတယ်။ ဒါကိုလုပ်တာ ငါ့ကျောနာပေမယ့် ငါချစ်တဲ့သူအတွက်တော့ ဒါကို ငါသည်းခံရမယ်လေနော် ” ဟု ခင်ပွန်းသည်က ဆက်ပြောပြခဲ့ပါတယ်။

ဒါ့အပြင် သူဟာ ဒီအံ့သဩစရာကောင်းတဲ့ဖျော်ဖြေမှုတစ်ခုလုပ်ဖို့အတွက် သားဖြစ်သူနှင့်ပါ တိုင်ပင်မေးမြန်းခဲ့ပါသေးတယ်။

ပထမတော့ သူက ဇနီးဖြစ်သူအိပ်နေစဉ် အဝတ်တန်းပေါ်မှာ တိတ်တခိုးသွားချိတ်ထားခဲ့ပြီး ဇနီးသည်ကအိပ်ရာထပြီး ရေမိုးချိုးလို့ပြီးသွားတဲ့အခါ သူမအား ၎င်းတန်ဖိုးကြီးတဲ့စောင်ဖြင့် စပရိုက်ဖြစ်သွားစေလိုခဲ့တာပါ။

တကယ်လည်း သူ့ရဲ့အကြံအစည်က အဆင်ပြေချောမွော့စွာ အောင်မြင်သွားခဲ့ရပါတယ်။ ” ငါဆိုင်ကနေအိမ်ပြန်ရောက်တော့ မင်းအမေဘယ်မှာလဲလို့ ငါ့သားကိုအရင်မေးလိုက်တယ် ၊ သူကလည်း အမေရေချိုးနေတယ်လို့ပြောတော့ ငါအိမ်အပေါ်ထပ်ကိုအမြန်ပြေးတက်ပြီး အဲ့ဒီဟာကို အဝတ်တန်းပေါ်သွားချိတ်ထားရင်း သူမသတိထားမိသွားတဲ့အချိန်အထိ မသိသလိုစောင့်နေခဲ့တယ် ၊ အဲ့လိုစောင့်နေတဲ့အချိန်မှာ ငါလည်းအရမ်းစိတ်လှုပ်ရှားနေခဲ့လို့ ဘယ်လိုပြန်ရှင်းပြရမှန်းတောင်မသိဘူး” လို့ Sanchikz က အင်တာဗျူးမှာ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "ဇနီးဖြစ်သူအား ငွေစက္ကူရွက်များဖြင့်ပြုလုပ်ထားတဲ့မင်္ဂလာနှစ်ပတ်လည်လက်ဆောင်ဖြင့် စပရိုက်လုပ်ပေးခဲ့တဲ့ ချစ်တတ်လွန်းတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*