အချစ်နဲ့နှောင်ကြိုးများကြောင့် ရက်ပေါင်း 100 ခွဲခွာပြီးနောက် ပြန်ဆုံတဲ့အချိန်မှာ လက်တွေ ဆုပ်ကိုင်ထားပြီး ကြည်နူးနေကြတဲ့ သက်ကြီးစုံတွဲ
JRose (Mckzone daily)
Reference : khaosod
Unicode
The Daily Mailreports က အိမ်ထောင်သက် 66 နှစ်ရှိပြီဖြစ်တဲ့ စုံတွဲတစ်တွဲရဲ့ ကြည်နူးဖွယ်ကောင်းတဲ့ ပုံရိမ်များက COVID-19 စည်းမျဉ်းများကြောင့် ရက်ပေါင်း 100 ခြားနေပြီး ပြန်စုံတဲ့ အခိုက်အတန့်လေးပါ ။ အသက် ၈၇ နှစ် အဘွားဂျွိုက်စ်နဲ့ အသက် ၈၉ နှစ် အဘိုးဂျော့ခ်ျဘဲလ် လို့ အရှိတဲ့ အင်္ဂလိပ်စုံတွဲများဖြစ်ပါတယ် ။ သူတို့စုံတွဲဟာ ကျန်းမာရေးပြဿနာများကြောင့် သမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသည်အထိ သီးခြားအခန်းများ ထားရှိခဲ့ပါတယ် ။ ၎င်းတို့စုံတွဲက ဆေးရုံမှဆင်းခဲ့ပြီး Middlesbrough ရှိ Tollesby Hall သက်ကြီးရွယ်အိုစောင့်ရှောက်မှုစင်တာမှာ ပြန်လည်ထူထောင်ရေးသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ် ။
ဒါပေမယ့် COVID-19 ပြန့်ပွားမှု တားဆီးရေး အစီအမံတွေကို လိုက်နာနိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အထိ အခန်းတွေ ခွဲပြီး ခွဲထားရပါတယ် ။ အဖွားဂျွိုက်စ်က တင်ပါးရိုးကျိုးသွားရာမှ ပြန်လည်ကောင်းမွန်လာကာ မြေညီထပ်အခန်းမှ အဘိုးအိုဆီ ခေါ်ဆောင်လာခဲ့ပါတယ် ။ ဆိုရှယ်မီဒီယာပေါ်မှာတော့ သူတို့စုံတွဲရဲ့ ပြန်လည်ဆုံတွေ့ကြတဲ့ အဘိုးအဘွားတွေရဲ့ ကြည်နူးစရာပုံလေးတွေပါ ။ အဖွားက စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ခင်ပွန်းကို ဖက်ပြီး မျက်ရည်နဲ့ ” မင်းအနားမှာ အမြဲရှိနေရင်် ဘယ်လောက်တောင် ကောင်စလိူက်မလဲ ” ဆိုပြီး ပြောဆိုနေခဲ့ပါတယ် ။ ဘာပဲဖြစ်ဖြစ် ခင်ပွန်းသည်က သူမလက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သူ့တစ်သက်လုံး ဘယ်တော့မှ ထားမသွားဘူးလို့ ပြောခဲ့ပါတယ် ။ သူတို့နှစ်ဦးရဲ့ အချစ်တွေက လူအများကို ကြည်နူးမျက်ရည်ကျစေခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "အချစ်နဲ့နှောင်ကြိုးများကြောင့် ရက်ပေါင်း 100 ခွဲခွာပြီးနောက် ပြန်ဆုံတဲ့အချိန်မှာ လက်တွေ ဆုပ်ကိုင်ထားပြီး ကြည်နူးနေကြတဲ့ သက်ကြီးစုံတွဲ"
Leave a comment
Your email address will not be published.
*