ယာဉ်မတော်တဆမှုကြောင့် လက်တစ်ဖက်ကိုဆုံးရှုံးခဲ့ပေမဲ့ ဆံသဆရာအဖြစ် တစ်ဖန် အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ အမျိုးသမီး

ဗီယက်နမ်နိုင်ငံ Saigon မြို့ရှိ အသက် ၄၂ နှစ်အရွယ် Le Thi Kim Tram အမည်ရှိ ဆံသဆရာမတစ်ဦးဟာ ယာဉ်မတော်တဆမှုတစ်ခုမှာ သူမရဲ့ဘယ်ဘက်လက်ကိုဆုံးရှုံးခဲ့ရပါတယ်။ ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် Tram ဟာ သူမရဲ့ဘယ်ဘက်လက်မောင်းဆုံးရှုံးခဲ့တဲ့အပြင် သူမရဲ့ခင်ပွန်းနှင့်လည်း စိတ်ပိုင်းဆိုင်ရာ အရကွာရှင်းခဲ့ကြပြီး ခင်ပွန်းက ကလေး ၂ ယောက်ကိုလည်း ခေါ်သွားခဲ့ကြောင်း Tram က သူမ ရင်ဆိုင်ခဲ့ရတာတွေကိုပြောပြခဲ့ပါတယ်။ သို့ပေမဲ့ Tram ဟာ ဆေးရုံကဆင်းပြီး ၁လအကြာမှာပဲ အမြန်နာလန်ထူလာနိုင်ခဲ့ပြီး လက်တစ်ဖက်တည်းဖြင့် ဆံသဆရာပြန်လုပ်ခြင်းက အရင်လိုမလွယ်ကူနိုင်တော့ပေမဲ့လည်း ဆံပင်ညှပ်ခြင်းကိုနှစ်သက်တဲ့မိသားစုမှ မျိုးဆက် ၃ ဆက်အထိရောက်ရှိလာတဲ့သူမဟာ သူမရဲ့ဆံပင်ညှပ်ဆရာအဖြစ် အသက်မွေးခြင်းကိုဆက်လက်လုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

ယခင်က အချိန် 5 မိနစ်သာပေးရတဲ့ ဒီရိုးရှင်းတဲ့ဆံပင်ညှပ်တဲ့အလုပ်က မတော်တဆမှုအပြီးမှာတော့ သူမကိုတစ်နာရီလောက်ကြန့်ကြာသွားစေတာကြောင့် သူမဆံပင်ညှပ်ဆိုင်ပြန်ဖွင့်ရန် လုံလောက်တဲ့ယုံကြည်မှုရရှိသည်အထိ လက်တစ်ဖက်တည်းဖြင့် ရိုးရှင်းတဲ့ဆံပင်ညှပ်နည်းများကို နာရီပေါင်းများစွာကြာလေ့ကျင့်ခဲ့ရကြောင်း Tram က ဆိုပါတယ်။

Tram ရဲ့ဆံပင်ညှပ်ဆိုင်မှာ ဆံပင်ညှပ်ခြင်းမှခေါင်းလျှော်ခြင်းအပြင် နားသန့်ရှင်းရေးအထိ သူမက ထိုဝန်ဆောင်မှုများကို ချောမွေ့စွာ လုပ်ဆောင်ပေးနိုင်ပါတယ်။ သူမဟာ သူမရဲ့ဘက်တစ်ဖက်ဆံပင်ညှပ်ခြင်းစွမ်းရည်က အခြားဖောက်သည်များစွာကိုအထင်ကြီးသွားစေခဲ့ပါတယ်။

Tram ဟာ သူမ ပုံမှန်ဘဝပြန်လည်ရရှိရန် ကြီးမားတဲ့အတားအဆီးများကိုကျော်ဖြတ်ခဲ့ရပြီးဖြစ်ပေမဲ့လည်း အနာဂတ်မှာ စက်ရုပ်လက်တစ်ခုပိုင်ဆိုင်ရန် မျှော်လင့်ထားဆဲဖြစ်ပါတယ်။ “ အလုံအလောက် လေ့ကျင့်ထားသရွေ့ လက်တစ်ဖက်တည်းနဲ့ ဘာမဆိုလုပ်နိုင်ပါတယ်။

ဒါမဲ့ မင်းမှာ လက်နှစ်ဖက်စလုံးရှိရင် မင်းပိုကောင်းအောင်လုပ်နိုင်တယ် ” ဟု Tram က Reuters သို့ ရှင်းပြပြောကြားခဲ့ပါတယ်။

ခံနိုင်ရည်ရှိပြီး အမှီအခိုကင်းတဲ့ Tram ရဲ့ဘဝဟာ သင် လက်လျှော့လိုက်ဖို့စဉ်းစားတိုင်း သင့်အားကြိုးစားရင်အောင်မြင်နိုင်သေးတယ်ဆိုတဲ့တောက်ပတဲ့ဥပမာကောင်းတစ်ခုပါဘဲ။

Tram ဟာ ကွာရှင်းပြီးနောက် သူမရဲ့အခြေအနေများကိုအရှုံးပေးဖူးခဲ့ပေမဲ့လည်း သူမရဲ့ဘဝသစ်မှာ မကြောက်မရွံ့ဘဲလိုက်လျောညီထွေဖြစ်အောင် အရာအားလုံးကိုအစမှပြန်လေ့လာခဲ့ပြီး သူမအား ချုပ်နှောင်ထားတဲ့အရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : thesmartlocal

Be the first to comment on "ယာဉ်မတော်တဆမှုကြောင့် လက်တစ်ဖက်ကိုဆုံးရှုံးခဲ့ပေမဲ့ ဆံသဆရာအဖြစ် တစ်ဖန် အသက်မွေးဝမ်းကြောင်းပြုခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*