အိပ်ခန်းထဲအထိတိုက်ရိုက်ဝင်သွားပြီး အိပ်နေတဲ့ဖောက်သည်ကိုနှိုးကာ လက်ထဲအရောက် delivery အပ်ပေးခဲ့ရတဲ့ delivery သမားတစ်ဦး

မလေးရှားနိုင်ငံရှိ Foodpanda rider တစ်ဦးဟာ တာဝန်ထက်ပိုလုပ်ခဲ့သည့်အတွက် လူအများ၏အာရုံစိုက်မှုကို တစ်ဖန်ခံခဲ့ရပြန်ပါတယ်။ဤကိစ္စတွင်၊ အဆိုပါ rider ဟာ သူ့၏ order ကိုလက်ခံရန် သူ့အခန်းထဲရှိ အိပ်ပျော်နေတဲ့ဖောက်သည်တစ်ဦးအားနှိုးခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ TikTok အသုံးပြုသူ @maryamlegacy မှ အောက်တိုဘာ 23 ရက်နေ့တွင်ပြန်တင်ထားပေးခဲ့တဲ့ဗီဒီယိုတစ်ခုမှာ အဆိုပါ Foodpanda rider တစ်ဦးဟာ ဖောက်သည်၏တည်နေရာသို့ရောက်ရှိလာခဲ့ပြီး ပိုင်ရှင်၏ခွင့်ပြုချက်ဖြင့် သူ့ရဲ့နေအိမ်ကိုဝင်ရောက်ခဲ့ပုံယူဆရပါတယ်။

ကြည့်ရှုမှုပေါင်း 320,000 ကျော်၊ Like ပေါင်း 33,500 နှင့် မှတ်ချက်ပေါင်း 645 ခန့် အထိရရှိထားသည့်၎င်းဗီဒီယိုမှာ အဆိုပါ rider ဟာ ဖောက်သည်အိပ်နေသည့် အိပ်ခန်းထဲအထိသို့ သွားနေတာကိုပြသထားပါတယ်။

ထို့နောက် သူဟာ သူ့ order လာမည့်အချိန်ကိုစောင့်ရင်း အိပ်ပျော်သွားဖွယ်ရှိသည့်ဖောက်သည်ရဲ့လက်မောင်းကို အကြိမ်ပေါင်းများစွာပုတ်ကာ အိပ်ရာမှနှိုးရန် ကြိုးစားနေခဲ့ပါတယ်။

ထို့နောက် အဆိုပါဖောက်သည်က နိုးလာတဲ့အခါမှာ food delivery rider အား သူ့အမှာစာနှင့်အတူ တွေ့လိုက်ရသည့်အတွက် တုန်လှုပ်ပြီး ရှက်သွားခဲ့ပုံရပါတယ်။

ထို့နောက် အဆိုပါဖောက်သည်ဟာ အိပ်ယာပေါ်တွင်သာလဲလျောင်းနေရင်းနဲ့သာ သူ့ရဲ့ order အတွက်ငွေပေးချေရန် အိတ်ကပ်ထဲမှငွေအချို့ကိုနှိုက်ပြီး ငွေရှင်းခဲ့ပါတယ်။

ထင်တဲ့အတိုင်း ၎င်းဗီဒီယိုရဲ့ comments section ဆိုလည်း ရယ်စရာများနှင့်ပြည့်နေခဲ့သလို အဆိုပါ delivery rider အား ချီးကျူးခြင်းတို့ဖြင့် ပြည့်လျှံနေခဲ့ပါတယ်။

Netizen များက “ Foodpanda က ငါ့ကိုစိတ်ပူအောင်လုပ်ခဲ့တယ် ၊ တော်သေးလို့ rider က အိပ်နေတဲ့သူဆီကိုတောင် အရောက် delivery ပို့ပေးတာဘဲ ၊ ဖောက်သည်က အိမ်သာထဲရောက်နေရင် ဘယ်နှယ့်လုပ်မလဲ ” ၊ “ delivery သမားက သူ့စက်ဘီးနဲ့ အိမ်ထဲမစီးဝင်ခဲ့တာကိုဘဲ ကျေးဇူးတင်ရမယ် ” စတဲ့မှတ်ချက်များပေးခဲ့ကြပြီး အချို့ကလည်း အဆိုပါ rider အား တစ်လတာ အကောင်းဆုံးဝန်ထမ်းဖြစ်သင့်တယ်ဘို့လည်း ပြောဆိုခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "အိပ်ခန်းထဲအထိတိုက်ရိုက်ဝင်သွားပြီး အိပ်နေတဲ့ဖောက်သည်ကိုနှိုးကာ လက်ထဲအရောက် delivery အပ်ပေးခဲ့ရတဲ့ delivery သမားတစ်ဦး"

Leave a comment

Your email address will not be published.


*