ဘွဲ့ရတဲ့အထိ အပြည့်အဝထောက်ပံ့ပေးခဲ့ကြတဲ့မိဘနှစ်ပါးအတွက် အိမ်တစ်လုံးနှင့် ဇိမ်ခံကားတစ်စီးကိုစုပေါင်းဝယ်ယူပေးခဲ့ကြတဲ့ သားသမီးများ

Jerry Calata နဲ့ဇနီးဖြစ်သူ Cely တို့ဟာ ၎င်းတို့ရဲ့သားသမီး ၄ ယောက်အတွက် ကောလိပ်တက်ဖို့ ခက်ခဲပင်ပန်းမှုတွေနဲ့ငွေရှာဖို့ ရုန်းကန်ခဲ့ကြရပါတယ်။ Cely ဟာ အင်္ကျီချုပ်သမားဖြစ်ပြီး Jerry သုံးဘီးဆိုင်ကယ်ယာဉ်မောင်းဖြစ်ပါတယ်။ ဒီဇနီးမောင်နှံဟာ အလွန်လိမ္မာရေးခြားရှိတဲ့ ကလေးလေးယောက်ကိုပြုစုပျိုးထောင်ခဲ့ပြီး အားလုံးက ကောလိပ်ကနေဘွဲ့ယူနိုင်ခဲ့ပါတယ်။ လက်ရှိ ၎င်းတို့မှာ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Fatima ၊ မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သူ James ၊ ဆရာမဖြစ်တဲ့ Cecile နှင့် စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ John ဆိုတဲ့သားသမီးများရှိပါတယ်။ ခက်ခဲပင်ပန်းခဲ့တဲ့မိဘများအတွက် ညီအစ်ကိုနှစ်ဦးဟာ သုံးထပ်အိမ်နှင့်ကားတစ်စီးဝယ်ပေးနိုင်ခဲ့ပါတယ်။ Jerry မိသားစု၏အောင်မြင်မှုဇာတ်လမ်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က Gtv ၏ Stories of Hope မှာမျှဝေခဲ့ပါတယ်။

ဖခင်ဖြစ်သူဟာ အထက်တန်းကျောင်းတက်တုန်းက မိသားစုကဆင်းရဲလွန်းတာကြောင့် ကျောင်းထွက်ခဲ့ရပြီး Isabela မှာ သူ့မိဘတွေကို လယ်လုပ်ကူခဲ့ရပါတယ်။ ထိုအချိန်မှာ ဇနီးဖြစ်သူ Cely ကလည်း ဖိနပ်စက်ရုံမှာ အလုပ်လုပ်နေခဲ့ပါတယ်။ ၎င်းတို့ရဲ့ကလေးသုံးယောက် အထက်တန်းကျောင်းတက်ချိန်မှာတော့ Cely က အင်္ကျီစချုပ်ခဲ့ပြီး Jerry က သုံးဘီးစမောင်းခဲ့ပါတယ်။ အစပိုင်းမှာ ၎င်းတို့က Jerry ရဲ့အစ်ကိုနှင့်အတူနေထိုင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ Valenzuela မှာ တိုက်ခန်းငယ်တစ်ခုကိုငှါးရမ်းခဲ့ပါတယ်။ Jerry က A Story of Hope မှာ “ ကျနော့်ကလေးသုံးယောက် အထက်တန်းကျောင်းတက်တုန်းကတော့ တကယ့်ကိုခက်ခဲခဲ့တယ်၊ တစ်နေ့တာအတွက် ဘတ်ဂျက်က အရမ်းကြီးတယ်” လို့ဆိုကာ သူ့သားသမီးတွေကို ပညာပေးရတာ အရမ်းခက်ခဲပေမယ့် သူနဲ့ သူ့ဇနီးတို့က သားသမီးတွေကို ဆက်ပြီးထောက်ပံ့ပေးနေခဲ့ကြောင်းဆိုခဲ့ပါတယ်။

