လပေါင်းများစွာ ရေကြီးလျံနေတာကြောင့် ရေဆိုးတွေနဲ့ ဆွေးမြေ့နေတဲ့အိမ်မှာ နေထိုင်ပြီး အိပ်ခဲ့ရတဲ့ မသန်စွမ်းအဖိုး



JRose (Mckzone daily)

Reference : sanook77

Unicode

သတင်းထောက်တစ်ဦးက ထိုင်းနိုင်ငံ၊ ဘန်တနိုင်းခရိုင်ရှိ ရေမြှုပ်နေတဲ့အိမ်မှာ နေထိုင်နေတဲ့ မသန်စွမ်းအဖိုးကို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ် ။ တစ်ထပ်ပျဉ်ထောင်အိမ်နဲ့တူတဲ့ နေအိမ်တစ်လုံးက ကျောက်ဖရားမြစ်ဘေးမှာ တည်ရှိနေတာကြောင့် အိမ်က ပြင်းပြင်းထန်ထန် ရေမြုပ်သွားတာကို တွေ့ရပါတယ် ။ အဆိုပါအိမ်ထဲမှာ အသက် ၆၀ အရွယ် Mr. Khamfah က နေထိုင်ပြီး သူ့က ခြေထောက်နှစ်ဖက်စလုံး မသန်မစွမ်းဖြစ်ကာ လမ်းမလျှောက်နိုင်ဘဲ မြေး၂ဦးတို့နဲ့ အတူ နေထိုင်ခဲ့ပါတယ် ။ စုံစမ်းမေးမြန်းချက်များအရ နေအိမ်မှာ နှစ်လနီးပါး ရေနစ်မြုပ်ပြီးနောက် အိမ်ရဲ့ ထက်ဝက် ရေမြှုပ်သွားတယ်လို့ Mr Fah က ပြောပါတယ် ။

ဆက်တိုက်ရေကြီးမှုများနဲ့အတူ ၎င်းတို့ရဲ့ အိပ်ခန်းက မွေ့ယာများ ရေနစ်တဲ့အထိ ရေ 20-30 စင်တီမီတာခန့်မြင့်တက်ခဲ့ပါတယ် ။ သူနဲ့ သူ့မြေးတွေ အချင်းချင်း ကူညီကြပြီး ရေကြီးရေလျှံမှုမှ လွတ်မြောက်ရန် ပစ္စည်းများကို ရွေ့ခဲ့ရပါတယ် ။ အိမ်အပြင်ဘက်မှာ ရေကြီးမှုက ၁.၂ မီတာခန့် မြင့်ပါတယ် ။ ယခုအချိန်မှာ ရေက ယခင်ကထက် မြင့်တက်လာမှာကို စိုးရိမ်သောကြောင့် အိပ်ရခဲတယ်လို့ အဖိုး Mr Fah က ဆိုပါတယ် ။

JRose (Mckzone daily)

Be the first to comment on "လပေါင်းများစွာ ရေကြီးလျံနေတာကြောင့် ရေဆိုးတွေနဲ့ ဆွေးမြေ့နေတဲ့အိမ်မှာ နေထိုင်ပြီး အိပ်ခဲ့ရတဲ့ မသန်စွမ်းအဖိုး"

Leave a comment

Your email address will not be published.


*