တွယ်တာမှုကနေ သူငယ်ချင်းလို ချစ်ခင်မိတဲ့ အိမ်မွေးကြက်အတွက် သန်းရာနဲ့ချီကုန်ကျတဲ့ အသုဘပွဲကို ကျင်းပပေးခဲ့တဲ့ အမျိုးသား



JRose (Mckzone daily)

Reference : bestie

Unicode

ယနေ့ခေတ်တွင် အိမ်မွေးတိရစ္ဆာန်ရှိခြင်းဟာ လူများစွာအတွက် အံဝင်ခွင်ကျ ဝါသနာတစ်ခု ဖြစ်လာခဲ့ပါတယ် ။ ခွေးများ သို့မဟုတ် ကြောင်ကဲ့သို့ သာမန်မျိုးစိတ်များသာမက မည်သည့်တိရစ္ဆာန်ကိုမဆို မွေးမြူနိုင်ပါတယ် ။ အိမ်မွေးတိရိစ္ဆာန်များကို မွေးမြူရင် တွယ်တာမှုဖြစ်လာပြီး သခင်နဲ့ တိရိစ္ဆာန်တို့ကြားက ဆက်ဆံရေးဟာ ကျွန်တစ်ယောက် မဟုတ်တော့ဘဲ သူငယ်ချင်းနှစ်ဦး ဖြစ်လာခဲ့ပါတယ် ။ ထို့ကြောင့် အခုဖော်ပြမယ့် မိတ်ဆွေဟာလည်း လောကမှာ မရှိတော့ဘဲ ထွက်သွားလိုတဲ့ သူငယ်ချင်းကြက်တစ်ကောင်အတွက် မကူညီနိုင်ဘဲ ဝမ်းနည်းသလိုခံစားရပြီး ကြက်အတွက် ဈာပနကျင်းပရန် ဆုံးဖြတ်ခဲ့လိုက်ပါတယ် ။

တကယ်တော့ ဒီကြက်မဟာ သူ့ရဲ့ သခင်ကို မြင့်မြတ်တဲ့ ဆုတံဆိပ်များစွာကို ရရှိအောင် ကူညီပေးခဲ့ပြီး အချိန်ကြာလာတာနဲ့အမျှ အိမ်မွေးတိရိစ္ဆာန်မှ သခင်ရဲ့ပခုံးကို ကပ်တွယ်ပြီး အဖော်ကောင်းတစ်ယောက်အဖြစ်ပြောင်းလဲသွားပါတယ် ။ နောက်ပြီး အဆိုပါကြက်ဟာ ထိုင်းဘတ်ငွေ 22 သန်းခန့် (VND 16 ဘီလီယံနဲ့ ညီမျှတဲ့) တန်ဖို့ရှိသော “စစ်ပွဲကြက်” လို့ပင်သတ်မှတ်ခံရပါတယ် ။ ထိုထူးဆန်းတဲ့ ဈာပနနဲ့ပတ်သက်တဲ့ အချက်အလက်များက ချက်ချင်းဆိုသလိုပင် အင်တာနက်အသုံးပြုသူများရဲ့ အာရုံစိုက်မှုကို ခံရတဲ့ အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ် ။ ထိုအတောအတွင်း အခြား netizen များက ကွဲလွဲတဲ့ ထင်မြင်ချက်များစွာပေးခဲ့ပြီး လူတိုင်းက ကြက်ရဲ့အသုဘအတွက် အများကြီးသုံးဖို့ မလိုအပ်ဘူးလို့ ထင်ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "တွယ်တာမှုကနေ သူငယ်ချင်းလို ချစ်ခင်မိတဲ့ အိမ်မွေးကြက်အတွက် သန်းရာနဲ့ချီကုန်ကျတဲ့ အသုဘပွဲကို ကျင်းပပေးခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*