တြန္းလွည္းကို အရွိန္ေႏွးေႏွးနဲ႔တြန္းေနခဲ့တဲ့ အဘိုးအားကူညီဖို႔ ေနာက္ကေနတေကာက္ေကာက္လိုက္ေနခဲ့ၾကတဲ့ ေခြးေလးႏွစ္ေကာင္ (႐ုပ္သံ)

ကြၽန္ေတာ္တို႔ဟာ အသက္ႀကီးလာတဲ့အခါ ကိုယ့္ဘာသာကိုယ္လုပ္ရွားရတာခက္လာၿပီး အခ်ိဳ႕ေသာအရာမ်ားကိုလုပ္ေဆာင္ဖို႔ လက္တစ္ကမ္းလိုအပ္ႏိုင္ေပမဲ့ ဒီအဘိုးတစ္ဦးကေတာ့ မေမွ်ာ္လင့္ထားတဲ့အရာတစ္ခုထံမွအကူအညီကိုလက္ခံရရွိခဲ့ပါတယ္။ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးခရီးသည္တစ္ဦးမွ႐ိုက္ကူးထားသည့္ 10 စကၠန႔္ဗီဒီယိုတြင္ အဘိုးအိုတစ္ဦးဟာ အလြန္ေလးလံတဲ့လွည္းကိုတြန္းေနရင္း လမ္းေဘး၌လမ္းေလွ်ာက္ေနသည္ကိုေတြ႕ခဲ့ရပါတယ္။ တြန္းလွည္းမွာ သစ္သီးေသတၱာေတြျပည့္ေနၿပီး သူ႔အရွိန္က ေတာ္ေတာ္ေႏွးေနတာေၾကာင့္ အဘိုးဟာလွည္းတြန္းဖို႔ ခက္ေနပုံရပါတယ္။

ဗီဒီယိုထဲမွာ သစ္သီးမ်ားနဲ႔ျပည့္ေနၿပီးေလးလံတဲ့လွည္းကိုတြန္းေနတဲ့အဘိုးဟာ ကူညီမယ့္သူမရွိတာေၾကာင့္ သနားစရာေကာင္းေနေပမယ့္ အခ်ိန္အေတာ္ၾကာၿပီးေနာက္မွာ ေခြးႏွစ္ေကာင္ေပၚလာခဲ့ၿပီး အဘိုးအိုေနာက္ကေန လမ္းေလွ်ာက္လာတာကိုျမင္ေတြ႕ခဲ့ရပါတယ္။ အဘိုးႀကီးဟာတစ္ေယာက္တည္းမဟုတ္ေနဘဲ တကယ္ေတာ့ သူ႔ကိုကူညီေပးေနတဲ့ ဒီေခြးႏွစ္ေကာင္ရွိေနခဲ့ၿပီး ေခြးေလးေတြက အျပာေရာင္ႏွင့္ မီးခိုးေရာင္ ျခင္းေတာင္းေတြကိုသယ္ေဆာင္လာသည္ကိုျမင္ေတြ႕ရၿပီး အဘိုးရဲ႕ အရွိန္ကိုခ်ိန္ညႇိကာ အေနာက္ကေန ျဖည္းညႇင္းစြာလိုက္ေနခဲ့ၾကပါတယ္။

ေခြးေလးေတြက အလုပ္ႀကိဳးစားေနတဲ့အဘိုးကို ျမင္ရတာစိတ္မသက္သာျဖစ္ၿပီး ျခင္းေတာင္းမ်ားအား ကူသယ္ေပးဖို႔ဆုံးျဖတ္ခဲ့ပုံရပါတယ္။ ေခြးေလးေတြက အဘိုးကိုအေဖာ္လိုက္ေပး႐ုံသာမကဘဲ အကူအညီပါေပးေနခဲ့ပါတယ္။ အဘိုးဟာ ခက္ခက္ခဲခဲ တစ္ခုခုလုပ္ေနခ်ိန္မွာေတာင္ သူ႔မွာ ခ်စ္ခင္ရင္းႏွီးတဲ့အေပါင္းအသင္းေတြရွိတဲ့အခါ ဤအရာကိုေက်ာ္ျဖတ္ႏိုင္မယ္လို႔ယုံၾကည္မိပါတယ္။ ဤအေျခအေနကိုၾကည့္ၿပီး လူအမ်ားအျပားက ထိုကဲ့သို႔ လိမၼာေရးျခားရွိၿပီး အလြန္ကြၽမ္းက်င္တဲ့ေခြးေလးေတြကို ေမြးျမဴသည့္အတြက္ အဘိုးကို အေတာ္ေလးခ်ီးက်ဴးခဲ့ၾကပါတယ္ ။

