ခရီးတွေစွတ်မထွက်ဘဲ ငွေစုဖို့အတန်တန်မှာနေခဲ့ရတဲ့သားဖြစ်သူထံမှ မွေးနေ့လက်ဆောင်အဖြစ် အိမ်အသစ်တစ်လုံးရလိုက်လို့ အံ့ဩသွားခဲ့တဲ့ မိခင်

အမျိုးသားတစ်ဦးဟာ မိခင်ဖြစ်သူက သူ့အား အားလပ်ရက်မှာ ခရီးတွေထွက်ပြီး ပိုက်ဆံဖြန်းနေမယ့်အစား သူ့ကိုယ်ပိုင်အိမ်ဝယ်ဖို့ အမြဲပြောနေခဲ့ပါတယ်။ သို့ပေမယ့် မိခင်က သားဖြစ်သူဟာ အိမ်တစ်အိမ်အတွက်ငွေစုနေမယ်လို့ဆိုတာကိုမမျှော်လင့်ထားခဲ့တာကြောင့် သားဖြစ်သူက သူမရဲ့မွေးနေ့မှာ အိမ်အသစ်တစ်လုံးဖြင့် သူမကို အံ့အားသင့်သွားစေခဲ့ပါတယ်။ Home Buddies ဆိုတဲ့ Facebook group တစ်ခုတွင် Ric ဟုအမည်ပေးထားတဲ့အမျိုးသားတသ်ဦးဟာ မိခင်ဖြစ်သူရဲ့မွေးနေ့မှာ သူမအား အိမ်အသစ်တစ်လုံးဖြင့် ဘယ်လိုစပရိုက်လုပ်ပေးခဲ့တဲ့အကြောင်းကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ” ကျွန်တော်တို့ အမေ့အတွက် မွေးနေ့ Surprise လေးလုပ်ပေးလိုက်သေးတယ် ၊ အမေ့ကို တစ်နေရာရာမှာ နေ့လယ်စာသွားစားဖို့ခေါ်သွားခဲ့ပေမယ့် ခရိုင်အိမ်ရာထဲကိုဝင်လိုက်တာနဲ့ အမေက စားသောက်ဆိုင်တစ်ဆိုင်မှကိုမတွေ့လိုက်ရလို့ သူမ အရမ်းအံ့ဩနေခဲ့တယ် ၊ ပြီးကျ့ သူမက ဒီမှာ ဘယ်သူတွေအစားစားနေကြတာလဲ လို့မေးသေးတယ် သူမက HAHAHA! အမေက ချစ်စရာအရမ်းကောင်းတာဘဲ ” ဟု Ric က အဆိုပါ group မှာ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ Ric ဟာ သူ့အမေနဲ့ ဘယ်လောက်ရင်းနှီးတယ်ဆိုတာကို သူတို့စကားဝိုင်းကိုကြည့်ခြင်းအားဖြင့် ကောင်းကောင်းသိနိုင်ပါတယ်။

ထို့ပြင် Ric က သူဟာ ခရီးသွားရတာကိုကြိုက်နှစ်သက်ပြီး သူ့ရဲ့ #Project81 လို့ခေါ်တဲ့ ဖိလစ်ပိုင်မှာရှိတဲ့ပြည်နယ်အားလုံးကို သွားရောက်လည်ပတ်ဖို့က သူ့အိပ်မက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူဟာ အားလပ်ရက်ခရီးများထွက်နေချိန်မှာ မိခင်ဖြစ်သူက သူ့အား အငယ်သေးတဲ့အတွက် အဲ့လိုငွေဖြန်းနေမဲ့အစာ အိမ်တစ်လုံးဝယ်ထားသင့်ကြောင်း အမြဲပြောနေလေ့ရှိခဲ့ပါတယ်။

သို့ပေမယ့် Ric က သူ့အနေနဲ့ နိုင်ငံအနှံ့နေရာတော်တော်များများကိုလည်ပတ်ရတာကိုနှစ်သက်တာကြောင့် သူ့ရဲ့ခရီးပန်းတိုင်ကိုအရင်အစီအစဉ်ချခဲ့တဲ့အတွက် နောင်တရစရာမရှိသလို ၊ ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် သူဟ သူ့ရဲ့ခရီးပန်းတိုင်ကိုဆက်မသွားနိုင်တော့ဘဲ ငွေပိုစုနိုင်အောင်ဖုံးကွယ်ထားပေးခြင်းဖြင့် ကူးစက်ရောဂါဟာ သူ့အတွက်ကောင်းချီးတစ်ခုဖြစ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

Ric ဟာ သူ့ဝင်ငွေများဖြင့် မိခင်အတွက် အိမ်ဆောက်ပြီး ကောင်းကောင်းအသုံးချခဲ့ပေမဲ့ ဒီအကြောင်းကိုတော့ သူမအား မပြောပြခဲ့ဘဲ အချိန်တစ်ခုအထိ လျှိုဝှက်ထားခဲ့ပါတယ်။

ထို့နောက် Ric ဟာ အိမ်ဆောက်လို့ပြီးခါနီးမှာ မိခင်ဖြစ်သူကိုပြောပြဖို့ အချိန်တန်ပြီလို့ဆုံးဖြတ်လိုက်တာကြောင့် သူမအတွက် အဓိပ္ပါယ်အများကြီးရှိစေမဲ့မွေးနေ့လက်ဆောင်လေးဖြစ်အောင် သူမရဲ့မွေးနေ့မှာ သတင်းကောင်းနှင့်အတူ စပရိုက်အကြီးကြီးလုပ်ပေးလိုက်ပါတယ်။

Ric ရဲ့အမေဖြစ်သူလည်း Ric လို ကျေးဇူးသိတဲ့သားလိမ္မာလေးကိုပိုင်ဆိုင်ထားရလို့ဝမ်းသာပီတိဖြစ်နေမိမှာ အသေအချာပါဘဲ။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "ခရီးတွေစွတ်မထွက်ဘဲ ငွေစုဖို့အတန်တန်မှာနေခဲ့ရတဲ့သားဖြစ်သူထံမှ မွေးနေ့လက်ဆောင်အဖြစ် အိမ်အသစ်တစ်လုံးရလိုက်လို့ အံ့ဩသွားခဲ့တဲ့ မိခင်"

Leave a comment

Your email address will not be published.


*