က်ဴရွင္ခအတြက္ ေမာ္ေတာ္ဆိုင္ကယ္အေဟာင္းကို ေရာင္းခ်ၿပီးေနာက္ ဖခင္ကို ဆိုင္ကယ္အသစ္နဲ႔ ေက်းဇူးျပန္ဆပ္ခဲ့တဲ့ သမီးလိမၼာေလး (႐ုပ္သံ)

မေလးရွားႏိုင္ငံ Wan Razali Wan Mohd အမည္ရွိ ဖခင္တစ္ဦးက သူရဲ႕ အႀကီးဆုံးသမီး Wan Nuraisyah ရဲ႕ က်ဴရွင္ခကို ေပးရန္အတြက္ သူ႔ရဲ႕ဇနီးျဖစ္သူက သူ႔ကို ေပးခဲ့တဲ့ ခ်စ္လွစြာေသာဆိုင္ကယ္ကို စြန႔္လႊတ္ခဲ့ရပါတယ္ ။ ဖခင္ျဖစ္သူ Wan Razali က “အရင္တုန္းက ကြယ္လြန္သူဇနီးသည္ဆီကေန ဆိုင္ကယ္တစ္စီး လက္ေဆာင္ရခဲ့တယ္။ အခုေတာ့ ကေလးအလွည့္ေရာက္လို႔ စိတ္မေကာင္းျဖစ္မိပါတယ္။ သူ႔ဆီက ဘာကိုမွ ျပန္မေမွ်ာ္လင့္ဖူးဘူး။ တကယ္ေတာ့ ဒီအခ်ိန္တိုင္း ကြၽန္ေတာ္လုပ္ေနတာက ဖခင္တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ့္ရဲ႕ တာဝန္ေတြကို ေက်ပြန္ေအာင္ ထမ္းေဆာင္ေနတာပါ” လို႔ ဆိုပါတယ္ ။

တစ္ခ်ိန္တည္းမွာပင္ Wan Nuraisyah က သူမဖခင္ရဲ႕ ႀကိဳးစားအားထုတ္မႈကို မည္မွ်တန္ဖိုးထားေၾကာင္း မွ်ေဝခဲ့ပါတယ္ ။ “ကြၽန္မ ပထမဆုံး ေက်ာင္းစတက္တုန္းက အေမက ေပးခဲ့တဲ့ ဆိုင္ကယ္ကို မေတြ႕မခ်င္း အေဖက အမ်ားႀကီး စေတးခဲ့ရတယ္။ အခု ကြၽန္မ အလုပ္လုပ္ၿပီး ဝင္ေငြအရင္းအျမစ္တစ္ခုရေနၿပီဆိုေတာ့ ကြၽန္မရဲ႕ အသက္ေမြးဝမ္းေၾကာင္းကို အေဖနဲ႔ ေဝမွ်ဖို႔ အခ်ိန္ေရာက္ပါၿပီ” လို႔ Wan Nuraisyah က ဆိုပါတယ္ ။ ထို႔ေၾကာင့္ Wan Nuraisyah က အေဖ့ေမြးေန႔ကို တကယ္အမွတ္ရစရာအျဖစ္ ဖန္တီးေပးျခင္းျဖင့္ သူ႔အေဖကို ဆိုင္ကယ္အသစ္ကို ေပးခဲ့ၿပီး သူ႔ကို ေက်းဇူးတင္ေၾကာင္း တင္ျပလိုက္တဲ့အတြက္ မ်က္ရည္မထိန္းႏိုင္ျဖစ္ၿပီး ၾကည္ႏူးမိပါတယ္ ။

JRose (Mckzone daily)

Reference : worldofbuzz

Unicode

မလေးရှားနိုင်ငံ Wan Razali Wan Mohd အမည်ရှိ ဖခင်တစ်ဦးက သူရဲ့ အကြီးဆုံးသမီး Wan Nuraisyah ရဲ့ ကျူရှင်ခကို ပေးရန်အတွက် သူ့ရဲ့ဇနီးဖြစ်သူက သူ့ကို ပေးခဲ့တဲ့ ချစ်လှစွာသောဆိုင်ကယ်ကို စွန့်လွှတ်ခဲ့ရပါတယ် ။ ဖခင်ဖြစ်သူ Wan Razali က “အရင်တုန်းက ကွယ်လွန်သူဇနီးသည်ဆီကနေ ဆိုင်ကယ်တစ်စီး လက်ဆောင်ရခဲ့တယ်။ အခုတော့ ကလေးအလှည့်ရောက်လို့ စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ဆီက ဘာကိုမှ ပြန်မမျှော်လင့်ဖူးဘူး။ တကယ်တော့ ဒီအချိန်တိုင်း ကျွန်တော်လုပ်နေတာက ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေတာပါ” လို့ ဆိုပါတယ် ။

တစ်ချိန်တည်းမှာပင် Wan Nuraisyah က သူမဖခင်ရဲ့ ကြိုးစားအားထုတ်မှုကို မည်မျှတန်ဖိုးထားကြောင်း မျှဝေခဲ့ပါတယ် ။ “ကျွန်မ ပထမဆုံး ကျောင်းစတက်တုန်းက အမေက ပေးခဲ့တဲ့ ဆိုင်ကယ်ကို မတွေ့မချင်း အဖေက အများကြီး စတေးခဲ့ရတယ်။ အခု ကျွန်မ အလုပ်လုပ်ပြီး ဝင်ငွေအရင်းအမြစ်တစ်ခုရနေပြီဆိုတော့ ကျွန်မရဲ့ အသက်မွေးဝမ်းကြောင်းကို အဖေနဲ့ ဝေမျှဖို့ အချိန်ရောက်ပါပြီ” လို့ Wan Nuraisyah က ဆိုပါတယ် ။ ထို့ကြောင့် Wan Nuraisyah က အဖေ့မွေးနေ့ကို တကယ်အမှတ်ရစရာအဖြစ် ဖန်တီးပေးခြင်းဖြင့် သူ့အဖေကို ဆိုင်ကယ်အသစ်ကို ပေးခဲ့ပြီး သူ့ကို ကျေးဇူးတင်ကြောင်း တင်ပြလိုက်တဲ့အတွက် မျက်ရည်မထိန်းနိုင်ဖြစ်ပြီး ကြည်နူးမိပါတယ် ။

JRose (Mckzone daily)

Be the first to comment on "က်ဴရွင္ခအတြက္ ေမာ္ေတာ္ဆိုင္ကယ္အေဟာင္းကို ေရာင္းခ်ၿပီးေနာက္ ဖခင္ကို ဆိုင္ကယ္အသစ္နဲ႔ ေက်းဇူးျပန္ဆပ္ခဲ့တဲ့ သမီးလိမၼာေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*