တစ်ချိန်တည်းမှာဘဲ မိန်းကလေး ၅ဦးနဲ့ ယောကျာ်းလေး ၄ ဦးအပါအဝင် ကလေး၉ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အံ့ဖွယ်အမျိုးသမီး



JRose (Mckzone daily)

Reference : bestie

Unicode

ဆင်းရဲနွမ်းပါးတဲ့ အနောက်အာဖရိကနိုင်ငံ မြောက်ပိုင်းဒေသမှ Halima Cisse အမည်ရှိ အသက် 25 နှစ်အရွယ် အမျိုးသမီးတစ်ဦးက မိန်းကလေး ၅ ဦးနဲ့ ယောကျာ်းလေး ၄ ဦး အပါအဝင် ကလေး၉ ဦးကို။အောင်မြင်စွာ မွေးဖွားခဲ့ပါတယ် ။ လက်ရှိမှာ မိခင်ရော ကလေးပါ ကျန်းမာရေး တည်ငြိမ်နေပါတယ် ။ ကနဦးပိုင်း သူမရဲ့ကိုယ်ဝန်ကို စစ်ဆေးကြည့်ရာမှာ အာထရာဆောင်းက ကလေး ၇ ဦးဖြင့် ကိုယ်ဝန်ရှိကြောင်း တွေ့ရှိရပေမဲ့ Cisse မွေးလာတဲ့အခါမှာ ကျန်းမာတဲ့ ကလေး ၉ ယောက် မွေးဖွားလာခဲ့ပါတယ် ။ ထိုအလွန်ရှားပါးသောမွေးဖွားခြင်းကို လူတိုင်းက အံ့သြနေကြပါတယ် ။

မာလီကျန်းမာရေးဝန်ကြီးဌာနက အဆိုပါအမျိုးသမီးဟာ ခွဲစိတ်ကုသခြင်းဖြင့် မွေးဖွားခဲ့ကြောင်း သိရပါတယ် ။ ကလေးမွေးပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း မိခင်နဲ့ ကလေး ၁၀ ဦးစလုံး အိမ်ပြန်နိုင်မယ်လို့လည်း ကြေငြာခဲ့ပါတယ် ။ မွေးဖွားခြင်းမှာ အလွန်အောင်မြင်သော်လည်း လူများစွာက ထိုရှားပါးသောမွေးဖွားခြင်းအတွက် အံ့သြနေကြဆဲဖြစ်ပါတယ် ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်ခြင်းက မိခင်ရဲ့ ကျန်းမာရေးနဲ့ ကျောရိုးကို တိုက်ရိုက်ထိခိုက်စေပါတယ် ။ ဒါပေမဲ့ လူတိုင်းကတော့ Cisse နဲ့ သူမရဲ့ ကလေး ၉ ယောက်စလုံး ကျန်းမာပြီး အနာဂတ်မှာ ကောင်းမွန်စွာ ဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "တစ်ချိန်တည်းမှာဘဲ မိန်းကလေး ၅ဦးနဲ့ ယောကျာ်းလေး ၄ ဦးအပါအဝင် ကလေး၉ဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အံ့ဖွယ်အမျိုးသမီး"

Leave a comment

Your email address will not be published.


*