ဧရာမမိကျောင်းကြီးရဲ့ အစာအိမ်ထဲမှာ နှစ်ပေါင်း ၆၀၀၀ သက်တမ်းရှိ ရှေးဟောင်းပစ္စည်းတစ်ခုကို တွေ့ရှိခဲ့တဲ့ အမျိုးသားတစ်စု



JRose (Mckzone daily)

Reference : khaosod

Unicode

အမေရိကန်ပြည်ထောင်စုက Yasu City မှာ အမျိုးသားတစ်စုက Igel Lake ဧရိယာမှာ ပေါင် 750 (350 ကီလိုဂရမ်) အထိ အလေးချိန် 13 ပေ သို့မဟုတ် 4 မီတာရှိတဲ့ မိကျောင်းတစ်ကောင်ကို ဖမ်းမိပြီးနောက် ဘာတွေစားလဲကြည့်ဖို့ မိကျောင်းကို ခွဲခြမ်းစိပ်ဖြာရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ၎င်းရဲ့ အစာအိမ်ထဲမှာ ငါးအရိုးများ၊ အမွေးများနဲ့ ကွဲနေတဲ့ မြှားဦးခေါင်းနဲ့ မျက်ရည်စက်ပုံသဏ္ဍာန်ရှိတဲ့ အရာဝတ္ထုနှစ်ခုတို့ကို တွေ့ရှိခဲ့ပါတယ် ။ နောက်ပိုင်းမှာ အဆိုပါ ရှေးဟောင်းပစ္စည်းက နှစ်ပေါင်း 6,000 တိုင် ရှာဖွေလို့ မတွေ့ရှိသေးတဲ့ ရှေးဟောင်းပစ္စည်းများဖြစ်ကြောင်း သိရှိခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ် ။

ဘူမိဗေဒဒါရိုက်တာ James Starness က အဆိုပါအရာဝတ္ထုများကို ဆန်းစစ်ကြည့်ရာ လွန်ခဲ့တဲ့ နှစ်ပေါင်း 5000-6000 ခန့်က တည်ဆောက်ခဲ့တယ်လို့ ခန့်မှန်းခဲ့ပါတယ် ။ အဆိုပါအရာဝတ္ထုက လူအများနားလည်တဲ့အတိုင်း မြှားဦးခေါင်းမဟုတ်သော်လည်း လှံနဲ့တူတဲ့ အစောပိုင်းလက်နက်ရဲ့ဦးခေါင်းဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ် ။ ထိုရှေးဟောင်းပစ္စည်းများက မိကျောင်းဝမ်းထဲကို ဘယ်လို ရောက်သွားလဲဆိုတာကိုနော့ ပြောပြထားခြင်းမရှိပါ ။

JRose (Mckzone daily)

Be the first to comment on "ဧရာမမိကျောင်းကြီးရဲ့ အစာအိမ်ထဲမှာ နှစ်ပေါင်း ၆၀၀၀ သက်တမ်းရှိ ရှေးဟောင်းပစ္စည်းတစ်ခုကို တွေ့ရှိခဲ့တဲ့ အမျိုးသားတစ်စု"

Leave a comment

Your email address will not be published.


*