ေပါင္ ၁၀၀၀ အေလးခ်ိန္ေၾကာင့္ လူ ၁၂ ေယာက္ေလာက္ အခက္ေတြ႕ခဲ့ရေပမဲ့ ခြဲစိတ္မႈေအာင္ျမင္ခဲ့တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ဝင္႐ိုးစြန္းဝက္ဝံျဖဴတစ္ေကာင္

တစ္ေန႔ သင္အလုပ္သို႔ေရာက္တဲ့အခါ သင့္လူနာက ကုတင္ေပၚအိပ္ဖို႔ လူ ၁၂ ေယာက္ရဲ႕အကူအညီကိုယူရတဲ့အထိ ခႏၶာကိုယ္အရမ္းႀကီးေနတာကို စိတ္ကူးၾကည့္ဖူးပါသလား။ အေမရိကန္ျပည္ေထာင္စု Washington ျပည္နယ္ Tacoma ၿမိဳ႕မွ ေပါင္ ၁၀၀၀ အေလးခ်ိန္ရွိတဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ Boris အမည္ရွိဝင္႐ိုးစြန္းဝက္ဝံႀကီးတစ္ေကာင္အား သူ႔ရဲ႕က်န္းမာေရးအတြက္ ခြဲစိတ္ရန္ သက္ဆိုင္သူမ်ားက ဆရာဝန္မ်ားထံေခၚေဆာင္သြားခဲ့ၾကပါတယ္။ သို႔ေပမဲ့ Boris က အရမ္းထြားေနတဲ့အတြက္ သူ႔ကိုသယ္သြားဖို႔ ႏွင့္ ကုတင္ေပၚတင္ဖို႔အတြက္ လူ ၁၂ ေယာက္ေလာက္လိုအပ္ေနခဲ့ပါတယ္။ တကယ္ေတာ့ Boris ဟာ ယခင္က ၾကမ္းတမ္းတဲ့ဘဝတစ္ခုရွိခဲ့ၿပီး မကၠဆီကိုနယ္လွည့္ဆပ္ကပ္ပြဲ၌ေဖ်ာ္ေျဖရန္ ဖိအားေပးခံခဲ့ရပါတယ္။

သို႔ေပမဲ့ ေနာက္ဆုံးမွာ 2002 ခုႏွစ္မွာ တိရိစာၦန္ကယ္ဆယ္ေရးအဖြဲ႕မ်ားက Boris ကိုကယ္တင္ေပးခဲ့ၿပီး Washington ျပည္နယ္ Tacoma ၿမိဳ႕ရွိ တိရိစာၦန္႐ုံသို႔ေျပာင္းေ႐ႊ႕ေပးခဲ့ပါတယ္။ ခြဲစိတ္ကုသမႈအတြင္း ဆရာဝန္မ်ားက သူ႔မ်က္လုံးထဲက အလုံးအဖုကို ေအာင္ျမင္စြာဖယ္ရွားေပးႏိုင္ခဲ့ပါတယ္။ ခြဲစိတ္ၿပီးေနာက္မွာ Boris ဟာ အလြန္ေကာင္းမြန္တဲ့အေျခအေနမွာရွိေနသည္ကိုေတြ႕ရွိခဲ့ရၿပီး ၎၏မ်က္လုံးေပၚရွိ ျဒပ္ထုကို ေအာင္ျမင္စြာ ဖယ္ရွားႏိုင္ခဲ့ေပမဲ့ သူ႔မွာ အသက္ႀကီးရင့္လာမႈေၾကာင့္ အဆစ္အျမစ္ေရာင္နည္းနည္းရွိေနခဲ့ပါတယ္။ ထို႔ျပင္ တိရိစာၦန္ေဆးကုသစရိတ္ကေစ်းႀကီးေပမဲ့ Boris ဟာ ကုသေပးခဲ့တဲ့ တစ္ဒါဇင္ေက်ာ္ဆရာဝန္မ်ားက အခ်င္းခ်င္းသေဘာတူကာ အခမဲ့ခြဲစိတ္ကုသေပးခဲ့ၾကပါတယ္။ Boris ရဲ႕ ေဆးကုသစရိတ္က အခမဲ့ဆိုတာကိုၾကားသိရတဲ့အတြက္ ဝမ္းေျမာက္မိသလို ေက်းဇူးလည္းတင္မိပါတယ္။