ထို့နောက် သားသမီးသုံးယောက်စလုံး ကောလိပ်တက်ပြန်တော့လည်း ၎င်းတို့ဝန်ထုပ်ဝန်ပိုးက ပိုပိုများလာခဲ့ပါတယ်။ မိဘတွေက ၎င်းတို့ကို တစ်နေ့ကိုထမင်းသုံးနပ်မှန်အောင်ကျွေးပေးပေမယ့် အပြန်အလှန်အားဖြင့် သူတို့အတွက် အရုပ်နဲ့ပစ္စည်းတွေကိုမဝယ်ပေးခဲ့ပါဘူး။ ထို့နောက် ၎င်းတို့မောင်နှံမတို့ဟာ ကျောင်းသားတွေဖြစ်လာကြပြီး မိဘတွေကိုကူညီဖို့အပိုဝင်ငွေရှာဖို့ အချိန်ပိုင်းအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ကြပါတယ်။ ” ကျွန်တော်တို့အတွက်၊ ဆင်းရဲမွဲတေမှုက ကျွန်တော်တို့လိုချင်တဲ့အရာကိုရဖို့ အတားအဆီးတစ်ခုမဟုတ်ပါဘူး” ဟု သား James ကဆိုခဲ့ပါတယ်။ မွေးချင်း သုံးယောက်က Valenzuela City University မှဘွဲ့ရခဲ့ပြီး အငယ်ဆုံး John ကတော့ ဖိလစ်ပိုင်နည်းပညာ တက္ကသိုလ်မှဘွဲ့ရခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်၊ Fatima ၊ Cecile နှင့် James တို့က ပြောင်းရွှေ့နေထိုင်ကာ Fatima နှင့် Cecile တို့ဟာ ဒူဘိုင်းသို့သွားခဲ့ကြပါတယ်။

James က 2017 ခုနှစ် နိုဝင်ဘာလမှာ Kuwait သို့ရောက်ရှိခဲ့ပြီး 2020 ခုနှစ် ဒီဇင်ဘာလအထိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ပါတယ်။ မောင်နှမတွေက အားလုံးကြီးပြင်းလာတဲ့အတွက် အိမ်ထောင်မပြုခင်မှာ မိဘတွေအခက်အခဲများမှ ကင်းဝေးအောင် အတူတကွလုပ်ဆောင်ဖို့ သဘောတူခဲ့ကြပါတယ်။

“မြေနဲ့အိမ်က မိဘတွေအတွက် တကယ်ကို အကောင်းဆုံးလက်ဆောင်မို့လို့ သူတို့အတွက် ပထမဆုံး အိမ်မက်ပါပဲ” လို့ James က ဆိုခဲ့ပါတယ်။ ထို့ကြောင့် ၎င်းဆို့ဟာ 2015 ခုနှစ်မှစတင်၍ PHP 800,000 ဖြင့် 80 စတုရန်းမီတာရှိတဲ့မြေကွက်ကိုအရစ်ကျဖြင့်ဝယ်ယူကာ 2018 မှာ ငွေအပြည့်ပေးချေနိုင်ခဲ့ပါတယ်။

Jerry နှင့် Cely တို့ဟာ ၎င်းတို့အိမ်ဆောက်ရန်မြေကွက်များ ဝယ်ထားကြောင်း ၎င်းတို့သားသမီးများက အသိပေးတဲ့အခါ အလွန်ပင်စိတ်လှုပ်ရှားသွားခဲ့ကြပါတယ်။ 2016 ခုနှစ်တွင် မောင်နှမများက ဖခင်ဖြစ်သူအတွက် ကိုယ်ပိုင်သုံးဘီးဆိုင်ကယ်ကိုဝယ်ပေးခဲ့ကြသလို 2018 မှာတော့ ၎င်းတို့မိဘများသဘောကျတဲ့အိမ်လေးကို အပြီးဆောက်လုပ်ပေးခဲ့ကြပါတယ်။ “အိမ်ဆောက်ဖို့ PHP ၂ သန်းကျော်သုံးခဲ့တယ်” ဟု James ကဆိုပါတယ်။

၎င်းတို့မောင်နှမများရဲ့အံ့အားသင့်စေမှုက ဤနေရာမှာတင်မပြီးဆုံးခဲ့ပါဘူး။ 2020 ခုနှစ် နိုဝင်ဘာလတွင် ၎င်းတို့ရဲ့မိဘများအား ကားတစ်စီးကိုလည်း လက်ဆောင်ပေးခဲ့ကြပါတယ်။ James က ကားအတွက် PHP 300,000 ကို ကြိုပေးချေခဲ့ပြီး လစဉ်ပေးချေမှုကိုတော့ ၎င်း၏ကျန်မောင်နှမများက ပေးဆောင်ခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "ဘွဲ့ရတဲ့အထိ အပြည့်အဝထောက်ပံ့ပေးခဲ့ကြတဲ့မိဘနှစ်ပါးအတွက် အိမ်တစ်လုံးနှင့် ဇိမ်ခံကားတစ်စီးကိုစုပေါင်းဝယ်ယူပေးခဲ့ကြတဲ့ သားသမီးများ"

Leave a comment

Your email address will not be published.


*