ကလေးကစားစရာလို့ထင်နေခဲ့ကာ ဒေါ်လာ ၃ သန်းတန် စိန်တုံးကြီးကို လွှတ်ပစ်ဖို့လုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်

ဗြိတိန်အမျိုးသမီးတစ်ဦးဟာ ဒေါ်လာ ၃ သန်းနီးပါးတန်တဲ့စိန်တုံးကို အတုဟုထင်ကာ လွှတ်ပစ်ဖို့ကြံခဲ့တာကြောင့် တစ်သက်လုံး အမှားကြီးမှားလုနီးပါး ဖြစ်သွားခဲ့ရပါတယ်။ အမည်မဖော်လိုသူ အသက် 70 အရွယ် ပိုင်ရှင်ဟာ UK ,Northumberland ကောင်စီရှိ သူမ၏နေအိမ်ကို သန့်ရှင်းရေးလုပ်နေစဉ် ပေါင်ဒင်္ဂါးပြားအရွယ် စိန်တုံးကိုတွေ့ရှိခဲ့ပါတယ်။ သူမဟာ ၎င်းကို မည်သည့်နေရာနှင့် မည်သည့်အချိန်က ၀ယ်ယူခဲ့သည်ကို မမှတ်မိပေမဲ့ ၊ သူမဟာ ကားဂိုဒေါင်အရောင်းဆိုင်များသို့ မကြာခဏဆိုသလို ” အင်္ကျီအ၀တ်အစားများ သွားဝယ်တတ်တယ်” ဟု အစီရင်ခံခဲ့ပါတယ်။ သူမဟာ တပတ်ရစ်ကားစတိုးများသို့ အမြဲသွားရောက်လည်ပတ်ပြီး အင်္ကျီများဝယ်ယူတတ်ကြောင်း North Shields မြို့ရှိ Featonby’s Auctioneers မှ လေလံတင်သူ Mark Lane မှ ၎င်းကံကောင်းတဲ့ရှာဖွေတွေ့ရှိမှုကို BBC သို့ ပြောကြားခဲ့ပါတယ်။

“ ဒါမဲ့ သူမက အဲ့ဒါစိန်အစစ်လို့ တစ်ခါမှမထင်မိဘူး ၊ ပင်စင်စားတာကြာပြီဖြစ်တဲ့သူမက သူမရဲ့မင်္ဂလာပွဲဝတ်စုံနှင့် တန်ဖိုးနည်းတဲ့လက်ဝတ်ရတနာတွေကို သေတ္တာတစ်လုံးထဲမှာ စုထည့်ထားခဲ့လို့ သူမက အဲ့တာကိုအတုလို့ထင်နေခဲ့တာ ” ဟု Lane က ဆိုခဲ့ပါတယ်။

သူမအား အိမ်နီးချင်းတစ်ဦးက စိန်တုံးအားအကဲဖြတ်ရန် Lane ရဲ့ကုမ္ပဏီသို့ ယူဆောင်သွားဖို့အကြံပြုခဲ့တုန်းက သူမဟာ စိန်တုံးကို “အမှိုက်ပုံး” ထဲပစ်ထည့်တော့မှာဘဲဖြစ်ပါတယ်။

သူမဟာလည်း ၎င်း“ကျောက်ကြီး” ကို ကုဗဇာကွန်နီဖြင့် ဖွဲ့စည်းထားတဲ့ဓာတုကျောက်တုံးလို့ထင်ကာ ကစားစရာအုပ်စိန်တုံးအတုဟု အစပိုင်းတွင်မှတ်ယူနေခဲ့တာကြောင့် ၎င်းကို သူမရဲ့စားပွဲအံ့ဆွဲထဲမှာ ရက်အတော်ကြာ သိမ်းဆည်းထားကြောင်း BBC သတင်းကဖော်ပြခဲ့ပါတယ်။

ကျေးဇူးတင်စွာဖြင့်၊ Lane ဟာ နောက်ဆုံးတွင် ၎င်းကျောက်ကို စိန်စမ်းသပ်သူမှတစ်ဆင့် ဖောက်လုပ်ခဲ့ပြီး Featonby ၏လန်ဒန်အခြေစိုက် လုပ်ဖော်ကိုင်ဖက်များထံသို့ပေးပို့ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကိုယ်ပျောက်ချမ်းသာကြွယ်ဝနေတဲ့သူမအတွက် ဘယ်လ်ဂျီယံနိုင်ငံ၊ Antwerp မှ ကျွမ်းကျင်သူများက 34 ကာရက်ဟု အတည်ပြုပေးခဲ့ပြီး နောက်ပိုင်းတွင် ၎င်းဟာ အကဲဖြတ်သူ လက်ခံရရှိဖူးသမျှ တန်ဖိုးအကြီးဆုံး ပစ္စည်းဖြစ်လာခဲ့ပါတယ်။

“ အရောင်၊ ကြည်လင်ပြတ်သားမှု၊ အရွယ်အစား… ၃၄ ကာရက်ရှိတဲ့စိန်တစ်လုံးကို ရှာတွေ့ဖို့ဆိုတာ မရှိသလောက်ရှားပါတယ် ၊ ခန့်မှန်းခြေအားဖြင့် ဒါဟာ ဒေါ်လာ ၂,၇၄၁,၅၂၀ ရှိတဲ့စိန်ပွင့်ကြီးပါ ” ဟု Lane က ထပ်မံပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အဆိုပါစိန်တုံးကို လန်ဒန်မြို့ Hatton Garden လက်ဝတ်ရတနာရပ်ကွက်တွင် သိမ်းဆည်းထားပြီး နိုဝင်ဘာ ၃၀ ရက်၌ကျင်းပမဲ့လေလံပွဲမပြီးမချင်းအထိ ဆက်လက်ထားရှိထားမည်ဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : nypost

Be the first to comment on "ကလေးကစားစရာလို့ထင်နေခဲ့ကာ ဒေါ်လာ ၃ သန်းတန် စိန်တုံးကြီးကို လွှတ်ပစ်ဖို့လုပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်"

Leave a comment

Your email address will not be published.


*