ကင္ဆာေနာက္ဆံုးအဆင့္ ခံစားရတဲ့အခ်ိန္မွ ခင္ပြန္းဟာ ညီမအရင္းျဖစ္သူနဲ႔ေဖာက္ျပန္ေၾကာင္းသိခဲ့ရတဲ့ အမ်ိဳးသမီးအျဖစ္

ဘယ္လူမ်ိဳး ၊ ဘယ္ဘာသာဝင္ေတြပဲျဖစ္ျဖစ္ အိမ္ေထာင္တစ္ခုမွာကိုယ့္ရဲ႕လက္တြဲေဖာ္နဲ႔အတူ အဆိုး ၊ အေကာင္ အတူတြဲၿပီးျဖတ္သန္းခ်င္ၾကတာပါပဲ ။ သို႔ေပမဲ့လည္း ကိုယ္ဖ်ားနာေနခ်ိန္မွာ ခင္ပြန္းျဖစ္သူက ကိုယ့္ရဲ႕မိသားစုဝင္တစ္ေယာက္နဲ႔ ေဖာက္ျပန္ေနမွန္းသိလိုက္ရမယ္ဆိုရင္ေတာ့ အေတာ္ေလးကိုရင္နာသြားခဲ့မိမွာပါပဲေလ ။ Kisah Rumah Tangga Fans အမည္႐ွိတဲ့ မေလး႐ွားႏိုင္ငံက Facebook group တစ္ခုမွာေတာ့ အမ်ိဳးသမီးတစ္ေယာက္ဟာ သူမရင္သားခံစားေနရတဲ့အခ်ိန္မွာမွ ခင္ပြန္းျဖစ္သူရဲ႕ သ႐ုပ္မွန္ကို႐ွာေဖြေတြ႔႐ွိသြားခဲ့လို႔ အေတာ္ေလးအက်ပ္အတည္ျဖစ္သြားခဲ့ေၾကာင္း ေရးသားထားခဲ့ပါတယ္ ။

သူမဟာ အသက္ 44ႏွစ္အရြယ္ ကေလး 3ေယာက္ရဲ႕မိခင္တစ္ဦးျဖစ္ၿပီး ရင္သားကင္ဆာအဆင့္4ကို ၿပီးခဲ့တဲ့ 8လ ကတည္းကခံစားေနရသူပါ ။ ထို႔ေၾကာင့္ သူမဟာ ေဆးရံုႏွင့္အိမ္ကိုသာ အျမဲသြားလာေနရသူျဖစ္ၿပီး ခြဲစိတ္ကုသမႈအႀကိမ္ႀကိမ္ခံယူခဲ့ေပမဲ့ ကင္ဆာေရာဂါဟာ သူမရဲ႕အဆုတ္ေတြအထိ ပ်ံႏွံ႔သြားခဲ့ၿပီျဖစ္တဲ့အတြက္ သူမဟာအကိုက္အခဲေပ်ာက္ေဆးေသာက္ၿပီး ေသမည့္ရက္ကိုေစာင့္ေနရသူပါ ။ ထို႔ေနာက္ ေနာက္ပိုင္းမွာေတာ့ သူမရဲ႕ခင္ပြန္းဟာ ညတိုင္းလိုလိုေပ်ာက္ေနခဲ့ၿပီး ဘယ္အခ်ိန္ကတည္းက အဲ့လိုျဖစ္ပ်က္ေနလဲဆိုတာကေတာ့ သူမ မသိခဲ့ရပါဘူး ။ ထို႔ေၾကာင့္ သူမဟာခင္ပြန္းျဖစ္သူကို သူမအသက္႐ွိေနေသးတဲ့အခ်ိန္မွာလည္း ေနာက္ထပ္လက္ထပ္လို႔ရေၾကာင္း သူမဘက္ကအရင္ေျပာဆိုခဲ့ပါတယ္ ။ ထိုအခိန္မွာေတာ့ ခင္ပြန္းဟာမျငင္းခဲ့သလို ၊ သူမကိုလည္း စိတ္မတိုဘဲ သူမကိုသနားတဲ့ပံုစံမ်ိဳးနဲ႔ပဲ ၾကည့္ေနခဲ့တာပါ ။

