ခရီးဆက္ရန္ ျငင္းဆန္ၿပီး လမ္းလယ္မွာ ငုတ္တုတ္ထိုင္ေနခဲ့တဲ့ ဆင္ငယ္ေလးရဲ႕ အျပဳအမူေၾကာင့္ လူအမ်ားကိုရယ္ေမာခဲ့ရ

ဆင္ေတြဟာ ေမြးရာပါ ႏူးညံ့သိမ္ေမြ႕ၿပီး ဂ႐ုစိုက္တတ္တဲ့ တိရစာၦန္ေတြပါ ။ ဆင္ေတြဟာ လူနဲ႔တူတဲ့ ကိုယ္ရည္ကိုယ္ေသြး အနည္းငယ္ရွိပါတယ္ ။ မိသားစုဝင္မ်ားကို ခ်စ္ခင္ေၾကာင္းျပသရန္ သို႔မဟုတ္ အဖြဲ႕ဝင္တစ္ဦးေသဆုံးသြားတဲ့အခါ ဝမ္းနည္းေၾကာင္း ေဖာ္ျပႏိုင္ခဲ့ပါတယ္ ။ တခါတေလ ဆင္ေတြက မနာလိုမႈ၊ ေဒါသနဲ႔ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈဆိုတဲ့ ခံစားခ်က္ေတြေတာင္ ရွိေသးပါတယ္ ။ မၾကာေသးမီးက ဆင္ကေလးတစ္ေကာင္ဟာ တစ္စုံတစ္ရာကို မေက်နပ္သျဖင့္ လမ္းလယ္မွာ အိပ္ရန္ ဆုံးျဖတ္ခဲ့တဲ့ သူ႔ရဲ႕ခ်စ္စရာေကာင္းတဲ့ အခိုက္အတန႔္ေလးကေတာ့ လူအမ်ားကို ရယ္ေမာေစခဲ့ပါတယ္ ။

ဆင္အုပ္စုလိုက္က အာဖရိကရွိ ဆာဗားနားေတာကို ျဖတ္ကူးစဥ္မွာ အသက္ ၃ ႏွစ္ခန႔္ရွိ ဆင္ငယ္ေလးတစ္ေကာင္က ခရီးဆက္ရန္ ျငင္းဆန္ခဲ့ၿပီး လမ္းလယ္မွာ လွိမ့္ထြက္ခဲ့ပါတယ္ ။ ဆင္ကေလးက လဲေလ်ာင္းကာ ေျခေထာက္နဲ႔ အၿမီးကို ဆြဲတင္ၿပီး အျခားတိရစာၦန္မ်ားရဲ႕ အာ႐ုံစိုက္မႈကို ဆြဲေဆာင္ရန္ ေခါင္းကို အႀကိမ္ႀကိမ္ခါယမ္းခဲ့ပါတယ္ ။ စိတ္ဝင္စားစရာေကာင္းတာက ဒီလုပ္ရပ္ကို ဘယ္သူမွ ဂ႐ုမစိုက္ၾကဘဲ အျခားအ႐ြယ္ေရာက္တဲ့ ဆင္မ်ားက အမႈန္အမႊားမႊားျဖင့္ ခရီးဆက္ခဲ့ၾကပါတယ္ ။

မိခင္ဆင္က လုံးဝမစိုးရိမ္ဘဲ ေအးေအးေဆးေဆး ျပဳမူၿပီး ဆင္ငယ္ေလး ေဒါသေျပသြားမယ္လို႔ ထင္ပုံရပါတယ္ ။ အဆုံးမွာ ဆင္ငယ္ေလးက မိနစ္အနည္းငယ္မွ် လ်စ္လ်ဴရႈခံရၿပီးေနာက္ မတ္တပ္ရပ္ၿပီး မိခင္တို႔အုပ္စုနဲ႔ ေျပးလိုက္ခဲ့ပါတယ္ ။ ဒီအျဖစ္အပ်က္တစ္ခုလုံးကို မ်က္ျမင္ေတြ႕ရွိသူ အန္တိုနီယိုခ႐ုဇ္က ထိုအခ်ိန္က ျမင္ကြင္းကို ေဖာ္ျပခဲ့တာပါ ။ ဆင္ငယ္ေလးရဲ႕ အျပဳအမူမ်ားေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားက သေဘာက်စြာ ရယ္ေမာခဲ့ၾကပါတယ္ ။

