မင်္ဂလာပွဲ၌ သတို့သမီးရှေ့မှာ ရုတ်တရက်ဒူးထောက်ကာ ချစ်ခွင့်ပန်ခဲ့တဲ့ သတို့သားအရံကြောင့် ဆွံအသွားခဲ့ရတဲ့ ပွဲလာဧည့်သည်များ

မကြာသေးမီရက်များက တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်၊ Xuzhou မြို့၌မင်္ဂလာဆောင်မြင်ကွင်းတစ်ခု၏ဗွီဒီယိုဟာ အွန်လိုင်းပေါ်ပျံ့နှံ့သွားပြီး social media များမှပြောဆိုမှုများစွာကိုလက်ခံရရှိခဲ့ပါတယ်။ တရုတ်မီဒီယာများအဆိုအရ ၎င်းမင်္ဂလာဆောင်ပွဲဟာ အောက်တိုဘာ ၈ ရက်တွင်ကျင်းပခဲ့တာပါ။ အကြောင်းက ပွဲရှိဆွေမျိုးများနှင့်သူငယ်ချင်းများက သတို့သားအား လက်ဆောင်ပေးရန်စင်ပေါ်သို့တက်လာတဲ့အခါ သတို့သားအရံတစ်ဦးဟာ သတို့သမီးရှေ့မှာ ရုတ်တရက်ဒူးထောက်လိုက်ပြီး လက်စွပ်သေတ္တာကိုဖွင့်ပြလိုက်တဲ့သူ့ရဲ့ထူးဆန်းတဲ့အပြုအမူကြောင့် ပွဲလာဧည့်သည်များကို ဆွံအသွားစေခဲ့ပါတယ်။

ထို့နောက် သူ့ရဲ့ရဲရင့်တဲ့လုပ်ရပ်ဟာ ပွဲလာသူများအား အကောင်းဆုံးအမျိုးသားက သတို့သမီးကိုအဆိုပြုလိုက်တာလို့တွေးထင်သွားစေခဲ့ပါတယ်။

ဤကဲ့သို့နားမလည်နိုင်တဲ့အခြေအနေနှင့်ရင်ဆိုင်လာရတဲ့အခါ သတို့သမီးဟာ ရှက်သွားခဲ့ပြီးရုတ်တရက် အော်ရယ်လိုက်သလို သူမဘေးမှသတို့သားကလည်း စက္ကန့်အနည်းငယ်မျှငြိမ်သွားပြီးနောက် ထူးဆန်းစွာနဲ့ရယ်မောနေခဲ့ပါတော့တယ်။

ဤကဲ့သို့ထူးဆန်းတဲ့အခြေအနေကြောင့် ပွဲကိုပြန်ကယ်ဆယ်ရန် မင်္ဂလာဆောင် MC နှင့်အခြားသတို့သမီးအရံတို့က မသိသလိုနဲ့ အစီအစဉ်ကိုဆက်လက်ပြီး လုပ်ဆောင်ခဲ့ကြရပါတယ်။

ဗီဒီယိုအွန်လိုင်းပေါ်တွင်ပြန့်နှံ့လာသည်နှင့်အမျှ လူများစွာဟာ ဤဖြေရှင်းချက်မထွက်သေးတဲ့အခြေအနေအား သတို့သားက သတို့သမီးအား အတင်းလက်ထပ်ခဲ့ခြင်း သို့မဟုတ် သတို့သမီးက ရုပ်ရှင်ဇာတ်ကားတွေထဲကလို သတို့သားအရံနှင့်တိတ်တခိုးချစ်နေခဲ့ခြင်းစတဲ့ဇာတ်လမ်းများဖြင့် အမျိုးမျိုးဖန်တီးပြောဆိုခဲ့ကြပါတယ်။

သို့ပေမဲ့ တကယ်တမ်းက ဒီမင်္ဂလာပွဲမှာဆန့်ကျင်ဘက်သဘောမျိုးလုံးဝမရှိနေခဲ့ပါဘူး။ နောက်ပိုင်းမှာ ၎င်းမင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့အပြင် သတို့သမီး၊ သတို့သား၊ သတို့သားအရံများနဲ့ရင်းနှီးသူဖြစ်တဲ့ အဆိုပါ Anh Dam အမည်ရှိသတို့သားအရံဟာ netizen များရဲ့ကောလာဟလများကိုချေမှုန်းဖို့ ပြန်လည်ဖြေရှင်းပေးခဲ့ပါတယ်။

အမှန်တော့ Dam ဟာ သူ့အနေနဲ့ သတို့သားအရံလုပ်တာက ပထမဆုံးအကြိမ်ဖြစ်နေခဲ့ပြီး သူ့အတွက် အနည်းငယ်ထူးဆန်းနေခဲ့သလို သတို့သားနှင့်သတို့သမီးတို့ရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူက သူ့အား ရှက်ကြောက်စေခဲ့တဲ့အပြင် ၎င်းတို့စုံတွဲအား လက်စွပ်ပေးတဲ့အခါ drama တွေထဲကလိုဒူးထောက်ရမယ်လို့ထင်နေခဲ့တာကြောင့် ဤကဲ့သို့သောအတွေးများဖွယ်အခြေအနေမျိုးဖြစ်ပေါ်လာခဲ့ရကြောင်း Dam က သူ့ရဲ့ရယ်စရာအလွှဲများကို ပြန်လည်ဖြေရှင်းပြောကြားပေးခဲ့ပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "မင်္ဂလာပွဲ၌ သတို့သမီးရှေ့မှာ ရုတ်တရက်ဒူးထောက်ကာ ချစ်ခွင့်ပန်ခဲ့တဲ့ သတို့သားအရံကြောင့် ဆွံအသွားခဲ့ရတဲ့ ပွဲလာဧည့်သည်များ"

Leave a comment

Your email address will not be published.


*