သခင္ျဖစ္သူက ကေလးကိုသာခ်ီၿပီး သူ႔ကိုေတာ့ လ်စ္လ်ဴရႈထားလို႔ဆိုၿပီးဝမ္းနည္းေနခဲ့တဲ့ ေခြးေလး

ေခြးေလးေတြဟာလည္း လူသားမ်ားကဲ့သို႔ပင္ ခ်စ္ျခင္းေမတၱာႏွင့္ခ်စ္ခင္တြယ္တာမႈတို႔ကို ခံစားႏိုင္စြမ္းရွိၾကပါတယ္။ ေခြးေလးေတြဟာ ၎တို႔ကိုလ်စ္လ်ဴရႈတယ္လို႔ခံစားရတဲ့အခ်ိန္တိုင္းမွာ ၎တို႔ဟာလည္း မနာလိုမႈ ၊ သဝန္တိုတို႔ကိုခံစားတတ္ၾကပါတယ္။ ဒါေတြကို အိမ္ေမြးတိရိစာၦန္မ်ားေမြးထားတတ္သူမ်ားအေနနဲ႔လည္း အၿမဲႀကဳံဖူးေလ့ရွိတဲ့အရာတစ္ခုျဖစ္မွာပါ။ ခ်စ္လွစြာေသာသခင္က သူ႔အား အေရးမလုပ္သလိုဂ႐ုလည္းမစိုက္ေနတာေၾကာင့္ ၿငိမ္သက္သုန္မႈန္သြားခဲ့တဲ့ေခြးတစ္ေကာင္ရဲ႕ဇာတ္လမ္းကို မၾကာေသးမီက ထိုင္ဝမ္မီဒီယာ ETtoday မွတင္ျပေပးခဲ့ပါတယ္။ ေခြးေလးရဲ႕သခင္က သူ႔ကေလးကိုေပြ႕ခ်ီၿပီး ႏို႔မႈန့္္တိုက္ဖို႔အတြက္ သူ႔ရဲ႕ေခြးေလးကိုေက်ာေပးထားခဲ့တယ္လို႔ သတင္းမ်ားအရသိရွိရပါတယ္။ ထို႔ေနာက္ သခင္ျဖစ္သူရဲ႕ေနာက္မွာထိုင္ေနတဲ့ေခြးေလးက သူ႔သခင္က ကေလးကိုသာေပြ႕ဖက္ထားၿပီး သူ႔ကိုေတာ့ဂ႐ုမစိုက္ဘူးလို႔ထင္ေနပုံရပါတယ္။

ထိုအခ်ိန္မွာ ေခြးေလးက သူ႔ေခါင္းကိုငုံ႔ထားၿပီး သူ႔ရဲ႕ေျခေထာက္ေတြကိုစုထားကာ ဝမ္းနည္းေနတဲ့သူ႔မ်က္ႏွာအေနအထားကိုျပသခဲ့ပါတယ္။ ေနာက္ပိုင္းေတာ့ သခင္ျဖစ္သူက သူ႔ရဲ႕ေခြးေလးဝမ္းနည္းေနေၾကာင္းကို ရိပ္မိသြားတဲ့အခါမွာေတာ့ ေနာက္လွည့္ၿပီး သူ႔ေခြးေလးအား ထပ္ခါထပ္ခါ ႏွစ္သိမ့္မႈေပးရင္း သူ႔ကိုလ်စ္လ်ဴရႈရျခင္းမဟုတ္ေၾကာင္းကိုပါ ရွင္းျပေပးခဲ့ရပါတယ္။

ဓာတ္ပုံေတြကိုၾကည့္ျခင္းအားျဖင့္ ေခြးေလးက အေတာ့္ကို စိတ္မေကာင္းျဖစ္ေနပုံရပါတယ္။ ေခြးေလးေတြဟာ တိရိစာၦန္ေတြထဲမွ စိတ္ခံစားခ်က္အရွိဆုံးတိရိစာၦန္မ်ားျဖစ္ၾကၿပီး ၎တို႔ရဲ႕ရင္တြင္းခံစားခ်က္ေတြကိုလည္း အလြယ္တကူေဖာ္ျပႏိုင္ၾကတဲ့တိရိစာၦန္ေလးေတြဘဲျဖစ္ပါတယ္။