JRose (Mckzone daily)

Reference : yan

Unicode

ဆင်တွေဟာ မွေးရာပါ နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်တဲ့ တိရစ္ဆာန်တွေပါ ။ ဆင်တွေဟာ လူနဲ့တူတဲ့ ကိုယ်ရည်ကိုယ်သွေး အနည်းငယ်ရှိပါတယ် ။ မိသားစုဝင်များကို ချစ်ခင်ကြောင်းပြသရန် သို့မဟုတ် အဖွဲ့ဝင်တစ်ဦးသေဆုံးသွားတဲ့အခါ ဝမ်းနည်းကြောင်း ဖော်ပြနိုင်ခဲ့ပါတယ် ။ တခါတလေ ဆင်တွေက မနာလိုမှု၊ ဒေါသနဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုဆိုတဲ့ ခံစားချက်တွေတောင် ရှိသေးပါတယ် ။ မကြာသေးမီးက ဆင်ကလေးတစ်ကောင်ဟာ တစ်စုံတစ်ရာကို မကျေနပ်သဖြင့် လမ်းလယ်မှာ အိပ်ရန် ဆုံးဖြတ်ခဲ့တဲ့ သူ့ရဲ့ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးကတော့ လူအများကို ရယ်မောစေခဲ့ပါတယ် ။

ဆင်အုပ်စုလိုက်က အာဖရိကရှိ ဆာဗားနားတောကို ဖြတ်ကူးစဉ်မှာ အသက် ၃ နှစ်ခန့်ရှိ ဆင်ငယ်လေးတစ်ကောင်က ခရီးဆက်ရန် ငြင်းဆန်ခဲ့ပြီး လမ်းလယ်မှာ လှိမ့်ထွက်ခဲ့ပါတယ် ။ ဆင်ကလေးက လဲလျောင်းကာ ခြေထောက်နဲ့ အမြီးကို ဆွဲတင်ပြီး အခြားတိရစ္ဆာန်များရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ခေါင်းကို အကြိမ်ကြိမ်ခါယမ်းခဲ့ပါတယ် ။ စိတ်ဝင်စားစရာကောင်းတာက ဒီလုပ်ရပ်ကို ဘယ်သူမှ ဂရုမစိုက်ကြဘဲ အခြားအရွယ်ရောက်တဲ့ ဆင်များက အမှုန်အမွှားမွှားဖြင့် ခရီးဆက်ခဲ့ကြပါတယ် ။

မိခင်ဆင်က လုံးဝမစိုးရိမ်ဘဲ အေးအေးဆေးဆေး ပြုမူပြီး ဆင်ငယ်လေး ဒေါသပြေသွားမယ်လို့ ထင်ပုံရပါတယ် ။ အဆုံးမှာ ဆင်ငယ်လေးက မိနစ်အနည်းငယ်မျှ လျစ်လျူရှုခံရပြီးနောက် မတ်တပ်ရပ်ပြီး မိခင်တို့အုပ်စုနဲ့ ပြေးလိုက်ခဲ့ပါတယ် ။ ဒီအဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်တွေ့ရှိသူ အန်တိုနီယိုခရုဇ်က ထိုအချိန်က မြင်ကွင်းကို ဖော်ပြခဲ့တာပါ ။ ဆင်ငယ်လေးရဲ့ အပြုအမူများကြောင့် အင်တာနက်သုံးစွဲသူများက သဘောကျစွာ ရယ်မောခဲ့ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ခရီးဆက္ရန္ ျငင္းဆန္ၿပီး လမ္းလယ္မွာ ငုတ္တုတ္ထိုင္ေနခဲ့တဲ့ ဆင္ငယ္ေလးရဲ႕ အျပဳအမူေၾကာင့္ လူအမ်ားကိုရယ္ေမာခဲ့ရ"

Leave a comment

Your email address will not be published.


*