တပတ်ရစ်အထည်ဆိုင်ကိုသာစတင်ဖွင့်လှစ်ခဲ့ပေမဲ့ ယခုအခါ အိမ်သစ်တစ်လုံးနှင့်အတူ အောင်မြင်သူတစ်ဦးဖြစ်နေပြီဖြစ်တဲ့ မိန်းကလေး

အောင်မြင်မှုအတွက် ပုံသေနည်းမရှိဘူးလို့ပြောကြပါတယ်၊ ဒါပေမယ့် အကောင်းဆုံးကြိုးစားတဲ့သူတွေကတော့ သူတို့ရဲ့အိမ်မက်တွေကိုအောင်မြင်အောင် အကောင်အထည်ဖော်နိုင်ကြပါတယ်။ အရာအားလုံးကမမှန်နိုင်ပေမဲ့လည်း၊ ဖိလစ်ပိုင်နိုင်ငံရှိ ukay-ukay (တပတ်ရစ်အထည်ဆိုင်) လုပ်ငန်းကိုသာစတင်ဖွင့်လှစ်ခဲ့တဲ့ Rachel Lucanas အမည်ရှိအမျိုးသမီးတစ်ဦးဟာ ယခုအခါ သူမရဲ့ကိုယ်ပိုင်ပို့ဆောင်ရေး Van ကားတစ်စီး ၊ အိမ်အသစ်တစ်လုံးနှင့်အတူ သူမလုပ်အားရဲ့အသီးအပွင့်များကိုခံစားနေရပြီဖြစ်ပါတယ်။ Lucanas ဟာ Bulacan Agricultural State College မှာ မူလတန်းပညာရေးဘွဲ့မှဘွဲ့ရခဲ့ပါတယ်။ ဒါ့ကြောင့် လူတိုင်းက သူမရဲ့ထိုပညာရေးဘွဲ့တစ်ခုကြောင့် သူမကိုဆရာမတစ်ဦးဖြစ်ရန် အတိအကျမျှော်လင့်ခဲ့ပေမဲ့လည်း သူမက စိတ်ဝင်မစားခဲ့ပါဘူး ။ နောက်ပိုင်းမှ Lucanas ဟာ ukay-ukay စီးပွါးရေးမှ သူမ စိတ်ဝင်စားမှုနှင့်အောင်မြင်မှုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

Lucanas ဟာ သူမရဲ့လက်ရှိစီးပွါးရေးအတွက်ပညာကို ဒီထက်ပိုကျယ်ပြန့်အောင်ကြိုးစားဖို့အတွက် သူမဟာ လက်ရှိမှာ Batangas တက္ကသိုလ်ရှိ စီးပွါးရေးစီမံခန့်ခွဲမှုကျောင်းကိုတက်ရောက်နေလျက်ရှိပါတယ်။

Lucanas ဟာ သူမ ဆရာမတစ်ဦးအဖြစ်မှ စီးပွါးရေးဘက်သို့ပြောင်းရွေ့တာနဲ့ပတ်သက်ပြီး သူမအား “ကောလိပ်က ဘွဲ့ရပြီးသားလား “ လို့ မကြာခဏမေးခွန်းထုတ်တဲ့သူများစွာရှိကြောင်းကိုလည်းဝန်ခံခဲ့ပါတယ်။

သို့ပေမဲ့ Lucanas ဟာ သူမရဲ့အဆိုးမြင်စိတ်ကိုအလျှော့မပေးခဲ့ပါဘူး။ အဲဒီအစား သူမပိုကြိုးစားဖို့လှုံ့ဆော်မှုအဖြစ်အသုံးပြုခဲ့ပါတယ်။ သူမဟာ ukay-ukay ရဲ့ အ၀တ်အထည်အစည်းထုပ်ရှိ အဝတ်တစ်ထည်ကို သူမကိုယ်တိုင်မော်ဒယ်လုပ်ပြီး စတင်ရောင်းချခဲ့တာဖြစ်ပြီး အစပိုင်းမှာ အထူးသဖြင့် သူမမှာစီးပွါးရေးအတွေ့အကြုံမရှိသလို သူမဘွဲ့ရထားတဲ့နယ်ပယ်မဟုတ်တာကြောင့် Lucanas အတွက် အတော်လေးခက်ခဲခဲ့ရပါတယ်။

နောက်ပိုင်း Lucanas ဟာ သူမရဲ့အရင်းအနှီးငွေကိုလှည့်နိုင်ခဲ့ပြီး ukay-ukay အ၀တ်အထည်အစည်းထုပ်များစွာကိုဝယ်ယူနိုင်ခဲ့ပါတယ်။ သူမရဲ့ပုံမှန်ဖောက်သည်များတိုးလာပြီးနောက်ပိုင်း သူမဟာ ukay-ukay ကိုတစ်ထည်ချင်းမဟုတ်ဘဲ အတွဲလိုက်ရောင်းချလာနိုင်ခဲ့ပါတယ်။

သူမဟာ ဒီလုပ်ငန်းမှာယှဉ်ပြိုင်မှုတွေအများကြီးရှိပေမဲ့ လက်ရှိ သူမဟာ ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းက ukay-ukay ဖြန့်ဖြူးသူတစ်ဦးဖြစ်နေပါပြီ။ သူမရဲ့လုပ်ငန်းအောင်မြင်မှုကြောင့် သူမဟာ ယခု delivery van ကားအသစ်တစ်စီး၊ အိမ်အသစ်တစ်လုံးနှင့် သူမရဲ့ ukay-ukay စတော့များအတွက်ဂိုဒေါင်ကြီးတစ်ခုတောင်ရှိနေပါပြီ။

သူမအား စီးပွားရေးအတွက်ကူညီပေးနေသူအချို့ကိုလည်း သူမအား ယခုအချိန်ထိ အလုပ်လုပ်ပေးနေခဲ့ကြတဲ့အတွက်ဂုဏ်ယူကြောင်းလည်း Lucanas က ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : businessnews

Be the first to comment on "တပတ်ရစ်အထည်ဆိုင်ကိုသာစတင်ဖွင့်လှစ်ခဲ့ပေမဲ့ ယခုအခါ အိမ်သစ်တစ်လုံးနှင့်အတူ အောင်မြင်သူတစ်ဦးဖြစ်နေပြီဖြစ်တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*