အျခားၿမိဳ႕ကို သြားရေတာ့မွာျဖစ္တဲ့အတြက္ ေခြးေလးကို ေပြ႕ဖက္ရင္း အႀကီးအက်ယ္ငိုေႂကြးေနခဲ့တဲ့ အလုပ္သမားတစ္ဦး

တခါတရံမွာ ကြၽႏ္ုပ္တို႔ တကယ္တန္ဖိုးထားတဲ့အရာကို မေပးခ်င္ေပမယ့္လည္း ေပးရတတ္ပါတယ္ ။ ဥပမာအားျဖင့္ အခုေဖာ္ျပေပးမဲ့အမ်ိဳးသားတစ္ဦးက ေခြးတစ္ေကာင္ကို ေပးလႉရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ Tieu Dien လို႔ေခၚတဲ့ ေခြးဟာ ေခြးေလေခြးလြင့္တစ္ေကာင္ျဖစ္ၿပီး အလုပ္သမားတစ္ဦးနဲ႔ မေတာ္တဆ ေတြ႕ဆုံခဲ့ပါတယ္ ။ သူ႔ရဲ႕ ခ်စ္ျခင္းေမတၱာေၾကာင့္ ေခြးကို ေမြးစားဖို႔ ဆုံးျဖတ္ခဲ့တာပါ ။ သူနဲ႔ ေခြးေလးဟာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ႀကီးတစ္ခုရဲ႕ အလယ္မွာ ယာယီ သံေခ်ာအိမ္ေလးမွာသာ ေနထိုင္ေနရေပမယ့္ အလုပ္သမားက Tieu Dien ကို ဂ႐ုစိုက္ဖို႔ အတတ္ႏိုင္ဆုံး ႀကိဳးစားေနဆဲပါ ။

ဒါေပမဲ့ ပေရာဂ်က္ကို ၿပီးေျမာက္ၿပီးေနာက္ သူ႔အလုပ္ဆက္လုပ္ရန္ အျခားေနရာသို႔ ေျပာင္းေ႐ြ႕သြားရမာျဖစ္ပါတယ္ ။ အေျခအေနက ခြင့္မျပဳေသာေၾကာင့္ ထိုအလုပ္သမားက ေခြးေလးကို မေခၚေဆာင္ႏိုင္ဘဲ သခင္အသစ္ ရွာေပးရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ သူတို႔ႏွစ္ဦး လမ္းခြဲလိုက္တဲ့ အခိုက္မွာ လူမ်ားစြာကို ေႂကြကြဲေစခဲ့ပါတယ္ ။ ေခြးကေလး သခင္အသစ္စီ ထြက္ခြာတဲ့ေန႔မွာ သူ႔ရဲ႕သခင္ေဟာင္းကို ေနာက္ဆုံးအႀကိမ္အျဖစ္ ေတြ႕ရွိမွာကို သေဘာေပါက္သြားပုံရၿပီး ေကာင္ေလးက ပ်င္းရိစြာ စားေသာက္ကာ မေႏွာင့္ယွက္ဘဲ သူ႔ရဲ႕ ပုံမွန္ ႐ႊင္လန္းတဲ့ အသြင္အျပင္လည္း ေပ်ာက္ကြယ္သြားခဲ့ပါတယ္ ။

Tieu Dien ေခြးေလးက အလုပ္သမားရဲ႕ ေျခေထာက္ကို အေျပးအလႊား ေပြ႕ဖက္လိုက္ပါတယ္ ။ အလုပ္သမားက မ်က္ရည္မ်ား ထိန္းမရျဖစ္ကာ ေခြးကို ေပြ႕ဖက္ထားၿပီး အႀကီးအက်ယ္ ေပါက္ကြဲသြားခဲ့ပါတယ္ ။ ထိုအခိုက္အတန႔္က သန္းေပါင္းမ်ားစြာေသာ လူေတြရဲ႕ ႏွလုံးသားမ်ားကို တုန္လႈပ္ေစခဲ့ပါတယ္ ။ ေခြးမ်ားက လူတို႔ရဲ႕ဘဝမွာ မ်ိဳးဆက္ေပါင္းမ်ားစြာ တည္ရွိေနတဲ့ တိရစာၦန္မ်ားျဖစ္ပါတယ္ ။ ၎တို႔က ၎တို႔ရဲ႕ ပိုင္ရွင္မ်ားကို ကာကြယ္ရန္ မိမိကိုယ္ကို စြန႔္စားကာ သမိုင္းမွာ သစၥာအရွိဆုံး အိမ္ေမြးတိရစာၦန္မ်ားလို႔ ဆိုၾကပါတယ္ ။

