အရက္နဲ႔ ဓာတ္မတည့္ေပမဲ့ ေယာကၡထီးကို အစြမ္းျပခ်င္လို႔ ၃ခြက္ေသာက္ၿပီးတဲ့ေနာက္ ေဆး႐ုံသြားခဲ့ရတဲ့ ေကာင္ေလး

တ႐ုတ္ႏိုင္ငံ၊ Linfen ၿမိဳ႕၊ Shanxi ျပည္နယ္မွာ ေနထိုင္တဲ့ လူငယ္တစ္ဦးက ခ်စ္သူအိမ္ကိုသြားၿပီး ေကာင္မေလးရဲ႕အေဖက “ေနာင္သားမက္” ကို အရက္ တေဆးေသာက္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္ ။ ေကာင္မေလးက သူ႔က်န္းမာေရးအေျခအေနအေၾကာင္း မိသားစုကို ေျပာျပခဲ့ေပမဲ့ ေကာင္ေလးက ျငင္းလိုက္ၿပီး “နည္းနည္းေသာက္ႏိုင္တယ္” လို႔ အခိုင္အမာေျပာေနတုန္းပါပဲ ။ အဲ့ဒီလိုေျပာဆိုၿပီး ေကာင္ေလးက ခဏေလးအတြင္းမွာ ခြက္ ၃ ခြက္ ဆက္တိုက္ေသာက္ၿပီး ေယာကၡထီးကို သူ႔ရဲ႕ အရည္အခ်င္းကို ျပလိုက္ပါတယ္ ။ ခြက္ကို ႐ုတ္သိမ္းၿပီး သိပ္မၾကာခင္မွာပဲ တစ္ကိုယ္လုံး ပုံမွန္မဟုတ္တဲ့ လကၡဏာေတြ ေပၚလာၿပီး မိန္းကေလးရဲ႕ မိသားစုကို ထိတ္လန႔္ေစကာ ေကာင္ေလးကို ေဆး႐ုံတင္ခဲ့ရပါတယ္ ။

ကံေကာင္းေထာက္မစြာ၊ အခ်ိန္မီကုသမႈခံယူၿပီးေနာက္ လူငယ္ရဲ႕အေျခအေနမွာ တည္ၿငိမ္သြားခဲ့ၿပီး အသက္အႏၲရာယ္မရွိေတာ့ပါဘူး ။ သို႔ေသာ္ ထိုေၾကကြဲဖြယ္ျဖစ္ရပ္ၿပီးေနာက္မွာ ေကာင္မေလးရဲ႕ဖခင္က ထိုေကာင္ေလးကို အရက္ေသာက္ရန္ ဘယ္ေတာ့မွ မဖိတ္ဝံ့ေတာ့ပါဘူး ။

JRose (Mckzone daily)

Reference : yan

Unicode

တရုတ်နိုင်ငံ၊ Linfen မြို့၊ Shanxi ပြည်နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးက ချစ်သူအိမ်ကိုသွားပြီး ကောင်မလေးရဲ့အဖေက “နောင်သားမက်” ကို အရက် တဆေးသောက်ဖို့ ကမ်းလှမ်းခဲ့ပါတယ် ။ ကောင်မလေးက သူ့ကျန်းမာရေးအခြေအနေအကြောင်း မိသားစုကို ပြောပြခဲ့ပေမဲ့ ကောင်လေးက ငြင်းလိုက်ပြီး “နည်းနည်းသောက်နိုင်တယ်” လို့ အခိုင်အမာပြောနေတုန်းပါပဲ ။ အဲ့ဒီလိုပြောဆိုပြီး ကောင်လေးက ခဏလေးအတွင်းမှာ ခွက် ၃ ခွက် ဆက်တိုက်သောက်ပြီး ယောက္ခထီးကို သူ့ရဲ့ အရည်အချင်းကို ပြလိုက်ပါတယ် ။ ခွက်ကို ရုတ်သိမ်းပြီး သိပ်မကြာခင်မှာပဲ တစ်ကိုယ်လုံး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ပေါ်လာပြီး မိန်းကလေးရဲ့ မိသားစုကို ထိတ်လန့်စေကာ ကောင်လေးကို ဆေးရုံတင်ခဲ့ရပါတယ် ။

ကံကောင်းထောက်မစွာ၊ အချိန်မီကုသမှုခံယူပြီးနောက် လူငယ်ရဲ့အခြေအနေမှာ တည်ငြိမ်သွားခဲ့ပြီး အသက်အန္တရာယ်မရှိတော့ပါဘူး ။ သို့သော် ထိုကြေကွဲဖွယ်ဖြစ်ရပ်ပြီးနောက်မှာ ကောင်မလေးရဲ့ဖခင်က ထိုကောင်လေးကို အရက်သောက်ရန် ဘယ်တော့မှ မဖိတ်ဝံ့တော့ပါဘူး ။

JRose (Mckzone daily)

Be the first to comment on "အရက္နဲ႔ ဓာတ္မတည့္ေပမဲ့ ေယာကၡထီးကို အစြမ္းျပခ်င္လို႔ ၃ခြက္ေသာက္ၿပီးတဲ့ေနာက္ ေဆး႐ုံသြားခဲ့ရတဲ့ ေကာင္ေလး"

Leave a comment

Your email address will not be published.


*