ေစ်းသုံးေနတဲ့အေမျဖစ္သူရဲ႕အက်င့္ကိုသိေနလို႔ စတိုးဆိုင္ရဲ႕အခင္းတစ္ခုေပၚမွာ စိတ္ေအးလက္ေအးနဲ႔အိပ္ေနခဲ့တဲ့ ေကာင္ေလး

အထူးသျဖင့္ လူထူထပ္ေသာေနရာမ်ား၌ ကေလးသူငယ္မ်ားေပ်ာက္ဆုံးတတ္ျခင္းဟာ အလြန္တရာစိုးရိမ္စရာတစ္ခုဘဲျဖစ္ပါတယ္။ Judah Abonitalla အမည္ရွိအမ်ိဳးသမီးတစ္ဦးဟာ သူမ၏ေဖ့စ္ဘြတ္ခ္ပို႔စ္တစ္ခုတြင္ ဖိလစ္ပိုင္ႏိုင္ငံ Cagayan de Oro ၿမိဳ႕ရွိအိမ္သုံးစတိုးဆိုင္တစ္ခု၌ႀကဳံေတြ႕ခဲ့ရတဲ့သူမႏွင့္သူမရဲ႕ကေလးမ်ားရဲ႕အေတြ႕အႀကဳံကို ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။ ဆိုင္သို႔ေရာက္သြားတဲ့အခါ သူမတို႔စုံတြဲဟာ စိတ္ေျပလက္ေပ်ာက္ေဈးသုံးေနရင္း သူမတို႔ရဲ႕ ၃ ႏွစ္အ႐ြယ္သားျဖစ္သူ Zacc က သူမတို႔အနားမွာရွိမေနဘဲ ေပ်ာက္ဆုံးေနတာကို ႐ုတ္တရက္သတိျပဳမိသြားခဲ့ပါတယ္။ ထို႔ေနာက္ သူမဟာ စိုးရိမ္ပူပန္သြားခဲ့ေသာ္လည္း အတတ္ႏိုင္ဆုံးစိတ္တည္ၿငိမ္စြာ ေနရာတိုင္းမွာရွာေဖြရင္း ကေလးရဲ႕နာမည္ကိုအႀကိမ္ႀကိမ္ေခၚေနခဲ့ပါတယ္။ သို႔ေသာ္ ကေလးရဲ႕ဖိနပ္တစ္ရံကိုသာေတြ႕လိုက္ရတဲ့အခါေၾကာက္႐ြံ႕ျခင္းက မိခင္ကိုဖုံးလႊမ္းသြားခဲ့ပါတယ္။

မိခင္ျဖစ္သူဟာ သားျဖစ္သူကိုရွာေဖြရန္ စတင္က်ယ္ေလာင္စြာ ေအာ္ဟစ္ေတာ့မည္ျဖစ္ေသာ္လည္း သူမဟာ အသံတစ္သံေၾကာင့္ရပ္တန႔္သြားခဲ့ၿပီး ၎စတိုးဆိုင္ရဲ႕စင္တစ္ခုေပၚ၌ စိတ္ေအးလက္ေအးအိပ္ေပ်ာ္ေနတဲ့ သားျဖစ္သူကို ႐ုတ္တရက္ေတြ႕လိုက္ရပါေတာ့တယ္။ ေကာင္ေလးဟာ အနားယူရန္ေနရာတစ္ခုကိုေတြ႕ၿပီး သူ႔အိပ္ခန္းလိုသေဘာထားၿပီး ဖိနပ္ခြၽတ္ကာ ဝင္အိပ္ခဲ့ပုံရၿပီး မိဘေတြနဲ႔ေစ်းဝယ္ထြက္ရတာပင္ပန္းလြန္းလို႔ ခဏအနားယူဖို႔ တိတ္ဆိတ္တဲ့ေနရာတစ္ခုကို ရွာေတြ႕ခဲ့ပုံရပါတယ္။

Zach ဟာ အျခားေသာကေလးမ်ားႏွင့္မတူဘဲ အေတာ္ေလးအေဆာ့မွတ္သလို လူလည္က်တတ္တဲ့ကေလးျဖစ္ၿပီး မိဘမ်ားႏွင့္တစ္ေနရာရာသြားတိုင္း မိဘေတြကို စိုးရိမ္ေစတတ္ပါတယ္။ အခုလည္း သူအတြက္ သက္ေထာင့္သက္သာရွိေစမည့္ေနရာတစ္ခုကိုရွာခဲ့ျပန္ပါတယ္။ ေမွ်ာ္လင့္ထားသည့္အတိုင္း အင္တာနက္သုံးစြဲသူမ်ားစြာတို႔ဟာ မိခင္ Judah ၏ေဖ့စ္ဘြတ္ခ္ပို႔စ္ႏွင့္ Zacc ရဲ႕ စိတ္ေအးလက္ေအးအိပ္ေပ်ာ္ေနခဲ့တဲ့ဓာတ္ပုံကိုၾကည့္ၿပီး ရယ္ေမာခဲ့ၾကၿပီး စေနာက္ကာ ရယ္စရာေကာင္းတဲ့မွတ္ခ်က္မ်ားျဖင့္လည္း တုံ႔ျပန္ေပးခဲ့ၾကပါတယ္။

