ငရုတ်သီးတွေကို ကြိတ်စက်နဲ့မကြိတ်ဘဲ ခြေဖြင့်နင်းပြီး ချက်လုပ်တဲ့နည်းလမ်းကြောင့် လူအများစွာကို စားချင်စိတ်ပျောက်အောင်ဖြစ်စေခဲ့


.

.

.

JRose (Mckzone daily)

Reference : yan

.

Unicode

မကြာသေးမီက ငရုတ်သီးတောင့်ကို ခြေဗလာနဲ့ နင်းပြီး ပြုလုပ်ထားတာကို မြင်ပြီး လူတွေကို စားချင်စိတ်ပျောက်အောင် ဖြစ်စေခဲ့ပါတယ် ။ ဗီဒီယိုထဲမှာ အမျိုးသမီးတစ်ဦးက ခြေထောက်များနဲ့ ငရုတ်သီး နင်းနေတာကို တွေ့မြင်နိုင်ပါတယ် ။ ငရုတ်သီးကို အခြားနည်းနဲ့ ကြိတ်ခြင်းတို့ စတဲ့ နည်းလမ်းတွေ အများကြီးရှိနေပေမဲ့ သူတို့ဘာကြောင့် ခြေထောက်နဲ့ နင်းရတာကို နားမလည်နိုင်ပါဘူး ။ ၎င်းဟာ Netizen များစွာကို သံသယများစေခဲ့ပါတယ် ။ အချို့က ၎င်းအရာဟာ ငရုတ်သီးမဟုတ်ကြောင်း သံသယဖြစ်စရာထင်မြင်ချက်များရှိပြီး အကြောင်းမှာ သင်ရဲ့ခြေကို ငရုတ်သီးကို အချိန်ကြာကြာနင်းထားရင် ၎င်းက ခြေကို အတော်လေးပူစေပြီး မသက်မသာဖြစ်စေပါတယ် ။ ဗီဒီယိုရဲ့ အကြောင်းအရာကို အတည်မပြုရသေးပါ ။ ငရုတ်သီးတောင့်ကို ထိုကဲ့သို့သော ခြေဗလာဖြင့် တကယ်ပြုလုပ်လျှင် ကျေးဇူးပြုပြီး မလုပ်ပါနဲ့လို့ အကြံပေးချင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ငရုတ်သီးတွေကို ကြိတ်စက်နဲ့မကြိတ်ဘဲ ခြေဖြင့်နင်းပြီး ချက်လုပ်တဲ့နည်းလမ်းကြောင့် လူအများစွာကို စားချင်စိတ်ပျောက်အောင်ဖြစ်စေခဲ့"

Leave a comment

Your email address will not be published.


*