ဇနီးဖြစ်သူ ကင်ဆာရောဂါခံစားနေရတဲ့အခိုက်အတန့်လေးကို မှတ်တမ်းရိုက်ယူထားပြီး စာအုပ်ထုတ်ဝေရောင်းချခဲ့တဲ့ ခင်ပွန်း




.

.

.

.

.

.

.

.

.

.

.

.

.

.

.

JRose (Mckzone daily)

Reference : buzznicked

Unicode

ဓာတ်ပုံဆရာ Angelo Merendino က Jennifer လို့ခေါ်တဲ့ အမျိုးသမီးနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး နယူးယောက်မြို့ Central Park မှာ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်ခဲ့ကြပါတယ် ။ ငါးလအကြာမှာ Jen က ရင်သားကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ် ။ Angelo ရဲ့ Vlog မှ “အချိန်အတိအကျကို မှတ်မိတယ်… Jen ရဲ့ အသံနဲ့ ထုံကျင်နေတဲ့ ခံစားချက်ကို ဖုံးအုပ်ထားတယ်။ အဲဒီခံစားချက်က ဘယ်တော့မှ မကျန်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် မျက်လုံးတွေကို ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် လက်ကို ဆုပ်ကိုင်ထားပုံကိုလည်း ဘယ်တော့မှ မမေ့ပါဘူး။” ဆိုပြီး ဝေမျှခဲ့ပါတယ် ။

Jennifer ရဲ့ တိုက်ပွဲတစ်လျှောက်မှာ Angelo က ဓာတ်ပုံရိုက်ရန် ဆုံးဖြတ်ခဲ့ပြီး Angelo က “The Battle We Didn’t Select, My Wife’s Fight with Breast Cancer” ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ် ။ စာအုပ်ရောင်းရငွေမှ အမြတ်ငွေရဲ့ ၅၀%ကို ရင်သားကင်ဆာကုသမှုခံယူနေစဉ် လိုအပ်နေတဲ့ အမျိုးသမီးများကို ငွေကြေးအကူအညီပေးတဲ့ အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်တဲ့ The Love You Share သို့ လှူဒါန်းမှာ ဖြစ်ပါတယ် ။

ဒါဟာ သူ့မိန်းမကို အရာအားလုံးထက် ပိုချစ်တယ်ဆိုတာ သိသာပါတယ် ။ ဒီအကြောင်းအရာလေးကတော့ ကိုယ့်ကို ကြေကွဲစေပြီး ချစ်ရတဲ့သူတွေနဲ့ ဆက်ဆံရတဲ့လူတွေအကြောင်း တွေးရတာ နာကျင်စရာပါပဲ ။ Angelo နဲ့ Jennifer အကြောင်းပိုမိုသိရှိလိုပါက Angelo ရဲ့ Vlog မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ။ စာဖတ်သူတို့ကော လူတစ်ယောက်ကို ကင်ဆာရောဂါနဲ့ ဆုံးရှုံးလိုက်ရဖူးလား ။

JRose (Mckzone daily)

Be the first to comment on "ဇနီးဖြစ်သူ ကင်ဆာရောဂါခံစားနေရတဲ့အခိုက်အတန့်လေးကို မှတ်တမ်းရိုက်ယူထားပြီး စာအုပ်ထုတ်ဝေရောင်းချခဲ့တဲ့ ခင်ပွန်း"

Leave a comment

Your email address will not be published.


*