ချစ်သူကောင်မလေးအသစ်ကို လက်ဆောင်ပေးဖို့အတွက် သူမထံမှဝက်ဝံရုပ်ကိုပြန်တောင်းနေခဲ့တဲ့ ရည်းစားဟောင်းရဲ့အဖြစ်ကိုချပြခဲ့တဲ့ မိန်းကလေး

ကိုယ့်ချစ်သူ ၊ ဇနီး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ မိသားစုဝင်ဖြစ်စေ သူစိမ်းဖြစ်စေ ကျွန်တော်တို့က တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးမည်ဆိုပါက ၎င်းလက်ဆောင်ဟာ ကိုယ့်စိတ်ဆုံးဖြတ်ပြီး လွတ်လပ်စွာပေးဆောင်ခဲ့တဲ့အရာဖြစ်တာကြောင့် လက်ဆောင်က ထိုလူတစ်ဦးတစ်ယောက်ဆီကိုရောက်သွားတဲ့အခါ နောက်ဆုံး အကယ်လို့များ ဆက်ဆံရေးတွေပျက်ပြယ်သွားခဲ့ရင်တောင် ၎င်းက သူတို့အပိုင်ဖြစ်သွားပြီဆိုပြီး ၎င်းက ချေးထားတဲ့ပစ္စည်းလိုမဟုတ်ဘဲ ဒီတိုင်းလက်ဆောင်တစ်ခုလို့သာ ကျွန်တော်တို့ကသတ်မှတ်ထားတတ်ကြပါတယ်။ သို့ပေမဲ့ ကောင်လေးတစ်ဦးအတွက်ကတော့ အဲ့ဒီသတ်မှတ်ချက်က မရှိနေခဲ့ပါဘူး။

ဒါ့ကြောင့် သူနဲ့ Hannah Hernandez ဆိုတဲ့ မိန်းကလေးတို့နှစ်ဦးလမ်းခွဲလိုက်တဲ့အခါ သူဟာ သူ့ချစ်သူကောင်မလေးအသစ်ကိုပေးဖို့ Hannah ထံ အရင်ကပေးခဲ့ဖူးတဲ့ဝက်ဝံရုပ်ကို သူ့အားပြန်ပေးဖို့အတွက် မက်ဆေ့ခ်ျပို့ခဲ့ပါတယ်။

မက်ဆေ့ခ်ျကြောင့် တစ်ချိန်တည်း ရယ်မော၊ဒေါသထွက်သွားခဲ့တဲ့ Hannah ဟာ သူပြန်လိုချင်နေတဲ့ဝက်ဝံရုပ်ကိုပြန်ပေးဖို့တောင်းနေတဲ့ မျက်နှာပြောင်တိုက်တဲ့ရည်းစားဟောင်းရဲ့မက်ဆေ့ခ်ျကို facebook မှာ ပြန်တင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

၎င်းမက်ဆေ့ခ်ျမှာ ကောင်လေးက Hannah ကို ဝက်ဝံရုပ်ပြန်ပေးဖို့ တောင်းဆိုနေခဲ့ပြီး ၎င်းအရုပ်က ဈေးကြီးသလို သူ့ရဲ့လက်ရှိရည်းစားအတွက် အသစ်တစ်ရုပ်ဝယ်ပေးဖို့ သူ့မှာပိုက်ဆံမရှိတဲ့အကြောင်းကို ပြောနေခဲ့ပါတယ်။

ထို့နောက် Hannah အတွက်ခံပြင်းခဲ့ကြတဲ့ Netizen များစွာက Hannah အား သူမမှာ မိန်းကလေးတွေကို ဘယ်လိုလေးစားရမှန်းမသိတဲ့ဒီလိုကောင်လေးနဲ့ပြတ်သွားခဲ့တာကံကောင်းတယ်လို့ မှတ်ချက်ပေးခဲ့ကြသလို အချို့ကလည်း ချစ်သူအသစ်က Hannah ရဲ့ post ကိုတွေ့ပြီး လက်ဆောင်ကိုငြင်းပယ်လိုက်ဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

ပြောစရာမလိုအောင်ဘဲ ဒီပို့စ်ဟာ အတော်လေးပျံ့နှံ့သွားခဲ့ပြီး တုံ့ပြန်မှုပေါင်း 35k ကျော်၊ မျှဝေမှု 18.7k နဲ့ မှတ်ချက်ပေါင်း 2.2k ကျော်ရရှိခဲ့ပါတယ်။

ပြတ်သွားတဲ့ရည်းစားဟောင်းဆီကို လက်ဆောင်ပြန်တောင်းတာကိုတော့ မလုပ်သင့်ပါဘူးဗျာ။ စာဖတ်သူတို့ကော ဘယ်လိုထင်မိပါသလဲဗျာ။

Jasmine (Mckzone daily)

Reference : rachfeed

Be the first to comment on "ချစ်သူကောင်မလေးအသစ်ကို လက်ဆောင်ပေးဖို့အတွက် သူမထံမှဝက်ဝံရုပ်ကိုပြန်တောင်းနေခဲ့တဲ့ ရည်းစားဟောင်းရဲ့အဖြစ်ကိုချပြခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*