လက္မသန္စြမ္းေပမဲ့ ေျခနဲ႔ ထမင္းကိုစားသုံးႏိုင္႐ုံသာမက အရာအားလုံးကို မည္သူ႔အကူအညီမွမလိုဘဲ ကိုယ္တိုင္လုပ္ႏိုင္တဲ့ ၃ႏွစ္အ႐ြယ္ကေလး

လူတိုင္းက က်န္းမာသန္စြမ္းတဲ့ ကိုယ္ခႏၶာပိုင္ဆိုင္ရန္ ေမြးဖြားလာသူမ်ား မဟုတ္ပါ ။ ေမြးစက ငိုၿပီး ခႏၶာကိုယ္ အစိတ္အပိုင္း တစ္ခု သို႔မဟုတ္ အနည္းငယ္ ေပ်ာက္ဆုံးေနေၾကာင္း ႀကဳံခဲ့ရတဲ့ သူေတြ ရွိပါတယ္ ။ ဒါေပမယ့္ကံၾကမၼာကို လက္ေျမႇာက္အရႈံးခံမယ့္အစား သူတို႔က အျခားသာမန္လူေတြလိုပဲ ဘဝတစ္ခုကို ပိုင္ဆိုင္လိုတဲ့ဆႏၵနဲ႔ အဆက္မျပတ္ႀကိဳးစားၿပီးအေကာင္းဆုံးလုပ္ခဲ့ၾကပါတယ္ ။ မၾကာေသးမီက ထိုင္းႏိုင္ငံက ေမြးရာပါခ်ိဳ႕ယြင္းခ်က္ရွိတဲ့ ၃ႏွစ္အ႐ြယ္ ကေလးေလးတစ္ဦးရဲ႕ နံနက္စာျမင္ကြင္းကို ေဝမွ်တဲ့အခါမွာ လူေတြကို မ်က္ရည္ယိုေစခဲ့ပါတယ္ ။ ကေလးေလးမွာလက္မရွိေပမယ့္ သူ႔မွာေျခေထာက္ေတြရွိေနတာေၾကာင့္ စားေသာက္ျခင္းက ျပႆနာမဟုတ္ပါဘူး ။

ကေလးေလးက ထမင္းစားရန္ ဟင္းစားဇြန္းနဲ႔ ကိရိယာမ်ားကို ဆုပ္ကိုင္ရန္ ေျခႏွစ္ေခ်ာင္းကို အသုံးျပဳရပါတယ္ ။ ေနာက္ၿပီး ကေလးက လႈပ္ရွားမႈအားလုံးကို ရွက္႐ြံ႕မႈမရွိဘဲ မည္သူတစ္ဦးတစ္ေယာက္ရဲ႕ အကူအညီမွမပါဘဲ ကြၽမ္းက်င္စြာလုပ္ေဆာင္ႏိုင္ခဲ့တာကို ေတြ႕ရပါတယ္ ။ လုပ္ငန္းစဥ္တစ္ခုလုံးက အခ်ိန္ေတာ္ေတာ္ယူခဲ့ရေပမဲ့ ဖိတ္စင္မႈက ေရွာင္လႊဲလို႔ မရေသာ္လည္း ေနာက္ဆုံးမွာ ေကာင္ေလးက သူ႔ရဲ႕ နံနက္စာကို အရသာရွိစြာစားႏိုင္ခဲ့ေသးပါတယ္ ။ ထိုကေလးရဲ႕အျဖစ္ကို ၾကည့္ၿပီးတဲ့သူတိုင္းက စာနာသနားၾကၿပီး စိတ္ပိုင္းဆိုင္ရာအားေပးမႈကိုလည္း ေျပာဆိုလာၾကပါတယ္ ။ “မင္းအၿမဲက်န္းမာၿပီး အခက္အခဲအားလုံးကိုေက်ာ္ျဖတ္ႏိုင္ပါေစ”။ “ဒီအသက္အ႐ြယ္နဲ႔ ဒါေတြလုပ္ႏိုင္တာ ဘယ္ေလာက္အံ့ၾသစရာေကာင္းတဲ့စြမ္းအားလဲ” ။ “မင္းကို ၾကည့္တဲ့အခါ ငါမ်က္ရည္ေတြကို ထိန္းမထားႏိုင္ပါဘူး၊ ” ဆိုၿပီး မွတ္ခ်က္ေပးၾကပါတယ္ ။

.