Mia (Mckzone daily)

Reference : goodtimes

Unicode

ကျွန်တော်တို့ဟာ အသက်ကြီးလာတဲ့အခါ ကိုယ့်ဘာသာကိုယ်လုပ်ရှားရတာခက်လာပြီး အချို့သောအရာများကိုလုပ်ဆောင်ဖို့ လက်တစ်ကမ်းလိုအပ်နိုင်ပေမဲ့ ဒီအဘိုးတစ်ဦးကတော့ မမျှော်လင့်ထားတဲ့အရာတစ်ခုထံမှအကူအညီကိုလက်ခံရရှိခဲ့ပါတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးခရီးသည်တစ်ဦးမှရိုက်ကူးထားသည့် 10 စက္ကန့်ဗီဒီယိုတွင် အဘိုးအိုတစ်ဦးဟာ အလွန်လေးလံတဲ့လှည်းကိုတွန်းနေရင်း လမ်းဘေး၌လမ်းလျှောက်နေသည်ကိုတွေ့ခဲ့ရပါတယ်။ တွန်းလှည်းမှာ သစ်သီးသေတ္တာတွေပြည့်နေပြီး သူ့အရှိန်က တော်တော်နှေးနေတာကြောင့် အဘိုးဟာလှည်းတွန်းဖို့ ခက်နေပုံရပါတယ်။

ဗီဒီယိုထဲမှာ သစ်သီးများနဲ့ပြည့်နေပြီးလေးလံတဲ့လှည်းကိုတွန်းနေတဲ့အဘိုးဟာ ကူညီမယ့်သူမရှိတာကြောင့် သနားစရာကောင်းနေပေမယ့် အချိန်အတော်ကြာပြီးနောက်မှာ ခွေးနှစ်ကောင်ပေါ်လာခဲ့ပြီး အဘိုးအိုနောက်ကနေ လမ်းလျှောက်လာတာကိုမြင်တွေ့ခဲ့ရပါတယ်။ အဘိုးကြီးဟာတစ်ယောက်တည်းမဟုတ်နေဘဲ တကယ်တော့ သူ့ကိုကူညီပေးနေတဲ့ ဒီခွေးနှစ်ကောင်ရှိနေခဲ့ပြီး ခွေးလေးတွေက အပြာရောင်နှင့် မီးခိုးရောင် ခြင်းတောင်းတွေကိုသယ်ဆောင်လာသည်ကိုမြင်တွေ့ရပြီး အဘိုးရဲ့ အရှိန်ကိုချိန်ညှိကာ အနောက်ကနေ ဖြည်းညှင်းစွာလိုက်နေခဲ့ကြပါတယ်။

ခွေးလေးတွေက အလုပ်ကြိုးစားနေတဲ့အဘိုးကို မြင်ရတာစိတ်မသက်သာဖြစ်ပြီး ခြင်းတောင်းများအား ကူသယ်ပေးဖို့ဆုံးဖြတ်ခဲ့ပုံရပါတယ်။ ခွေးလေးတွေက အဘိုးကိုအဖော်လိုက်ပေးရုံသာမကဘဲ အကူအညီပါပေးနေခဲ့ပါတယ်။ အဘိုးဟာ ခက်ခက်ခဲခဲ တစ်ခုခုလုပ်နေချိန်မှာတောင် သူ့မှာ ချစ်ခင်ရင်းနှီးတဲ့အပေါင်းအသင်းတွေရှိတဲ့အခါ ဤအရာကိုကျော်ဖြတ်နိုင်မယ်လို့ယုံကြည်မိပါတယ်။ ဤအခြေအနေကိုကြည့်ပြီး လူအများအပြားက ထိုကဲ့သို့ လိမ္မာရေးခြားရှိပြီး အလွန်ကျွမ်းကျင်တဲ့ခွေးလေးတွေကို မွေးမြူသည့်အတွက် အဘိုးကို အတော်လေးချီးကျူးခဲ့ကြပါတယ်။

Mia (Mckzone daily)

Be the first to comment on "တြန္းလွည္းကို အရွိန္ေႏွးေႏွးနဲ႔တြန္းေနခဲ့တဲ့ အဘိုးအားကူညီဖို႔ ေနာက္ကေနတေကာက္ေကာက္လိုက္ေနခဲ့ၾကတဲ့ ေခြးေလးႏွစ္ေကာင္ (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*