သေဆုံးသွားပြီဖြစ်တဲ့ ခင်ပွန်းရဲ့အရိုးပြာကို နေရာတိုင်းသယ်ဆောင်သွားပြီး တခါတရံတွေ စားသုံးလေ့ရှိတဲ့ အမျိုးသမီး

အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်မှ အသက် ၂၆ နှစ်အရွယ်အမျိုးသမီး “Casey” ဟာ သူမရဲ့ ခင်ပွန်းက ပန်းနာရင်ကျပ်ရောဂါနဲ့ သေဆုံးသွားကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ် ။ သူမက ခင်ပွန်းရဲ့ အရိုးပြာတွေကို နေရာအနှံ့သယ်ဆောင်သွားပြီး ထို့အပြင် တစ်ခါတစ်ရံတွင်ပင် စားခဲ့ပါတယ် ။ အင်တာဗျူးတစ်ခုမှာ Casey က သူမဟာ သူမရဲ့ခင်ပွန်းသည်ကို ၂၀၁၉ မှာဆုံးရှုံးလိုက်ရပြီးနောက် သူမက သူ့ကိုအရမ်းချစ်ပြီးလွမ်းနေတုန်းပါပဲ ။ ဒါကြောင့် သူမဈေးဝယ်ထွက်တာ၊ ရုပ်ရှင်ကြည့်တာ၊ အပြင်သွားစားတာဖြစ်ဖြစ် သူမနေရာတိုင်းကို ခင်ပွန်းရဲ့ အရိုးပြာပါယူဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ် ။ Casey က အရိုးပြာအချို့ကိုစားခဲ့ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

အကြောင်းကတော့ သူမဟာရွေ့လျားနေစဉ် ပြာမှုန်တစ်ခုကို မတော်တဆဖိတ်စင်သွားခြင်းပါပဲ ။ ထိုအချိန်မှာ သူမက အလွန်နှမြောပြီး မြတ်နိုးမှုကိုခံစားခဲ့ရပါတယ် ။ အရိုးပြာက သူမခင်ပွန်းကို ကိုယ်စားပြုတယ်လို့ ယူဆသောကြောင့် ၎င်းကိုစားရန် ဆုံးဖြတ်ခဲ့ပါတယ် ။

“ ပြာတွေကို ရွှေ့နေရင်း ကတ်ထူပုံးနဲ့ ငါ့လက်ထဲမှာ အပိုင်းအစတွေတွေ့လိုက်ရတယ်။ ငါအဲဒါကိုမသုတ်ချင်ဘူး။ ဒါကြောင့် ခင်ပွန်းဖြစ်လို့ လက်ချောင်းပေါ် ဖိတ်ကျသွားတဲ့ ပြာကို စာစလိုက်တယ်။ အဲဒီနောက်ပိုင်း ငါစားတာကို မရပ်နိုင်ခဲ့ဘူး ” လို့ Casey က ဆိုပါတယ် ။

Casey က တစ်နေ့လျှင် ငါးကြိမ်မှ ခြောက်ကြိမ်ခန့်စားသည်းပါတယ် ။ သူမက ကြက်ဥပုပ်တွေကို စားရတာအရသာရှိတယ်လို့ သူမက ဖွင့်ဟခဲ့ပါသေးတယ် ။ သူမရဲ့ ခင်ပွန်းသေဆုံးချိန်မှစပြီး သူမအလေးချိန် ၁၉ ကီလိုဂရမ်သို့ ကျဆင်းသွားသောကြောင့် သူမက ပြာကိုစားရန် အာရုံစိုက်ခဲ့ပါတယ် ။

ဒါပေမဲ့ ပြာမှုန့်ကိုစားမိခြင်းကြောင့် သူမရှက်ရွံ့မိပြီး သူ့ကိုယ်သူရွံမုန်းသွားတယ်လို့ Casey ကဝန်ခံခဲ့ပါတယ် ။ ဒါ့အပြင် သင်ပြာကို ဆက်စားနေလျှင် တစ်နေ့တော့ ကုန်သွားလိမ့်မယ်ဆိုတာ သူမသဘောပေါက်လာခဲ့ဒါကြောင့် သူမကို သူမအာရုံစိုက်ပြီး အဲဒါကိုမစားဖို့ သူ့ကိုယ်သူသတိပေးလိုက်ပါတယ် ။

“ အိုးကိုဖွင့်လိုက်တာနဲ့ ဝမ်းမြောက်မှုကို ငါခံစားရတယ်။ ငါများများစားလေ ငါပိုစိတ်လှုပ်ရှားလာတယ် ။ ငါသိပ်မကျန်တော့ဘူးလို့ ထင်တဲ့အချိန်အထိ ငါရှက်လာတယ်၊ ငါ့ကိုယ်ငါရွံလာတယ်။

လူတွေရဲ့ပြာတွေကိုဘယ်သူကစားလို့လဲ လို့ တွေးပြီး ငါအဲဒါကို မစားဖို့ ငါသူ့ကို ဆုံးဖြတ်ခဲ့တယ် ” လို့ Casey က ဆိုပါတယ် ။

JRose (Mckzone daily)

Reference : khaosod

Be the first to comment on "သေဆုံးသွားပြီဖြစ်တဲ့ ခင်ပွန်းရဲ့အရိုးပြာကို နေရာတိုင်းသယ်ဆောင်သွားပြီး တခါတရံတွေ စားသုံးလေ့ရှိတဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*