.

.

.

.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

လူတိုင်းက ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာပိုင်ဆိုင်ရန် မွေးဖွားလာသူများ မဟုတ်ပါ ။ မွေးစက ငိုပြီး ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခု သို့မဟုတ် အနည်းငယ် ပျောက်ဆုံးနေကြောင်း ကြုံခဲ့ရတဲ့ သူတွေ ရှိပါတယ် ။ ဒါပေမယ့်ကံကြမ္မာကို လက်မြှောက်အရှုံးခံမယ့်အစား သူတို့က အခြားသာမန်လူတွေလိုပဲ ဘဝတစ်ခုကို ပိုင်ဆိုင်လိုတဲ့ဆန္ဒနဲ့ အဆက်မပြတ်ကြိုးစားပြီးအကောင်းဆုံးလုပ်ခဲ့ကြပါတယ် ။ မကြာသေးမီက ထိုင်းနိုင်ငံက မွေးရာပါချို့ယွင်းချက်ရှိတဲ့ ၃နှစ်အရွယ် ကလေးလေးတစ်ဦးရဲ့ နံနက်စာမြင်ကွင်းကို ဝေမျှတဲ့အခါမှာ လူတွေကို မျက်ရည်ယိုစေခဲ့ပါတယ် ။ ကလေးလေးမှာလက်မရှိပေမယ့် သူ့မှာခြေထောက်တွေရှိနေတာကြောင့် စားသောက်ခြင်းက ပြဿနာမဟုတ်ပါဘူး ။

ကလေးလေးက ထမင်းစားရန် ဟင်းစားဇွန်းနဲ့ ကိရိယာများကို ဆုပ်ကိုင်ရန် ခြေနှစ်ချောင်းကို အသုံးပြုရပါတယ် ။ နောက်ပြီး ကလေးက လှုပ်ရှားမှုအားလုံးကို ရှက်ရွံ့မှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ရဲ့ အကူအညီမှမပါဘဲ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ် ။ လုပ်ငန်းစဉ်တစ်ခုလုံးက အချိန်တော်တော်ယူခဲ့ရပေမဲ့ ဖိတ်စင်မှုက ရှောင်လွှဲလို့ မရသော်လည်း နောက်ဆုံးမှာ ကောင်လေးက သူ့ရဲ့ နံနက်စာကို အရသာရှိစွာစားနိုင်ခဲ့သေးပါတယ် ။ ထိုကလေးရဲ့အဖြစ်ကို ကြည့်ပြီးတဲ့သူတိုင်းက စာနာသနားကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးမှုကိုလည်း ပြောဆိုလာကြပါတယ် ။ “မင်းအမြဲကျန်းမာပြီး အခက်အခဲအားလုံးကိုကျော်ဖြတ်နိုင်ပါစေ”။ “ဒီအသက်အရွယ်နဲ့ ဒါတွေလုပ်နိုင်တာ ဘယ်လောက်အံ့သြစရာကောင်းတဲ့စွမ်းအားလဲ” ။ “မင်းကို ကြည့်တဲ့အခါ ငါမျက်ရည်တွေကို ထိန်းမထားနိုင်ပါဘူး၊ ” ဆိုပြီး မှတ်ချက်ပေးကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လက္မသန္စြမ္းေပမဲ့ ေျခနဲ႔ ထမင္းကိုစားသုံးႏိုင္႐ုံသာမက အရာအားလုံးကို မည္သူ႔အကူအညီမွမလိုဘဲ ကိုယ္တိုင္လုပ္ႏိုင္တဲ့ ၃ႏွစ္အ႐ြယ္ကေလး"

Leave a comment

Your email address will not be published.


*