အသက္ 104 ႏွစ္႐ွိေနၿပီဆိုေပမဲ့လည္း ေန႔စဥ္ေန႔တိုင္းမနားတမ္း ပင္လယ္ထဲမွာငါးဖမ္းေနေသးတဲ့ အဘြားအို

လူအေတာ္မ်ားမ်ားကေတာ့ အသက္60 ျပည့္ရင္ အၿငိမ္းစားယူတာတို႔ ၊ အလုပ္ကေန အနားယူလိုက္ၾကတာမ်ိဳးတို႔႐ွိေပမဲ့လည္း မေလး႐ွားႏိုင္ငံ Langkawi ကြၽန္းမွာေနထိုင္တဲ့ အသက္ 104 ႏွစ္အရြယ္ အဘြားအိုမွာေတာ့ ေန႔စဥ္ေန႔တိုင္း ပင္လယ္ထဲသို႔သြားၿပီး မနားတမ္း ငါးဖမ္းေနတုန္းပါပဲ ။ အဘြား၏ သားသမီးမ်ား ႏွင့္ ေျမးျမစ္မ်ားက အဘြားကို အိမ္မွာသာ သက္ေသာင့္သက္သာအေနယူဖို႔ေျပာေပမဲ့လည္း အဘြားမွာေတာ့ လံုးဝလက္မခံဘဲ ငါးေတြ ၊ ပုဇြန္ေတြဖမ္းၿပီး အိမ္မွာလည္း ပုဇြန္အႏွစ္မ်ားျပဳလုပ္ၿပီး ေရာင္ခ်ေလ့႐ွိေသးေၾကာင္း သိ႐ွိရပါတယ္ ။

အဘြားအိုဟာ သူ႔ရဲ႕လုပ္ငန္းကိုေန႔စဥ္မပ်က္လုပ္ကိုင္ေနေသးၿပီး ၊ သူ႔ကိုယ္သူ က်န္းမာေနဆဲ႐ွိေၾကာင္း အျမဲေျပာဆိုေလ့႐ွိသူလည္းျဖစ္ပါတယ္ ။ ထို႔အျပင္ Amri အမည္နဲ႔ Twitter အသံုးျပဳသူတစ္ေယာက္မွာလည္း အဆိုပါ Langkawi ကြၽန္းသို႔သြားေရာက္လည္ပတ္သူတိုင္း အဘြားရဲ႕ ပုဇြန္အႏွစ္ေလးကို ဝယ္ၿပီးအားေပးၾကဖို႔ ေဝမ်ွခဲ့ပါေသးတယ္ ။

အျခားေသာ social media အသံုးျပဳသူမ်ားက အသက္ 104 ႏွစ္႐ွိေနၿပီျဖစ္ေပမဲ့ က်န္းမာသန္စြမ္းေနေသးတဲ့ အဘြားရဲ႕က်န္းမာေရးကို အားက်ေနၾကၿပီး ၊ ၎တို႔ဆိုလ်ွင္ အသက္ 20 ေက်ာ္အရြယ္သာ႐ွိေသးေပမဲ့လည္း ေလွကားတက္ရတာကိုအျမဲညည္းညဴေနမိတဲ့၎တို႔ရဲ႕အျဖစ္ေၾကာင့္ အေတာ္ေလး႐ွက္မိေၾကာင္းလည္း ေျပာဆိုခဲ့ၾကပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူအတော်များများကတော့ အသက်60 ပြည့်ရင် အငြိမ်းစားယူတာတို့ ၊ အလုပ်ကနေ အနားယူလိုက်ကြတာမျိုးတို့ရှိပေမဲ့လည်း မလေးရှားနိုင်ငံ Langkawi ကျွန်းမှာနေထိုင်တဲ့ အသက် 104 နှစ်အရွယ် အဘွားအိုမှာတော့ နေ့စဉ်နေ့တိုင်း ပင်လယ်ထဲသို့သွားပြီး မနားတမ်း ငါးဖမ်းနေတုန်းပါပဲ ။ အဘွား၏ သားသမီးများ နှင့် မြေးမြစ်များက အဘွားကို အိမ်မှာသာ သက်သောင့်သက်သာအနေယူဖို့ပြောပေမဲ့လည်း အဘွားမှာတော့ လုံးဝလက်မခံဘဲ ငါးတွေ ၊ ပုဇွန်တွေဖမ်းပြီး အိမ်မှာလည်း ပုဇွန်အနှစ်များပြုလုပ်ပြီး ရောင်ချလေ့ရှိသေးကြောင်း သိရှိရပါတယ် ။

အဘွားအိုဟာ သူ့ရဲ့လုပ်ငန်းကိုနေ့စဉ်မပျက်လုပ်ကိုင်နေသေးပြီး ၊ သူ့ကိုယ်သူ ကျန်းမာနေဆဲရှိကြောင်း အမြဲပြောဆိုလေ့ရှိသူလည်းဖြစ်ပါတယ် ။ ထို့အပြင် Amri အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်မှာလည်း အဆိုပါ Langkawi ကျွန်းသို့သွားရောက်လည်ပတ်သူတိုင်း အဘွားရဲ့ ပုဇွန်အနှစ်လေးကို ဝယ်ပြီးအားပေးကြဖို့ ဝေမျှခဲ့ပါသေးတယ် ။

အခြားသော social media အသုံးပြုသူများက အသက် 104 နှစ်ရှိနေပြီဖြစ်ပေမဲ့ ကျန်းမာသန်စွမ်းနေသေးတဲ့ အဘွားရဲ့ကျန်းမာရေးကို အားကျနေကြပြီး ၊ ၎င်းတို့ဆိုလျှင် အသက် 20 ကျော်အရွယ်သာရှိသေးပေမဲ့လည်း လှေကားတက်ရတာကိုအမြဲညည်းညူနေမိတဲ့၎င်းတို့ရဲ့အဖြစ်ကြောင့် အတော်လေးရှက်မိကြောင်းလည်း ပြောဆိုခဲ့ကြပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment