ဆံပင်ညှပ်နေစဉ် ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် ဝေမျှခဲ့ရာ ချောမောတဲ့ မျက်နှာကြောင့် ကမ္ဘာတစ်ဝှမ်း နာမည်ကြီးသွားတဲ့ ကျောင်းသား

ထိုင်ပြီး ဆံပင်ညှပ်လိုက်ရုံနဲ့ လူတွေအားလုံး ကြွေသွားပြီး ပျံ့နှံ့သွားနိုင်တယ်ဆိုတာ ဘယ်သူက ခန့်မှန်းနိုင်မလဲ ။ ဂျပန်နိုင်ငံရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှ ဂျပန်အထက်တန်းကျောင်းသားလေးက ဆံပင်ညှပ်နေစဉ် ဆံပင်ညှပ်နေတဲ့ဗီဒီယိုရိုက်ပြီး Instagram မှာ တင်လိုက်တဲ့အခါ ဆိုင်ရှင်တွေက ဆိုင်ကိုပုံမှန်အတိုင်းကြော်ငြာရန် ရည်ရွယ်ခဲ့သော်လည်း ၎င်းဗီဒီယိုဟာ ကိုရီးယား အင်တာနက်အသုံးပြုသူများအထိ သဘောကျနဲ့ အပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ် ။ ၎င်းက ချောမောနဲ့ လူငယ်ဖောက်သည်တစ်ဦးရဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ် ။ အဆိုပါလူငယ်က Mask တပ်ထားသော်လည်း သူ့ရဲ့ အလှတရားကို ဖုံးကွယ်လို့ မရပါ။ အဆိုပါ clip က Like အရေအတွက် တစ်သောင်းကျော်အထိ ရှိလာခဲ့ပါတယ် ။

နောက်ပိုင်းတွင်၊ “Chusuke” လို့ အမည်ရှိတဲ့ အဆိုပါရုပ်ချောတဲ့ လူငယ်လေးက လက်ရှိမှာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေကြောင်း အင်တာနက်သုံးစွဲသူများ သိရှိလာကြပါတယ် ။ သူ့ကို Korea ရဲ့ ပရိတ်သက်တွေကြားမှာ ရေပန်းစားလာခဲ့ပါတယ် ။

ထိုင်ပြီး ဆံပင်ညှပ်တဲ့ ကလစ်က ပျံ့နှံ့သွားပြီးနောက်မှာ မျက်နှာဖုံးမပါဘဲ Shusuke ရဲ့ ပုံတစ်ပုံ ထွက်ရှိလာခဲ့ပါတယ် ။ ဟုတ်ပါတယ် သူ့မျက်နှာက ချောမောနေခဲ့တာကြောင့် အင်တာနက်သုံးစွဲသူတွေက အံ့အားသင့်ခဲ့ကြပါတယ် ။

နာမည်ကြီး Idol နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ “Cha Eun Woo” နဲ့တောင် နှိုင်းယှဉ်ခဲ့ကြပါတယ်။

Shusuke ရဲ့ကျော်ကြားမှုက ဆက်လက်ကြီးထွားလာတာနဲ့အမျှ အင်တာနက်အသုံးပြုသူအများအပြားက ၎င်းရဲ့ Instagram acc ကို ဆံပင်ညှပ်ဆိုင်များမှ တောင်းဆိုခဲ့ကြပါတယ် ။ ဒါပေမယ့် စတိုးဆိုင်က နောက်ထပ် အချက်အလက်တွေကို မဖော်ပြခဲ့ပါဘူး ။

ဖောက်သည်ဒေတာကို ချိုးဖောက်မှုလို့ ရှုမြင်သောကြောင့် ၎င်းအပြင် Shusuke က အထက်တန်းကျောင်းသားတစ်ဦးသာဖြစ်သေးတာကြောင့် မသင့်လျော်ပါ ။ ဒါပေမဲ့ ဆံပင်ညှပ်ဆိုင်ရဲ့ ပို့စ်များက ကိုရီးယားမီဒီယာတွေအထိ ကျော်ကြားနေပါသေးတယ် ။

Shusuke ရဲ့ ရုပ်ရည်ချောမောတဲ့ မျက်နှာကို သဘောကျတဲ့အပြင် မော်ဒယ်လ်ကုမ္ပဏီများကလည်း သူ့ကို idol အဖြစ်ချဉ်းကပ်ရန် တောင်းဆိုလာခဲ့ကြပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "ဆံပင်ညှပ်နေစဉ် ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ် ဝေမျှခဲ့ရာ ချောမောတဲ့ မျက်နှာကြောင့် ကမ္ဘာတစ်ဝှမ်း နာမည်ကြီးသွားတဲ့ ကျောင်းသား"

Leave a comment

Your email address will not be published.


*