တနှစ်အရွယ်သမီးလေးကို သားမယားပြုကျင့်ခဲ့လို့ ထောင်အနှစ် ၇၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသား







Source- Daily Mail

credit – myanmarload.com

Unicode

ဒီအမျိုးသားရဲ့နာမည်ကတော့ James Lockhart ဖြစ်ပြီး သူဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။သူလုပ်ခဲ့တာကတော့ ကိုယ်မွေးထားတဲ့ အသက် ၁ နှစ်အရွယ်သမီးလေးကို သားမယားပြုကျင့်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းအမျိုးသား အသက်တနှစ်အရွယ်သူ့ရဲ့သမီးလေးကို သူကိုယ်တိုင်ပြန်လည် သားမယားပြုကျင့်နေပုံကိုလည်း ဗီဒီယိုပါ ရိုက်ထားပါသေးတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းဗီဒီယိုကို ညစ်ညမ်းဝက်ဆိုဒ်တစ်ခုမှာ သူကိုယ်တိုင် တင်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးက ညစ်ညစ်ကားကြည့်သူတွေထံကို မျှဝေခဲ့ပါသေးတယ်။

အဲ့ဒီနောက် ရဲတပ်ဖွဲ့တွေက ဒီဖြစ်ရပ်ကိုသိရှိပြီး ၎င်းအမျိုးသားကိုဖမ်းဆီးကာ တရားရုံတင်စစ်ဆေးခဲ့တဲ့အခါမှာတော့ သူ့ရဲ့ပြစ်ဒဏ်ကိုလျှော့ပေးဖို့ တောင်းဆိုခဲ့သေးတယ်လို့သိရပါတယ်။

သို့ပေမယ့် အမေရိကန်တရားရုံးကတော့ အင်မတန်စက်ဆုပ်ရွံရှာစရာ ကောင်းလှတဲ့ လုပ်ရပ်ကိုလုပ်ခဲ့တဲ့ ၎င်းအမျိုးသားကို ထောင်ဒဏ်နှစ် ၇၀ ချမှတ်ကာ အပြစ်ပေးခဲ့တယ်လို့သိရပါတယ်။

သို့ပေမယ့် အမေရိကန်နိုင်ငံအတွင်းကပြည်သူတွေကတော့ ၎င်းအမျိုးကို သေဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြသလို ဒီပြစ်ဒဏ်ဟာလည်း သူတို့အနေနဲ့ ကျေနပ်လောက်တဲ့ ပြစ်ဒဏ်မဟုတ်ဘူးလို့ ပြောကြားနေတာတွေ့ရပါတယ်။

ပရိသတ်တွေရော ဒီပြစ်ဒဏ်ကိုဘယ်လိုထင်ကြလဲ။

Be the first to comment on "တနှစ်အရွယ်သမီးလေးကို သားမယားပြုကျင့်ခဲ့လို့ ထောင်အနှစ် ၇၀ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*