ညဘက်အချိန်မတော်ကြီးမှာ သားငယ်လေးကို စက်ဘီးခြင်းထောင်းထဲထည့်ကာ delivery လိုက်ပို့နေခဲ့တဲ့ ဖခင်တစ်ဦး

တစ်ချို့လူတွေက ဒီအမျိုးသားကို အလုပ်လုပ်ရင်းနဲ့ သူ့ရင်သွေးကိုထိန်းဖို့ တာဝန်သိတတ်တဲ့ ဖခင်လို့ခေါ်ကြပေမယ့် သူ့အလုပ်ရဲ့သဘောသဘာဝအရ စက်ဘီးကိုပဲ သုံးနေတဲ့အတွက် ဖိလစ်ပိုင်နိုင်ငံ San Pedro မြို့က FoodPanda rider ဖခင်တစ်ဦးဟာ သူ့နှင့်ရင်သွေးငယ်တို့ရဲ့လုံခြုံရေးအတွက် အင်တာနက်သုံးစွဲသူတော်တော်များများရဲ့စိုးရိမ်ပူပန်မှုကိုခံခဲ့ရပါတယ်။ ယခုလိုခေတ်ကြီးမှာ အထူးသဖြင့် အမျိုးသမီးများဟာ ယနေ့ခေတ်တွင်လစာပိုကောင်းတဲ့အလုပ်များကိုပိုရနိုင်တာကြောင့် ဖခင်များဟာ ၎င်းတို့၏လက်တွဲဖော်များအတွက် ၎င်းတို့၏ကလေးများကိုထိန်းပေးရန်ကူညီပေးနေကြသည်မှာ အံ့ဩစရာမဟုတ်တော့ပါဘူး။

အလုပ်ရှင်များစွာကလည်း အလုပ်သမားများအား ၎င်းတို့၏ကလေးများကိုအလုပ်မှခေါ်ဆောင်ခွင့်ပြုခြင်း သို့မဟုတ် အိမ်နေရင်းအလုပ်များဖြင့် ၎င်းဆို့ကလေးများကိုစောင့်ရှောက်ခွင့်ပြုပေးထားခြင်းဖြင့် လိုကိလျောညီထွေမှုရှိလာကြပါတယ်။

သို့ပေမယ့် သင့်ရဲ့အလုပ်က မြို့တဝိုက်မှာ စားနပ်ရိက္ခာပို့ခြင်း အထူးသဖြင့် ညဆိုင်းလုပ်နေရရင် သင့်ကလေးကို ကိုယ်နဲ့အတူ ခေါ်ဆောင်ထားခြင်းက အန္တာရာယ်များပါတယ်။

San Pedro မြို့တဝိုက်မှာ delivery ပို့နေခဲ့တဲ့ FoodPanda rider လူငယ်တစ်ယောက်ရဲ့သူ့ ရင်သွေးကို စက်ဘီးခြင်းတောင်းထဲထည့်ကာခေါ်ဆောင်လာခဲ့တဲ့ဓာတ်ပုံများဟာ အင်တာနက်သုံးစွဲသူများအား မေးခွန်းထုတ်သနားသွားစေခဲ့ပါတယ်။

ဓာတ်ပုံတင်သူ Yuzu Katsu & Ramen ဆိုင်မှ ဤငယ်ရွယ်တဲ့ဖခင်အား Hershey Manuel အဖြစ်သတ်မှတ်ကာ ပုံတင်ပေးခဲ့ပြီး စားသောက်ဆိုင်ဟာ ဓာတ်ပုံရိုက်သူအဖြစ် Jeremiel Flores Quinto အမည်ရှိအမျိုးသားကို tag တွဲပေးထားခဲ့ပါတယ်။

အထူးသဖြင့် ညဘက်တွင် delivery လုပ်ရတဲ့အခြေအနေနှင့်ပတ်သက်၍စိုးရိမ်သဖြင့် Quinto က ၎င်းတို့သားအဖအတွက်အန္တရာယ်ရှိတာနိုင်ကြောင့် ကလေးကိုအပ်ထားခဲ့နိုင်သည့် အခြားမည်သူမျှမရှိဘူးလားလို့ Manuel အားမေးခဲ့ပေမယ့် ငယ်ရွယ်တဲ့ဖခင်ဖြစ်သူက ဇနီးဖြစ်သူကလည်း အလုပ်သွားနေရတာဖြစ်ပြီး ၎င်းတို့ဇနီးမောင်နှံဟာ တစ်နေ့လုပ်တစ်နေ့စားအလုပ်ဖြင့်သာ အသက်မွေးနေရကြောင်းပြောကြားခဲ့ပါတယ်။

အင်တာနက်သုံးစွဲသူများစွာက သူဟာ တာဝန်သိတတ်မှုရှိတဲ့ဖခင်ကောင်းတစ်ယောက်လို့ထင်ရပေမဲ့ ဤကဲ့သို့ပြုလုပ်ခြင်းက ကလေးအတွက် အန္တရာယ်များစေကြောင်း ၊ ငယ်ငယ်ရွယ်ရွယ်တဲ့ အခုလိုလုပ်နေရခြင်းက စိတ်မကောင်းဝမ်းနည်းစရာကြောင်းပြောဆိုခဲ့ကြပြီး အချို့ကလည်း သူဟာ သူ့အခြေအနေကို အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တဲ့အတွက် သူ့ကို ချီးကျူးခဲ့ကြပါသေးတယ်။

JRose (Mckzone daily)

Reference : rachfeed

Be the first to comment on "ညဘက်အချိန်မတော်ကြီးမှာ သားငယ်လေးကို စက်ဘီးခြင်းထောင်းထဲထည့်ကာ delivery လိုက်ပို့နေခဲ့တဲ့ ဖခင်တစ်ဦး"

Leave a comment

Your email address will not be published.


*