ကေလးအိပ္ခန္းကို သန႔္ရွင္းေရးလုပ္ဖို႔ပ်က္ကြက္ခဲ့တဲ့အိမ္အကူကို မီးဖိုေခ်ာင္အားျပန္ဖြကာသန႔္ရွင္းေရးျပန္ျပဳလုပ္ေစခဲ့တဲ့ အလုပ္ရွင္တစ္ဦး

Saudi Arabia ႏိုင္ငံရပ္ျခားရွိ Myleene Ruelo အမည္ရွိဖိလစ္ပိုင္ျပည္ပလုပ္သားအမ်ိဳးသမီးတစ္ဦးဟာ အလုပ္ရွင္ရဲ႕အိပ္ခန္းကို သန႔္ရွင္းေရးလုပ္ေပးဖို႔ပ်က္ကြက္ခဲ့တဲ့အတြက္ သူမရဲ႕အလုပ္ရွင္က မီးဖိုေခ်ာင္ထဲက ပစၥည္းေတြကိုပစ္ထုတ္ကာ ျပန္သန္႔ရွင္းေရးလုပ္ေစခဲ့တဲ့ဗီဒီယိုတစ္ခ်ိဳ႕ကို Facebook မွာ မၾကာေသးမီကမွ်ေဝခဲ့ပါတယ္။ ဗီဒီယိုထဲမွာ Myleene အမည္ရွိသူမက ရွည္လ်ားတဲ့တစ္ေန႔တာကိုအခ်ိန္ျပည့္အလုပ္လုပ္ခဲ့ၿပီးေနာက္ ပင္ပန္းႏြမ္းနယ္ေနခဲ့တာေၾကာင့္ မီးဖိုေခ်ာင္မွာ ပစၥည္းအားလုံးျပန္႔က်ဲ႕ေနခဲ့တဲ့ထိုကဲ့သို႔ျမင္ကြင္းကိုျမင္လိုက္ရတဲ့အခါ သူမဟာ ငိုေႂကြးသြားခဲ့ရပါတယ္။

Myleene ဟာ ထိုမီးဖိုေခ်ာင္ကိုသန႔္ရွင္းေရးလုပ္ထားၿပီးသြားခဲ့ၿပီဆိုေပမယ့္ သူမ အလုပ္ရွင္လင္မယားတို႔ကေလးရဲ႕အိပ္ခန္းကို သန႔္ရွင္းေရးမလုပ္ေပးလိုက္မိလို႔ အလုပ္ရွင္အိမ္ရွင္မက ေဒါသထြက္ခဲ့ၿပီး သူမကအလုပ္ကိုေကာင္းေကာင္းမလုပ္ရေကာင္းလားဆိုၿပီး မီးဖိုေခ်ာင္ရွိအစားအေသာက္မ်ားျပည့္ေနတဲ့ပန္းကန္မ်ားႏွင့္ဒယ္အိုးမ်ားကို ၾကမ္းျပင္ေပၚျဖန႔္ႀကဲပစ္ခ်ၿပီး ညစ္ပတ္ရႈပ္ပြေစခဲ့ပါတယ္။ အလုပ္ရွင္က သူမရဲ႕အိမ္တစ္ခုလုံးကို သန႔္ရွင္းသပ္ရပ္ေအာင္ထားခ်င္ေပမယ့္ ေဒါသထြက္ေနတာေၾကာင့္ မီးဖိုေခ်ာင္ကိုျပန္ညစ္ပတ္ရႈပ္ပြေစခဲ့ၿပီး သနားစရာေကာင္းတဲ့အိမ္အကူအား အလုပ္ေတြထပ္လုပ္ေစခဲ့ပါတယ္။

Myleene ဟာ သူမအလုပ္ရွင္က သူမကို စက္႐ုပ္တစ္႐ုပ္လို႔ သေဘာထားေနတဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ၊ သို႔ေပမယ့္ သူမဟာ မီးဖိုေခ်ာင္ထဲက အညစ္အေၾကးမ်ားကိုရွင္းဖို႔ကလြဲလို႔အျခားေ႐ြးခ်ယ္စရာမရွိသလို ေစာေစာက သန႔္ရွင္းေရးမလုပ္လိုက္ရတဲ့အခန္းကိုလည္း သန႔္ရွင္းေရးျပန္ျပဳလုပ္ခဲ့ရပါတယ္။ အလုပ္က ႏွစ္ဆျဖစ္သြားေပမဲ့ လိုက္နာဖို႔ကလြဲလို႔ တစ္ျခားေ႐ြးခ်ယ္စရာမရွိပါဘူးလို႔လည္း သူမကဆိုခဲ့ပါတယ္။ Myleene ဟာ ေဒါသစိတ္ႏွင့္ တုန္လႈပ္ေနတဲ့အသံျဖင့္ သူမရဲ႕အလုပ္ရွင္က မီးဖိုေခ်ာင္မွာျပဳလုပ္ခဲ့တာေတြကိုညည္းညဴရင္း တစ္ေနကုန္ သူမ ခဏမွ်ပင္မထိုင္ရေသးဘဲ သန႔္ရွင္းေရးလုပ္ရခဲ့ရေၾကာင္းကိုပါေျပာျပရင္း ငိုေႂကြးေနခဲ့ရပါတယ္။

