ပြသာနာတစ်ခုကို နှုတ်နဲ့ဖြေရှင်းရတာထက် သတ်ပုတ်ပြီးမှသာဖြေရှင်းရတာကို ကျေနပ်ကြတဲ့ အမျိုးသားတွေရဲ့ ရန်ပွဲ(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အရှေ့တောင်အာရှနိုင်ငံသား အတော်များများကို ပြသာနာတစ်ခုကိုနှုတ်နဲ့ဖြေရှင်ရတာထက် စိတ်လိုက်မှန်ပါ သတ်ပုတ်ပြီးဖြေရှင်းကြတာကို အတွေ့များလေ့ရှိကြတာက နေ့စဉ်လှုမှုဘဝပုံစံမျိုး ဖြစ်နေပါပြီ ။ ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံက ကားပါကင်တစ်ခုမှာ အမျိုးသား 3ယောက် ရန်ဖြတ်သတ်ပုတ်ခဲ့ကြတဲ့ ရုပ်သံဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ ပတ်ဝန်းကျင်မှ မျက်မြင်သက်သေများကတော့ ၎င်းအမျိုးသားများဟာ IP Man ဇာတ်ကား အကြည့်များပြီး ယခုလိုဖြစ်ပျက်ခဲ့တာဖြစ်ကြောင်း နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ် ။

အဆိုပါ အဖြစ်အပျက်ဟာ ညနေ 7:42 အချိန်ခန့်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး အသက် 65 အရွယ်အမျိုးသားတစ်ယောက် နှင့် အသက် 30 နှင် 35 အရွယ်အမျိုးသား နှစ်ယောက်တို့ပါဝင်ခဲ့ကြကြောင်း သိရှိရပါတယ် ။ တစ်ယောက်တည်းဖြစ်ခဲ့တဲ့ အသက် 35 နှစ်အရွယ်အမျိုးသားမှာတော့ သတိရှိနေသေးပေမဲ့လည်း ဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှုများခံယူခဲ့ရကြောင်း သိရှိရပါတယ် ။ အဆိုပါ 3ယောက်ထဲကမှ အသက်အကြီးဆုံးအမျိုးသားမှာတော့ လုံးပန်းသတ်ပုတ်ခြင်း ၊ ဥပဒေနဲ့ဆန့်ကျင်တဲ့ခြိမ်းခြောက်မှုတွေကြောင့် ထောင်ဒဏ်ကျခံရနိုင်ကြောင်း သိရှိရပါတယ် ။

ထို့ကြောင့် မည်သည့်အရာပဲဖြစ်ဖြစ် ပြသာနာတစ်ခုကို စိတ်လိုက်မှန်ပါဖြေရှင်းရတာထက် ၊ တစ်ဖက်က ခြိမ်းခြောက်လာမည်ဆိုပါက တာဝန်ရှိသူများကိုတိုင်ကြားပြီး စိတ်အေးအေးဖြင့် ပြသာနာကိုဖြေရှင်းသင့်ကြောင်း အကြံပေးလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment