မကြာမီရောက်ရှိလာတော့မဲ့ Halloween ပွဲတော်အတွက် သားဖြစ်သူအား spray ဘူးအဖြစ် အသွင်ပြောင်းဖန်တီးပေးလိုက်တဲ့ ဖခင်တစ်ဦး

မကြာခင်မှာဘဲ Halloween ရောက်လာတော့မှာဘဲဖြစ်ပါတယ်။ လူတိုင်းဟာ ထိုနေ့မှာ ထူးဆန်းရယ်စရာကောင်းတဲ့ဝတ်စုံမျိုးကိုဝတ်ဆင်ပြီး မမေ့နိုင်တဲ့အားလပ်ရက်ကို မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ဖြတ်သန်းကြရပါတယ်။ ထိုင်ဝမ်၌ Halloween နေ့မှာ ပါတီပွဲများကျင်းပသည့်အရွယ်ရောက်ပြီးသူများအပြင်၊ ကျောင်းများစွာ၌ ကလေးများအား “Trick or Treat” လှုပ်ရှားမှုတွင်ပါဝင်စေပြီး မိဘများစွာဟာလည်း ၎င်းတို့၏ကလေးများအတွက် အခြားသူများထပ်ပိုမိုထူးခြားတဲ့ မတူညီသောဝတ်စုံပုံစံများစွာကိုဖန်တီးပေးတတ်ကြပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီလိုအခြေအနေမျိုးမှာ ထူးထူးခြားခြား Halloween ပုံစံလေးတွေ ရှိနေဆဲဖြစ်ပြီး ကလေးတွေကို မြင်မြင်ချင်းမှာအထင်ကြီးသွားစရာဖြစ်စေပါတယ်။

ယခုနှစ်တွင် မိခင်တစ်ဦးဟာ ၎င်းတို့ရဲ့သားအတွက် ဖခင်၏လိမ္မာပါးနပ်တဲ့တီထွင်မှုကိုပြသရန် ဖေ့စ်ဘွတ်ခ်စာမျက်နှာ “MyUDN” တွင် ပို့စ်တစ်ခုကိုမျှဝေခဲ့ပေးခဲ့ပြီး ၎င်းတို့ဟာ ၎င်းတို့ရဲ့ကလေးကို သာမာန်စုန်းမ သို့မဟုတ် ကာတွန်းဇာတ်ကောင်တစ်ကောင်အဖြစ် မ၀တ်ဆင်စေဘဲ “spray ဘူး” အဖြစ်ဝတ်ဆင်စေခဲ့ကြပါတယ်။

ဖန်တီးနိုင်ကျွမ်းကောင်းတဲ့ဖခင်ဟာ မကြာသေးမီနှစ်များအတွင်းက လူတိုင်းရဲ့အိမ်တွေမှာအသုံးပြုလေ့ရှိခဲ့တဲ့အသုံးအများဆုံးအရက်ပြန်ပုလင်းအဖြစ် သားဖြစ်သူရဲ့ Halloween ဝတ်စုံကိုပြုလုပ်ပေးခဲ့ပါတယ်။

အနီရောင်နှင့် အဖြူရောင်နော်ဇယ်များက သုံးဖက်မြင်ဖြစ်ပေမဲ့လည်း လက်တွေကို အပြင်ထုတ်လို့ရမဲ့အပေါက်များပါရှိပြီး ၎င်းဝတ်စုံဟာ အကြမ်းခံပုံရပါတယ်။

ကောင်လေးဟာ အရက်ပုလင်းကလေးအဖြစ်သို့ပြောင်းလဲသွားသည်ကို ဓာတ်ပုံတွေမှာတွေ့မြင်နိုင်ပါတယ်။ အရှေ့ဘက်မှာ “ပိုးသတ်ဆေးရည်” နှင့် “75%” ဆိုတဲ့စာတန်းမှလွဲ၍ အမှတ်တံဆိပ်အမည်ကိုလည်း သားဖြစ်သူ၏အမည် “Xiao Ji” အဖြစ်သို့ ပြောင်းလဲခဲ့ပါသေးတယ်။

ပထမတော့ ဖြတ်သွားဖြတ်လာတွေက သူ့ဝတ်စုံကိုမီးခွက်လို့သာထင်ခဲ့ကြသလို သူ့ဝတ်စုံကိုခေတ္တချွတ်ပြီး မြေကြီးပေါ်တင်ထားရင်တော့ ဝတ်စုံပေါ်ကဆောင်ပုဒ်ကိုအနီးကပ်ကြည့်တဲ့အခါ အထူးသဖြင့် ပလတ်စတစ်ပုလင်းနဲ့ကိုအတော်တူနေပါတယ်။ ထို့ပြင် “Flammable: Dangerous” ဆိုတဲ့သတိပေးဆိုင်းဘုတ်ပါရှိပြီး မူရင်းထုတ်ကုန်နှင့် Halloween ဆောင်ပုဒ်များကိုပေါင်းစပ်ထားတာကြောင့် ဖခင်ဖြစ်သူရဲ့တီထွင်ဖန်တီးနိုင်စွမ်းကတော့ ချီးကျူးစရာပါဘဲ။

ဤမိသားစုဟာ Halloween အတွက် ဤကဲ့သို့ပုံမှန်မဟုတ်တဲ့ဝတ်စုံများပြုလုပ်ခြင်းက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွင် အဆိုပါဖခင်ဟာ သားဖြစ်သူများအား တယ်လီဖုန်းတိုင်နှင့် မီးပွိုင့်တစ်ခုအဖြစ်အသွင်ပြောင်းပေးခဲ့ဖူးပါတယ်။

သတင်းတွေရဲ့အဆိုအရ ဒီလိမ္မာပါးနပ်တဲ့ဖခင်ဟာ သူ့ဇနီး ကိုယ်ဝန်ရှိစအချိန်က ပန်းချီပညာကိုလေ့လာခဲ့ဖူးတာကြောင့် နောက်ပိုင်းမှာ သူဟာ Halloween ဝတ်စုံစိတ်ကူးများကိုတီထွင်လာခဲ့ပြီး အင်တာနက်သုံးစွဲသူများစွာက ” အဖေက အရမ်းအရည်အချင်းရှိတယ် “၊ “အနုပညာကို အရမ်းအာရုံစိုက်တယ် “၊ ” လက်ရှိ Halloween စတိုင်တွေပဲ ” ဆိုပြီး ဖခင်ကို အလျင်အမြန်ချီးကျူးခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "မကြာမီရောက်ရှိလာတော့မဲ့ Halloween ပွဲတော်အတွက် သားဖြစ်သူအား spray ဘူးအဖြစ် အသွင်ပြောင်းဖန်တီးပေးလိုက်တဲ့ ဖခင်တစ်ဦး"

Leave a comment

Your email address will not be published.


*