16 နှစ်အရွယ်မှာ စီးပွားရေးစတင်ပြီး ယခုမှာ စတိုးဆိုင် 4 ဆိုင်ရှိရုံတင်မကဘဲ 7 ဘီလီယံကျော် တဲ့ အိမ်တစ်လုံးကို ကိုယ်ပိုင်ဝယ်ယူနိုင်တဲ့ မိန်းမချောလေး




JRose (Mckzone daily)

Reference : bestie

Unicode

Vietnamnet ရဲ့သတင်းအချက်အလက်များအရ Vo Ngoc Tran လို့ခေါ်တဲ့ မိန်းကလေးဟာ ဟိုချီမင်းမြို့ရှိ တက္ကသိုလ်တစ်ခုရဲ့ ဒုတိယနှစ်ကျောင်းသူဖြစ်ပါတယ် ။ သူမ အသက် ၂၀ နှစ်အရွယ်မှာ 7 ဘီလီယံကျော်တန်အိမ်တစ်လုံးကို သူကိုယ်တိုင်ဝယ်ယူခဲ့ပြီး လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါတယ် ။ သူမ ယခုလို အောင်မြင်ရခြင်းက အသက် ၁၆ နှစ်အရွယ်မှာ သူမရဲ့ မွေးစားအမေက ရုရှားပရိဘောဂတွေနဲ့ အလှကုန်တွေကို သုံးဖို့ ပို့ပေးခဲ့ပါတယ် ။ အဲ့တာတွေကို သူမတစ်ယောက်တည်း သုံးလို့မကုန်တာကြောင့် ရောင်းပြီး တဖြည်းဖြည်းနဲ့ ရောင်းကောင်းလာခဲ့ပါတယ် ။ ဒါကြောင့် တကယ်စီးပွားရေးလုပ်ဖို့ မွေးစားအမေကို ပစ္စည်းများ ပိုပို့ခိုင်းခဲ့ပြီး ၃ လအတွင်းမှာ သူ့မက ဆိုင်ကယ်အသစ်ဝယ်ယူနိုင်ခဲ့ပါတယ် ။

Tran က လက်ရှိမှာ စတိုးဆိုင် ၄ ဆိုင်၊ အွန်လိုင်းစတိုး ၃ ဆိုင်ရှိပါတယ် ။ ကျောင်းတက်နေစဉ်မှာ စီးပွားရေးလုပ်နေတော့ တစ်ခါတစ်ရံ Tran အတွက် သိပ်အဆင်မပြေပေမဲ့ ဝန်ထမ်းများကို ငှားရမ်းခြင်းနဲ့ နည်းပညာအသုံးပြုခြင်းကြောင့် အရာအားလုံးက တဖြည်းဖြည်း တည်ငြိမ်လာပါတယ် ။ အသက် 20 မှာ Ngoc Tran က သူ့ဘာသာသူ အိမ်တစ်လုံးဝယ်နိုင်ကြောင်း ဝေမျှရင်း လူအများက အဆင်မပြေတဲ့ မှတ်ချက်များ ပေးခဲ့ကြရာ မိန်းကလေးက “ ကျွန်မက လူတွေပြောတဲ့ ကောလဟာလတွေ ကြားနေရလို့ ငါ့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုတဲ့အတွက် အရမ်းဝမ်းနည်းမိပါတယ်” လို့ ပြောခဲ့ပါတယ် ။

Ngoc Tran ဟာ သူကိုယ်တိုင်နဲ့ သူ့ပတ်ဝန်းကျင်က လူတွေကို လှုံ့ဆော်ပေးဖို့အတွက် လူမှုကွန်ရက်မှာ ဝင်ငွေ တစ်လကို ဒေါင်သန်း ၃၀၀ အထိ မျှဝေလေ့ရှိပေမယ့် အခုတော့ နာမည်ဆိုးကို ရှောင်ရှားဖို့ မျှဝေခြင်းမပြုတော့ပါဘူး ။ ဒါပေမဲ့ သူမငယ်ငယ်လေးနဲ့ အောင်မြင်တာကိုတော့ ကျွန်တော် ဂုဏ်ယူမိပါတယ် ။ Ngoc Tran က ကြိုးကြိုးစားစား သင်ယူပြီး ဝင်ငွေအလွန်ကောင်းတဲ့ “ပြည်သူ့သမီး” အမျိုးအစားတစ်ယောက်ပင် ဆိုနိုင်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "16 နှစ်အရွယ်မှာ စီးပွားရေးစတင်ပြီး ယခုမှာ စတိုးဆိုင် 4 ဆိုင်ရှိရုံတင်မကဘဲ 7 ဘီလီယံကျော် တဲ့ အိမ်တစ်လုံးကို ကိုယ်ပိုင်ဝယ်ယူနိုင်တဲ့ မိန်းမချောလေး"

Leave a comment

Your email address will not be published.


*