JRose (Mckzone daily)

Reference : yan

Unicode

တခါတရံမှာ ကျွန်ုပ်တို့ တကယ်တန်ဖိုးထားတဲ့အရာကို မပေးချင်ပေမယ့်လည်း ပေးရတတ်ပါတယ် ။ ဥပမာအားဖြင့် အခုဖော်ပြပေးမဲ့အမျိုးသားတစ်ဦးက ခွေးတစ်ကောင်ကို ပေးလှူရန် ဆုံးဖြတ်ခဲ့ပါတယ် ။ Tieu Dien လို့ခေါ်တဲ့ ခွေးဟာ ခွေးလေခွေးလွင့်တစ်ကောင်ဖြစ်ပြီး အလုပ်သမားတစ်ဦးနဲ့ မတော်တဆ တွေ့ဆုံခဲ့ပါတယ် ။ သူ့ရဲ့ ချစ်ခြင်းမေတ္တာကြောင့် ခွေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တာပါ ။ သူနဲ့ ခွေးလေးဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုရဲ့ အလယ်မှာ ယာယီ သံချောအိမ်လေးမှာသာ နေထိုင်နေရပေမယ့် အလုပ်သမားက Tieu Dien ကို ဂရုစိုက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေဆဲပါ ။

ဒါပေမဲ့ ပရောဂျက်ကို ပြီးမြောက်ပြီးနောက် သူ့အလုပ်ဆက်လုပ်ရန် အခြားနေရာသို့ ပြောင်းရွေ့သွားရမာဖြစ်ပါတယ် ။ အခြေအနေက ခွင့်မပြုသောကြောင့် ထိုအလုပ်သမားက ခွေးလေးကို မခေါ်ဆောင်နိုင်ဘဲ သခင်အသစ် ရှာပေးရန် ဆုံးဖြတ်ခဲ့ပါတယ် ။ သူတို့နှစ်ဦး လမ်းခွဲလိုက်တဲ့ အခိုက်မှာ လူများစွာကို ကြွေကွဲစေခဲ့ပါတယ် ။ ခွေးကလေး သခင်အသစ်စီ ထွက်ခွာတဲ့နေ့မှာ သူ့ရဲ့သခင်ဟောင်းကို နောက်ဆုံးအကြိမ်အဖြစ် တွေ့ရှိမှာကို သဘောပေါက်သွားပုံရပြီး ကောင်လေးက ပျင်းရိစွာ စားသောက်ကာ မနှောင့်ယှက်ဘဲ သူ့ရဲ့ ပုံမှန် ရွှင်လန်းတဲ့ အသွင်အပြင်လည်း ပျောက်ကွယ်သွားခဲ့ပါတယ် ။

Tieu Dien ခွေးလေးက အလုပ်သမားရဲ့ ခြေထောက်ကို အပြေးအလွှား ပွေ့ဖက်လိုက်ပါတယ် ။ အလုပ်သမားက မျက်ရည်များ ထိန်းမရဖြစ်ကာ ခွေးကို ပွေ့ဖက်ထားပြီး အကြီးအကျယ် ပေါက်ကွဲသွားခဲ့ပါတယ် ။ ထိုအခိုက်အတန့်က သန်းပေါင်းများစွာသော လူတွေရဲ့ နှလုံးသားများကို တုန်လှုပ်စေခဲ့ပါတယ် ။ ခွေးများက လူတို့ရဲ့ဘဝမှာ မျိုးဆက်ပေါင်းများစွာ တည်ရှိနေတဲ့ တိရစ္ဆာန်များဖြစ်ပါတယ် ။ ၎င်းတို့က ၎င်းတို့ရဲ့ ပိုင်ရှင်များကို ကာကွယ်ရန် မိမိကိုယ်ကို စွန့်စားကာ သမိုင်းမှာ သစ္စာအရှိဆုံး အိမ်မွေးတိရစ္ဆာန်များလို့ ဆိုကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အျခားၿမိဳ႕ကို သြားရေတာ့မွာျဖစ္တဲ့အတြက္ ေခြးေလးကို ေပြ႕ဖက္ရင္း အႀကီးအက်ယ္ငိုေႂကြးေနခဲ့တဲ့ အလုပ္သမားတစ္ဦး"

Leave a comment

Your email address will not be published.


*