Mia (Mckzone daily)

Reference : everytruenews24

Unicode

အထူးသဖြင့် လူထူထပ်သောနေရာများ၌ ကလေးသူငယ်များပျောက်ဆုံးတတ်ခြင်းဟာ အလွန်တရာစိုးရိမ်စရာတစ်ခုဘဲဖြစ်ပါတယ်။ Judah Abonitalla အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမ၏ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် ဖိလစ်ပိုင်နိုင်ငံ Cagayan de Oro မြို့ရှိအိမ်သုံးစတိုးဆိုင်တစ်ခု၌ကြုံတွေ့ခဲ့ရတဲ့သူမနှင့်သူမရဲ့ကလေးများရဲ့အတွေ့အကြုံကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ဆိုင်သို့ရောက်သွားတဲ့အခါ သူမတို့စုံတွဲဟာ စိတ်ပြေလက်ပျောက်ဈေးသုံးနေရင်း သူမတို့ရဲ့ ၃ နှစ်အရွယ်သားဖြစ်သူ Zacc က သူမတို့အနားမှာရှိမနေဘဲ ပျောက်ဆုံးနေတာကို ရုတ်တရက်သတိပြုမိသွားခဲ့ပါတယ်။ ထို့နောက် သူမဟာ စိုးရိမ်ပူပန်သွားခဲ့သော်လည်း အတတ်နိုင်ဆုံးစိတ်တည်ငြိမ်စွာ နေရာတိုင်းမှာရှာဖွေရင်း ကလေးရဲ့နာမည်ကိုအကြိမ်ကြိမ်ခေါ်နေခဲ့ပါတယ်။ သို့သော် ကလေးရဲ့ဖိနပ်တစ်ရံကိုသာတွေ့လိုက်ရတဲ့အခါကြောက်ရွံ့ခြင်းက မိခင်ကိုဖုံးလွှမ်းသွားခဲ့ပါတယ်။

မိခင်ဖြစ်သူဟာ သားဖြစ်သူကိုရှာဖွေရန် စတင်ကျယ်လောင်စွာ အော်ဟစ်တော့မည်ဖြစ်သော်လည်း သူမဟာ အသံတစ်သံကြောင့်ရပ်တန့်သွားခဲ့ပြီး ၎င်းစတိုးဆိုင်ရဲ့စင်တစ်ခုပေါ်၌ စိတ်အေးလက်အေးအိပ်ပျော်နေတဲ့ သားဖြစ်သူကို ရုတ်တရက်တွေ့လိုက်ရပါတော့တယ်။ ကောင်လေးဟာ အနားယူရန်နေရာတစ်ခုကိုတွေ့ပြီး သူ့အိပ်ခန်းလိုသဘောထားပြီး ဖိနပ်ချွတ်ကာ ဝင်အိပ်ခဲ့ပုံရပြီး မိဘတွေနဲ့စျေးဝယ်ထွက်ရတာပင်ပန်းလွန်းလို့ ခဏအနားယူဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာတွေ့ခဲ့ပုံရပါတယ်။

Zach ဟာ အခြားသောကလေးများနှင့်မတူဘဲ အတော်လေးအဆော့မှတ်သလို လူလည်ကျတတ်တဲ့ကလေးဖြစ်ပြီး မိဘများနှင့်တစ်နေရာရာသွားတိုင်း မိဘတွေကို စိုးရိမ်စေတတ်ပါတယ်။ အခုလည်း သူအတွက် သက်ထောင့်သက်သာရှိစေမည့်နေရာတစ်ခုကိုရှာခဲ့ပြန်ပါတယ်။ မျှော်လင့်ထားသည့်အတိုင်း အင်တာနက်သုံးစွဲသူများစွာတို့ဟာ မိခင် Judah ၏ဖေ့စ်ဘွတ်ခ်ပို့စ်နှင့် Zacc ရဲ့ စိတ်အေးလက်အေးအိပ်ပျော်နေခဲ့တဲ့ဓာတ်ပုံကိုကြည့်ပြီး ရယ်မောခဲ့ကြပြီး စနောက်ကာ ရယ်စရာကောင်းတဲ့မှတ်ချက်များဖြင့်လည်း တုံ့ပြန်ပေးခဲ့ကြပါတယ်။

Mia (Mckzone daily)

Be the first to comment on "ေစ်းသုံးေနတဲ့အေမျဖစ္သူရဲ႕အက်င့္ကိုသိေနလို႔ စတိုးဆိုင္ရဲ႕အခင္းတစ္ခုေပၚမွာ စိတ္ေအးလက္ေအးနဲ႔အိပ္ေနခဲ့တဲ့ ေကာင္ေလး"

Leave a comment

Your email address will not be published.


*