သားသမီး၅ဦးကို ကျွေးမွေးနိုင်ရန် နေ့မနားညမနား လမ်းဘေးမှာ ဂစ်တာတီးပြီး တောင်းခံနေခဲ့တဲ့ သနားစရာ မျက်မမြင်အဘိုးအို

လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း၊ Ninh Thuan မြို့ရှိ လမ်းဘေးမှာ တောင်းခံနေတဲ့ မျက်မမြင်တစ်ဦးရဲ့ ဓာတ်ပုံမတင်မီ အွန်လိုင်းအသိုင်းအဝန်းက လှုပ်လှုပ်ရွရွ ဆွေးနွေးနေကြပါတယ် ။ သူ့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဖခင်ဘဝရဲ့ ရင်သပ်ရှုမောဖွယ် အကြောင်းအရာတစ်ပုဒ်လေးပါ ။ အဆိုပါမျက်မမြင်အဖိုး Mr. Nguyen Van Minh ဟာ အသက် 73 နှစ်ဖြစ်ပြီး Khanh Hai မြို့၊ H. Ninh Hai, Ninh Thuan မှာ နေထိုင်ပါတယ် ။ မျက်မမြင်အဖိုးအိုဟာ နေ့ရောညပါ နေပူ မိုးရွာနေသော်လည်း အသက်မွေးဝမ်းကြောင်းပြုရန် ဂစ်တာနဲ့ လမ်းလျှောက်နေဆဲဖြစ်ပါတယ် ။ အချိန်အတော်ကြာအောင် တေးဆိုထားတဲ့ ငြိမ့်ညောင်းသော သီချင်းများက လမ်းသွားလမ်းလာ အများအပြားရဲ့ နှလုံးသားကို ထိမိစေပါတယ် ။

မျက်မမြင်အဘိုးအိုရဲ့ နောက်ကွယ်မှာ သားသမီး ၅ ဦးကို ကျွေးမွေးရန် အသက်မွေးဝမ်းကျောင်းပြုပြီး ရုန်းကန်နေရတဲ့ အဘိုးအိုတစ်ဦးရဲ့ အရိပ်ဖြစ်ကြောင်း သိရှိခဲ့ပါတယ် ။ အဖိုးရဲ့အဆိုအရ အသက် 7 နှစ် အရွယ်မှာ ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရပြီးနောက် ရုတ်တရက် ဘာမှ မမြင်နိုင်တော့ဘူးလို့ ဆိုပါတယ် ။ အဲဒီတုန်းက သူ့မိသားစုအခြေအနေဟာ အရမ်းခက်ခဲတဲ့အတွက် အသက် ၁၃ နှစ်မှာ တောင်းရမ်းစဖို့ ဆိုင်ဂုံကို သွားခဲ့ရပါတယ် ။

အသက်မွေးဝမ်းကြောင်းပြုရင်း ရုန်းကန်နေရစဉ်မှာ ကျေးဇူးရှင်တစ်ဦးနဲ့တွေ့ပြီး ကံကောင်းခဲ့ပါတယ် ။ အဲဒီလူက အဖိုးကို မျက်မမြင်တွေအတွက် အလုပ်သင်ကျောင်းကို ခေါ်သွားခဲ့ပါတယ် ။

အဲ့ဒီမှာ အဖိုးက ဂစ်တာကို သင်ယူဖို့ ရွေးချယ်ခဲ့တာက နောင်တစ်ချိန်မှာ သူ့ကိုယ်သူ ပံ့ပိုးဖို့ သီချင်းဆိုခြင်း အသက်မွေးဝမ်းကြောင်းတစ်ခု ရှိလာမယ်လို့ အဖိုးက ထင်ပါတယ် ။

နောက်နှစ်အနည်းငယ်အကြာမာ အဘိုးက သူ့ရဲ့မွေးရပ်ဇာတိ Ninh Thuan သို့ပြန်လာပြီး အခြေအနေတူတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံကာ ချစ်ကြိုက်ခဲ့ပါတယ် ။ သူတို့လင်မယားမှာ သားသမီး ၅ ယောက် (ယောက်ျားလေး ၂ ယောက်၊ မိန်းကလေး ၃ ယောက်) ရှိပါတယ် ။

ထိုနေရာမှနေပြီး နှစ်ပေါင်းများစွာ သားသမီး၅ယောက်နဲ့ သူတို့လင်မယားကို ကျွေးမွေးရန် ငွေရှာနိုင်စေရန် အဖိုးက ဂီတာကို တီးခတ်ခဲ့ပါတယ် ။ အဖိုးက “ကလေး၅ယောက်ကို တစ်သက်လုံး ပြုစုပျိုးထောင်တာက ကျွန်တော့်အတွက် အံ့ဖွယ်တစ်ခုပါပဲ” လို့ ဆိုပါတယ် ။

လက်ရှိအချိန်မှာတော့ သူ့ရဲ့ သားသမီး ၅ ယောက်လုံး အိမ်ထောင်ကျနေပြီ ဖြစ်ပေမယ့် ခက်ခဲတဲ့ အခြေအနေတွေကြောင့် သူတို့ရဲ့ မိဘတွေကို အကာအကွယ် မပေးနိုင်သေးပါဘူး ။ ထို့အတွက်ကြောင့်လည်း သီဆိုကပြပြီး လေ့ကျင့်မှုများ ပြုလုပ်ကာ နေ့ခင်းဘက်အချိန်များမှာ အသက်မွေးဝမ်းကြောင်းပြုပြီး လူတိုင်းကို စာနာစိတ်ရှိစေခဲ့ပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "သားသမီး၅ဦးကို ကျွေးမွေးနိုင်ရန် နေ့မနားညမနား လမ်းဘေးမှာ ဂစ်တာတီးပြီး တောင်းခံနေခဲ့တဲ့ သနားစရာ မျက်မမြင်အဘိုးအို"

Leave a comment

Your email address will not be published.


*