Down Syndrome ရောဂါဖြင့်မွေးလာတဲ့ညီငယ်လေးကိုမငြိုငြင်ဘဲ ရင်ခွင်ထဲပွေ့ပိုက်ထားရင်း သီဆိုချော့သိပ်ပေးနေခဲ့တဲ့ ကောင်လေး (ရုပ်သံ)

မိဘတိုင်းဟာ ၎င်းတို့ရဲ့ကလေးငယ်များကို အခြားသူများအား အမြင်ဖြင့်အကဲမဖြတ်ရန် နှင့်ကွဲပြားမှုကိုလည်းမခွဲခြားဘဲ လူတိုင်းကိုကြင်နာမှုဖြင့် ဆက်ဆံတတ်စေရန် အမြဲသင်ကြားပေးတတ်ကြပါတယ်။ အမေရိကန် Arkansas ပြည်နယ်မှ JJ Grieve အမည်ရှိအမျိုးသားနှင့် Nicole Powell အမည်ရှိအမျိုးသမီးတို့ဇနီးမောင်နှံဟာ ၎င်းတို့ရဲ့နောက်ထပ်သောမိသားစုဝင်အသစ်တစ်ဦးအား ပျော်ရွှင်မှုစွာဖြင့်မျှော်လင့်နေခဲ့ကြပါတယ်။ သို့​ပေမဲ့လည်း ရက်ချိန်းထားတဲ့အချိန်အတွင်းမှာ သူတို့စုံတွဲဟာ ကြေကွဲဖွယ်သတင်းတစ်ခုကို ကြားသိခဲ့ရပါတယ်။

.

ဆရာဝန်များက scan ဖတ်ခြင်းများရဲ့အဖြေအရ ၎င်းတို့ရဲ့ကလေးငယ်ဟာ ကျန်းမာရေးပြဿနာများကြောင့် လူ့လောကထဲသို့မပြည့်စုံဘဲရောက်လာလိမ့်မယ်လို့ယုံကြည်ခဲ့ကြပြီး သူမကို ကိုယ်ဝန်ဖြတ်ချဖို့အထိအကြံပြုထားခဲ့ပေမဲ့ ဇနီး Powell က လုံးဝငြင်းဆိုခဲ့ပါတယ်။

.

ရက်သတ္တပတ်များအကြာမှာ သူမတို့ကလေးရဲ့ကျန်းမာရေးကကောင်းမွန်လာခဲ့ပြီး နောက်ဆုံးမှာ ၎င်းတို့ဇနီးမောင်နှံက ခရိုမိုဆုန်းအပိုတစ်ခုဖြင့် မွေးဖွားလာတဲ့ Tripp အမည်ရှိသားငယ်လေးကို လူ့လောကမှနွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ သို့ပေမဲ့ Rayce အမည်ရှိ၎င်းတို့ရဲ့သားကြီးဖြစ်သူက Down Syndrome နဲ့မွေးလာခဲ့တဲ့ Tripp ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာကို Powell က စိုးရိမ်နေခဲ့ပါတယ်။

.

ဒါ့ကြောင့် Powell နှင့် Grieve တို့ဟာ သားကြီးဖြစ်သူ Rayce အား ” ညီငယ်​​လေးဖြစ်သူက Down Syndrome နဲ့မွေးလာခဲ့လို့ သားကို အရှက်ရတယ်လို့ မခံစားစေချင်ဘူး “ လို့ဆွေးနွေးပြောပြခဲ့ကြတဲ့အခါမှာ သားကြီးဖြစိတဲ့ Rayce ဟာ ချက်ချင်းဆိုသလိုပဲ ” ကျွန်တော်တို့အားလုံးက မတူကွဲပြားခြားနားစွာနဲ့ မွေးဖွားလာကြတာဘဲမဟုတ်လား “ လို့ အလွန်အမြော်အမြင်ရှိစွာနဲ့ တုံ့ပြန်ခဲ့ပါတယ်။

ထို့နောက် အငယ်ဆုံးလေးကိုလက်ခံပေးတဲ့သားကြီးရဲ့စိတ်သဘောထားကိုသိလိုက်ရတဲ့အခါ သူမတို့ရဲ့စိုးရိမ်စိတ်က အမြန်ဆုံးငြိမ်ကျသွားခဲ့တယ်လို့ Powell က ပြောကြားခဲ့ပါတယ်။

၎င်းတို့သားကြီးရဲ့စိတ်နှလုံးသားက ဘယ်လောက်တောင်ကြီးမားတာကိုကိုယ်တိုင်မျက်မြင်တွေ့ခွင့်ရခဲ့တဲ့ဗီဒီယိုတစ်ခုကိုလည်း Powell က သူမရဲ့Facebook မှာမျှဝေပြီးနောက် ထိုဗီဒီယိုဟာလည်း ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

ဗီဒီယိုထဲ၌ အစ်ကိုဖြစ်သူ Rayce က Down Syndrome ဖြင့်မွေးဖွားလာတဲ့ညီငယ်လေး Tripp ကို သူ့ရင်ခွင်ထဲမှာ နွေးထွေးစွာပွေ့ပိုက်ထားပြီး Justin Bieber ရဲ့“ 10,000 Hours ” သီချင်းကိုသီဆိုရင်း ချော့သိပ်နေခဲ့တာကိုလည်း တွေ့မြင်နိုင်ပါတယ်။

Mia (Mckzone daily)

Reference : parentingisnteasy

Be the first to comment on "Down Syndrome ရောဂါဖြင့်မွေးလာတဲ့ညီငယ်လေးကိုမငြိုငြင်ဘဲ ရင်ခွင်ထဲပွေ့ပိုက်ထားရင်း သီဆိုချော့သိပ်ပေးနေခဲ့တဲ့ ကောင်လေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*