Mia (Mckzone daily)

Reference : ofwtambayan

Zawgyi

Saudi Arabia နိုင်ငံရပ်ခြားရှိ Myleene Ruelo အမည်ရှိဖိလစ်ပိုင်ပြည်ပလုပ်သားအမျိုးသမီးတစ်ဦးဟာ အလုပ်ရှင်ရဲ့အိပ်ခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ပျက်ကွက်ခဲ့တဲ့အတွက် သူမရဲ့အလုပ်ရှင်က မီးဖိုချောင်ထဲက ပစ္စည်းတွေကိုပစ်ထုတ်ကာ ပြန်သန့်ရှင်းရေးလုပ်စေခဲ့တဲ့ဗီဒီယိုတစ်ချို့ကို Facebook မှာ မကြာသေးမီကမျှဝေခဲ့ပါတယ်။ ဗီဒီယိုထဲမှာ Myleene အမည်ရှိသူမက ရှည်လျားတဲ့တစ်နေ့တာကိုအချိန်ပြည့်အလုပ်လုပ်ခဲ့ပြီးနောက် ပင်ပန်းနွမ်းနယ်နေခဲ့တာကြောင့် မီးဖိုချောင်မှာ ပစ္စည်းအားလုံးပြန့်ကျဲ့နေခဲ့တဲ့ထိုကဲ့သို့မြင်ကွင်းကိုမြင်လိုက်ရတဲ့အခါ သူမဟာ ငိုကြွေးသွားခဲ့ရပါတယ်။

Myleene ဟာ ထိုမီးဖိုချောင်ကိုသန့်ရှင်းရေးလုပ်ထားပြီးသွားခဲ့ပြီဆိုပေမယ့် သူမ အလုပ်ရှင်လင်မယားတို့ကလေးရဲ့အိပ်ခန်းကို သန့်ရှင်းရေးမလုပ်ပေးလိုက်မိလို့ အလုပ်ရှင်အိမ်ရှင်မက ဒေါသထွက်ခဲ့ပြီး သူမကအလုပ်ကိုကောင်းကောင်းမလုပ်ရကောင်းလားဆိုပြီး မီးဖိုချောင်ရှိအစားအသောက်များပြည့်နေတဲ့ပန်းကန်များနှင့်ဒယ်အိုးများကို ကြမ်းပြင်ပေါ်ဖြန့်ကြဲပစ်ချပြီး ညစ်ပတ်ရှုပ်ပွစေခဲ့ပါတယ်။ အလုပ်ရှင်က သူမရဲ့အိမ်တစ်ခုလုံးကို သန့်ရှင်းသပ်ရပ်အောင်ထားချင်ပေမယ့် ဒေါသထွက်နေတာကြောင့် မီးဖိုချောင်ကိုပြန်ညစ်ပတ်ရှုပ်ပွစေခဲ့ပြီး သနားစရာကောင်းတဲ့အိမ်အကူအား အလုပ်တွေထပ်လုပ်စေခဲ့ပါတယ်။

Myleene ဟာ သူမအလုပ်ရှင်က သူမကို စက်ရုပ်တစ်ရုပ်လို့ သဘောထားနေတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ၊ သို့ပေမယ့် သူမဟာ မီးဖိုချောင်ထဲက အညစ်အကြေးများကိုရှင်းဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိသလို စောစောက သန့်ရှင်းရေးမလုပ်လိုက်ရတဲ့အခန်းကိုလည်း သန့်ရှင်းရေးပြန်ပြုလုပ်ခဲ့ရပါတယ်။ အလုပ်က နှစ်ဆဖြစ်သွားပေမဲ့ လိုက်နာဖို့ကလွဲလို့ တစ်ခြားရွေးချယ်စရာမရှိပါဘူးလို့လည်း သူမကဆိုခဲ့ပါတယ်။ Myleene ဟာ ဒေါသစိတ်နှင့် တုန်လှုပ်နေတဲ့အသံဖြင့် သူမရဲ့အလုပ်ရှင်က မီးဖိုချောင်မှာပြုလုပ်ခဲ့တာတွေကိုညည်းညူရင်း တစ်နေကုန် သူမ ခဏမျှပင်မထိုင်ရသေးဘဲ သန့်ရှင်းရေးလုပ်ရခဲ့ရကြောင်းကိုပါပြောပြရင်း ငိုကြွေးနေခဲ့ရပါတယ်။

Mia (Mckzone daily)

Be the first to comment on "ကေလးအိပ္ခန္းကို သန႔္ရွင္းေရးလုပ္ဖို႔ပ်က္ကြက္ခဲ့တဲ့အိမ္အကူကို မီးဖိုေခ်ာင္အားျပန္ဖြကာသန႔္ရွင္းေရးျပန္ျပဳလုပ္ေစခဲ့တဲ့ အလုပ္ရွင္တစ္ဦး"

Leave a comment

Your email address will not be published.


*