စွဲမတ်ဖွယ်ကောင်းတဲ့ကြွက်သားတွေကြောင့် ကျော်ကြားလာခဲ့ပြီး ဆုပေါင်း ၆၀ နီးပါး ပိုင်ဆိုင်ထားတဲ့ အသက် 57 နှစ်အရွယ် အမျိုးသား

An Giang ပြည်နယ်တွင် မွေးဖွားတဲ့ အမေရိကန်နိုင်ငံသား အသက် 57 နှစ် အရွယ် Mr.Ly Nhon က ထင်ရှားကျော်ကြားတဲ့ ကာယဗလသမားတစ်ဦးဖြစ်ခဲ့ပါတယ် ။ အကြောင်းပြချက်မှာ သူက နာမည်ကျော် မန်ဂါစီးရီး Dragon Ball ရဲ့ ဇာတ်ကောင် Old Kame နဲ့ တူသောကြောင့် ဖြစ်ပါတယ် ။ ထိုအချိန်မှာ လူများစွာက သူ့ရဲ့ခန္ဓာကိုယ်ကို သဘောကျရုံသာမက သူ့ရဲ့ ထူးခြားတဲ့မျက်နှာ၊ မုတ်ဆိတ်မွေးနဲ့ ပြောင်လက်နေတဲ့ ခေါင်းများကိုလည်း သဘောကျခဲ့ကြပါတယ် ။ CafeF ရဲ့ အစီရင်ခံချက်အရ Ly Nhon က အသက် 46 နှစ်အထိ ပရော်ဖက်ရှင်နယ် ကာယဗလပြိုင်ပွဲများမှာ စတင်ပါဝင်ခဲ့ပါတယ် ။

အဲဒီ့မတိုင်ခင်က သူဟာ လက်သည်းပညာရှင်အဖြစ် အနှစ် 30 လောက်လုပ်ခဲ့ပြီး ဆိုင်ထဲကိုဝင်သွားတဲ့ ဖောက်သည်တိုင်းနီးပါးဟာ သူလို ကြွက်သားသန်မာတဲ့ဝန်ထမ်းနဲ့ တစ်ခါမှမတွေ့ဖူးတာကြောင့် အံ့အားသင့်ခဲ့ရပါတယ် ။

Ly Nhon က အားကစားသမားတစ်ဦးဖြစ်လာရန် ဆုံးဖြတ်ပြီးမှသာ လက်သည်းအလှပြင်ဆိုင်အလုပ်ကိုနုတ်ထွက်ခဲ့ပါတယ် ။ အဲ့ဒီအချိန်မှ စပြီး ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတဲ့ အစားအစာတွေကို မစားဘဲ နေ့တိုင်း Gym သွားလေ့ရှိတဲ့ အလေ့အထကို ဆက်လက်ထိန်းသိမ်းထားပါတယ် ။

“ကျွန်တော် ပရော်ဖက်ရှင်နယ် ကိုယ်ကာယလေ့ကျင့်ခန်းကို စလုပ်တုန်းက ပုံမှန်အားဖြင့် နေ့တိုင်း ည ၉ နာရီမှာ စပြီး တစ်ပတ်ကို ၅ ရက် အနည်းဆုံး လေ့ကျင့်ခန်းလုပ်တယ်။

ပြိုင်ပွဲဝင်ဖို့ ပြင်ဆင်တဲ့အခါ တစ်ပတ်လျှင် ၇ ရက်၊ တစ်နေ့ ၂ ကြိမ် လေ့ကျင့်ပါတယ်။ ပျမ်းမျှအားဖြင့် လေ့ကျင့်ခန်းတစ်ခုစီတိုင်းမှာ ကျွန်ုပ်ရဲ့ လေ့ကျင့်ခန်းအားလုံးရဲ့ စုစုပေါင်းအလေးချိန်က ၁၀ တန်ကျော်အထိ ရှိလာနိုင်တယ်။ “လို့ Ly Nhon က ဆိုပါတယ် ။

Ly Nhon က မကြာခဏဆိုသလို လေ့ကျင့်မှုတွင်နဲ့ဘဲ အချိန်များစွာကုန်ဆုံးသောကြောင့် သူ့ရဲ့ဆွေမျိုးများထံမှ ပံ့ပိုးကူညီမှုကို မရရှိခဲ့ပါ ။ ဒါပေမယ့် Ly Nhon အတွက်ကတော့ Gym ထဲဝင်ပြီး စင်ပေါ်မှာ ကြွက်သားတွေ တောင့်တင်းနေနိုင်တာဟာ ပြောရခက်တဲ့ ပျော်ရွှင်မှုတစ်ခုပါပဲ ။

ထို့ကြောင့် မိမိဝါသနာပါရာကို လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်ထားပြီး ဆုများစွာ ကြီးကြီးငယ်ငယ် အိမ်ကို ယူဆောင်လာခဲ့ပါတယ် ။ 10 နှစ်ကျော် ကြိုးကြိုးစားစားလုပ်ပြီးနောက် Ly Nhon က United States နဲ့ နိုင်ငံတကာမှာ ကိုယ်ကာယလေ့ကျင့်မှုပြိုင်ပွဲများပါဝင်ပြီးနောက် ဆုပေါင်း 60 နီးပါး ပိုင်ဆိုင်ထားကြောင်း သိရှိရပါတယ် ။

အသက် 57 နှစ်မှာ Ly Nhon က အလုပ်အတွက်သာမက သူ့ကျန်းမာရေးအတွက်ပါ အတတ်နိုင်ဆုံး ကြိုးစားလေ့ကျင့်နေဆဲဖြစ်ပါတယ် ။

JRose (Mckzone daily)

Reference : yan

Be the first to comment on "စွဲမတ်ဖွယ်ကောင်းတဲ့ကြွက်သားတွေကြောင့် ကျော်ကြားလာခဲ့ပြီး ဆုပေါင်း ၆၀ နီးပါး ပိုင်ဆိုင်ထားတဲ့ အသက် 57 နှစ်အရွယ် အမျိုးသား"

Leave a comment

Your email address will not be published.


*