Mia (Mckzone daily)

Reference : buzznicked

Unicode

တစ်နေ့ သင်အလုပ်သို့ရောက်တဲ့အခါ သင့်လူနာက ကုတင်ပေါ်အိပ်ဖို့ လူ ၁၂ ယောက်ရဲ့အကူအညီကိုယူရတဲ့အထိ ခန္ဓာကိုယ်အရမ်းကြီးနေတာကို စိတ်ကူးကြည့်ဖူးပါသလား။ အမေရိကန်ပြည်ထောင်စု Washington ပြည်နယ် Tacoma မြို့မှ ပေါင် ၁၀၀၀ အလေးချိန်ရှိတဲ့ အသက် ၂၇ နှစ်အရွယ် Boris အမည်ရှိဝင်ရိုးစွန်းဝက်ဝံကြီးတစ်ကောင်အား သူ့ရဲ့ကျန်းမာရေးအတွက် ခွဲစိတ်ရန် သက်ဆိုင်သူများက ဆရာဝန်များထံခေါ်ဆောင်သွားခဲ့ကြပါတယ်။ သို့ပေမဲ့ Boris က အရမ်းထွားနေတဲ့အတွက် သူ့ကိုသယ်သွားဖို့ နှင့် ကုတင်ပေါ်တင်ဖို့အတွက် လူ ၁၂ ယောက်လောက်လိုအပ်နေခဲ့ပါတယ်။ တကယ်တော့ Boris ဟာ ယခင်က ကြမ်းတမ်းတဲ့ဘဝတစ်ခုရှိခဲ့ပြီး မက္ကဆီကိုနယ်လှည့်ဆပ်ကပ်ပွဲ၌ဖျော်ဖြေရန် ဖိအားပေးခံခဲ့ရပါတယ်။

သို့ပေမဲ့ နောက်ဆုံးမှာ 2002 ခုနှစ်မှာ တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့များက Boris ကိုကယ်တင်ပေးခဲ့ပြီး Washington ပြည်နယ် Tacoma မြို့ရှိ တိရိစ္ဆာန်ရုံသို့ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ခွဲစိတ်ကုသမှုအတွင်း ဆရာဝန်များက သူ့မျက်လုံးထဲက အလုံးအဖုကို အောင်မြင်စွာဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ ခွဲစိတ်ပြီးနောက်မှာ Boris ဟာ အလွန်ကောင်းမွန်တဲ့အခြေအနေမှာရှိနေသည်ကိုတွေ့ရှိခဲ့ရပြီး ၎င်း၏မျက်လုံးပေါ်ရှိ ဒြပ်ထုကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပေမဲ့ သူ့မှာ အသက်ကြီးရင့်လာမှုကြောင့် အဆစ်အမြစ်ရောင်နည်းနည်းရှိနေခဲ့ပါတယ်။ ထို့ပြင် တိရိစ္ဆာန်ဆေးကုသစရိတ်ကစျေးကြီးပေမဲ့ Boris ဟာ ကုသပေးခဲ့တဲ့ တစ်ဒါဇင်ကျော်ဆရာဝန်များက အချင်းချင်းသဘောတူကာ အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြပါတယ်။ Boris ရဲ့ ဆေးကုသစရိတ်က အခမဲ့ဆိုတာကိုကြားသိရတဲ့အတွက် ဝမ်းမြောက်မိသလို ကျေးဇူးလည်းတင်မိပါတယ်။

Mia (Mckzone daily)

Be the first to comment on "ေပါင္ ၁၀၀၀ အေလးခ်ိန္ေၾကာင့္ လူ ၁၂ ေယာက္ေလာက္ အခက္ေတြ႕ခဲ့ရေပမဲ့ ခြဲစိတ္မႈေအာင္ျမင္ခဲ့တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ ဝင္႐ိုးစြန္းဝက္ဝံျဖဴတစ္ေကာင္"

Leave a comment

Your email address will not be published.


*