Mia (Mckzone daily)

Reference : goodtimes

Unicode

ခွေးလေးတွေဟာလည်း လူသားများကဲ့သို့ပင် ချစ်ခြင်းမေတ္တာနှင့်ချစ်ခင်တွယ်တာမှုတို့ကို ခံစားနိုင်စွမ်းရှိကြပါတယ်။ ခွေးလေးတွေဟာ ၎င်းတို့ကိုလျစ်လျူရှုတယ်လို့ခံစားရတဲ့အချိန်တိုင်းမှာ ၎င်းတို့ဟာလည်း မနာလိုမှု ၊ သဝန်တိုတို့ကိုခံစားတတ်ကြပါတယ်။ ဒါတွေကို အိမ်မွေးတိရိစ္ဆာန်များမွေးထားတတ်သူများအနေနဲ့လည်း အမြဲကြုံဖူးလေ့ရှိတဲ့အရာတစ်ခုဖြစ်မှာပါ။ ချစ်လှစွာသောသခင်က သူ့အား အရေးမလုပ်သလိုဂရုလည်းမစိုက်နေတာကြောင့် ငြိမ်သက်သုန်မှုန်သွားခဲ့တဲ့ခွေးတစ်ကောင်ရဲ့ဇာတ်လမ်းကို မကြာသေးမီက ထိုင်ဝမ်မီဒီယာ ETtoday မှတင်ပြပေးခဲ့ပါတယ်။ ခွေးလေးရဲ့သခင်က သူ့ကလေးကိုပွေ့ချီပြီး နို့မှုန့််တိုက်ဖို့အတွက် သူ့ရဲ့ခွေးလေးကိုကျောပေးထားခဲ့တယ်လို့ သတင်းများအရသိရှိရပါတယ်။ ထို့နောက် သခင်ဖြစ်သူရဲ့နောက်မှာထိုင်နေတဲ့ခွေးလေးက သူ့သခင်က ကလေးကိုသာပွေ့ဖက်ထားပြီး သူ့ကိုတော့ဂရုမစိုက်ဘူးလို့ထင်နေပုံရပါတယ်။

ထိုအချိန်မှာ ခွေးလေးက သူ့ခေါင်းကိုငုံ့ထားပြီး သူ့ရဲ့ခြေထောက်တွေကိုစုထားကာ ဝမ်းနည်းနေတဲ့သူ့မျက်နှာအနေအထားကိုပြသခဲ့ပါတယ်။ နောက်ပိုင်းတော့ သခင်ဖြစ်သူက သူ့ရဲ့ခွေးလေးဝမ်းနည်းနေကြောင်းကို ရိပ်မိသွားတဲ့အခါမှာတော့ နောက်လှည့်ပြီး သူ့ခွေးလေးအား ထပ်ခါထပ်ခါ နှစ်သိမ့်မှုပေးရင်း သူ့ကိုလျစ်လျူရှုရခြင်းမဟုတ်ကြောင်းကိုပါ ရှင်းပြပေးခဲ့ရပါတယ်။

ဓာတ်ပုံတွေကိုကြည့်ခြင်းအားဖြင့် ခွေးလေးက အတော့်ကို စိတ်မကောင်းဖြစ်နေပုံရပါတယ်။ ခွေးလေးတွေဟာ တိရိစ္ဆာန်တွေထဲမှ စိတ်ခံစားချက်အရှိဆုံးတိရိစ္ဆာန်များဖြစ်ကြပြီး ၎င်းတို့ရဲ့ရင်တွင်းခံစားချက်တွေကိုလည်း အလွယ်တကူဖော်ပြနိုင်ကြတဲ့တိရိစ္ဆာန်လေးတွေဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Be the first to comment on "သခင္ျဖစ္သူက ကေလးကိုသာခ်ီၿပီး သူ႔ကိုေတာ့ လ်စ္လ်ဴရႈထားလို႔ဆိုၿပီးဝမ္းနည္းေနခဲ့တဲ့ ေခြးေလး"

Leave a comment

Your email address will not be published.


*