ဇွန်ဘီအရုပ်နဲ့ လက်ထပ်ပြီး အရုပ်က သူမအတွက် တည်ငြိမ်တဲ့ မိသားစုကို တည်ဆောက်ရန် နည်းလမ်းတစ်ခုလို့ ဆိုလာတဲ့ မိန်းကလေး

မက်ဆာချူးဆက်ပြည်နယ်မှ Felicity Rossi အမည်ရှိ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ Kelly ဆိုတဲ့ ဇွန်ဘီအရုပ်နဲ့ လက်ထပ်ခဲ့ပါတယ် ။ သူမ လက်ထပ်ယူရတဲ့ အကြောင်းရင်းက သူမအသက် 10 နှစ်အရွယ်မှာ ထိတ်လန့်ဖွယ်ရာဇာတ်လမ်းများကို စွဲလမ်းခဲ့တာကြောင့်ပါ ။ သူမက Kelly နဲ့တွေ့ဆုံပြီး သူမရဲ့မိဘများကို ကြောက်စရာကောင်းတဲ့ ဖုတ်ကောင်ရုပ်တစ်ရုပ်ကို ဝယ်ပေးရန် တောင်းဆိုခဲ့ပါတယ် ။

ဒါပေမယ့် မိဘတွေက ငြင်းဆိုပြီး ကလေးတွေအတွက် အရမ်းကြောက်ဖို့ကောင်းတယ်လို့ ပြောပါတယ် ။ ဒါပေမဲ့ သူမရဲ့အမေ ဝမ်းနည်းစွာနဲ့ ဆုံးပါးသွားတဲ့အခါမှာတော့ သူ့အဖေက သူမရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဖုတ်ကောင်ရုပ်တစ်ရုပ်ကို ဝယ်ပေးဖို့ သဘောတူခဲ့ပါတယ် ။

သူမနဲ့ အဆိုပါအရုပ်ဟာ ဖခင်သေဆုံးပြီးနောက် ပိုမိုရင်းနှီးလာပြီး နောက်ဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတယ်လို့ The Sun သို့ ပြောကြားခဲ့ပါတယ် ။

Felicity က အသက် 20 နှစ်မှာ ၊ Tiverton ရှိ ၎င်းတို့ရဲ့ အဖိုးအိမ်က ပြင်ပအခမ်းအနားတစ်ခုမှာ အရုပ်နဲ့ လက်ထပ်ခဲ့ပါတယ် ။ ဒီဆုံးဖြတ်ချက်အတွက် သူမပျော်ရွှင်နေချိန်မှာ မိန်းကလေးက ဆိုရှယ်မီဒီယာမှာ အမုန်းတရားတွေ အများကြီးရခဲ့တယ်လို့ ဆိုပါတယ် ။ တစ်စုံတစ်ယောက်က သူမကို စိတ်ရောဂါရှိသူလို့ စွပ်စွဲခဲ့ကြပါတယ် ။

အဆိုးမြင်တဲ့သဘောထားကို ရခဲ့ပြီးနောက် Felicity ဟာ အရုပ်ကို ဒေါသတကြီး ဖျက်ဆီးပြီး လူသားနဲ့ ပြန်ချိန်းတွေ့ဖို့ ကြိုးစားပါတယ် ။ ဒါပေမယ့် သူမနဲ့ သူမရဲ့ချစ်သူကို 2020 ခုနှစ်မှာဘဲ လမ်းခွဲခဲ့ကြတာကြောင့် အရုပ်နဲ့ ပြန်တွဲခဲ့ပါတယ် ။

Felicity က အရုပ်နဲ့ပြန်တွဲပြီး ၎င်းတို့ ဇနီးမောင်နှံမှာ သူမရဲ့စုဆောင်းမှုမှ အခြားအရုပ်များ အပါအဝင် ကလေးခြောက်ဦးရှိပါတယ် ။

လူတွေက သူမကို ထူးဆန်းတယ် ၊ စိတ်မနှံ့တဲ့လူလို့ ဆိုပေမဲ့ အရုပ်က သူမအတွက် တည်ငြိမ်သော မိသားစုကို တည်ဆောက်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း The Sun မှာ ပြောဆိုခဲ့ပါတယ် ။ သူမက လက်ရှိမှာ လူသားဆက်ဆံရေးသို့ ပြန်သွားရန် အစီအစဉ်မရှိသေးပါ။

Jasmine (Mckzone daily)

Reference : khaosod

Be the first to comment on "ဇွန်ဘီအရုပ်နဲ့ လက်ထပ်ပြီး အရုပ်က သူမအတွက် တည်ငြိမ်တဲ့ မိသားစုကို တည်ဆောက်ရန် နည်းလမ်းတစ်ခုလို့ ဆိုလာတဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*