သူမစိတ္ထင္ထားသလိုပဲ တစ္ရက္မွာေတာ့ခင္ပြန္ရဲ႕ဖုန္းထဲမွာ မေမ်ွာ္လင့္ထားတဲ့မိန္းကေလးတစ္ေယာက္နဲ႔ေျပာဆိုထားတဲ့ message ေတြကို သူမဖတ္မိခဲ့ပါတယ္ ။ ထို႔ေနာက္ အဆိုပါဖုန္းနံပတ္ကို သူမဆက္သြယ္ခဲ့ေပမဲ့လည္း ဆက္သြယ္လို႔မရတဲ့အဆံုး ၊ သူမရဲ႕သမီးျဖစ္သူဖုန္းနဲ႔ဆက္သြယ္ခဲ့ခ်ိန္မွာေတာ့ သူမရဲ႕ညီမအရင္းေခါက္ေခါက္ျဖစ္ေနမွန္း သူမသိ႐ွိသြားခဲ့ပါတယ္ ။ ပိုၿပီးေသခ်ာေစတဲ့အရာကေတာ့ သူမရဲ႕မိခင္အသံကို ဖုန္းထဲမွာၾကားခဲ့ရေသာေၾကာင့္ျဖစ္ပါတယ္ ။ မိသားစုဂုဏ္ေတြလည္း ပ်က္ဆီးသြားခဲ့ရတဲ့အျပင္ သူမရဲ႕သားသမီးေတြလည္း သူတို႔ရဲ႕ဖခင္အေပၚေလးစား ၊ ႐ိုေသ ၊ ခ်စ္ခင္ တဲ့စိတ္ေတြလံုးဝပ်က္စီးသြားခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။ ထို႔ေၾကာင့္ သူမဟာစိတ္ဖိစီးလြန္းျပီး ေသမည့္ရက္ကို အဆင့္သင့္ေဆာင့္ေနေၾကာင္း ေျပာဆိုသြားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဘယ်လူမျိုး ၊ ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ် အိမ်ထောင်တစ်ခုမှာကိုယ့်ရဲ့လက်တွဲဖော်နဲ့အတူ အဆိုး ၊ အကောင် အတူတွဲပြီးဖြတ်သန်းချင်ကြတာပါပဲ ။ သို့ပေမဲ့လည်း ကိုယ်ဖျားနာနေချိန်မှာ ခင်ပွန်းဖြစ်သူက ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်နဲ့ ဖောက်ပြန်နေမှန်းသိလိုက်ရမယ်ဆိုရင်တော့ အတော်လေးကိုရင်နာသွားခဲ့မိမှာပါပဲလေ ။ Kisah Rumah Tangga Fans အမည်ရှိတဲ့ မလေးရှားနိုင်ငံက Facebook group တစ်ခုမှာတော့ အမျိုးသမီးတစ်ယောက်ဟာ သူမရင်သားခံစားနေရတဲ့အချိန်မှာမှ ခင်ပွန်းဖြစ်သူရဲ့ သရုပ်မှန်ကိုရှာဖွေတွေ့ရှိသွားခဲ့လို့ အတော်လေးအကျပ်အတည်ဖြစ်သွားခဲ့ကြောင်း ရေးသားထားခဲ့ပါတယ် ။

သူမဟာ အသက် 44နှစ်အရွယ် ကလေး 3ယောက်ရဲ့မိခင်တစ်ဦးဖြစ်ပြီး ရင်သားကင်ဆာအဆင့်4ကို ပြီးခဲ့တဲ့ 8လ ကတည်းကခံစားနေရသူပါ ။ ထို့ကြောင့် သူမဟာ ဆေးရုံနှင့်အိမ်ကိုသာ အမြဲသွားလာနေရသူဖြစ်ပြီး ခွဲစိတ်ကုသမှုအကြိမ်ကြိမ်ခံယူခဲ့ပေမဲ့ ကင်ဆာရောဂါဟာ သူမရဲ့အဆုတ်တွေအထိ ပျံနှံ့သွားခဲ့ပြီဖြစ်တဲ့အတွက် သူမဟာအကိုက်အခဲပျောက်ဆေးသောက်ပြီး သေမည့်ရက်ကိုစောင့်နေရသူပါ ။ ထို့နောက် နောက်ပိုင်းမှာတော့ သူမရဲ့ခင်ပွန်းဟာ ညတိုင်းလိုလိုပျောက်နေခဲ့ပြီး ဘယ်အချိန်ကတည်းက အဲ့လိုဖြစ်ပျက်နေလဲဆိုတာကတော့ သူမ မသိခဲ့ရပါဘူး ။ ထို့ကြောင့် သူမဟာခင်ပွန်းဖြစ်သူကို သူမအသက်ရှိနေသေးတဲ့အချိန်မှာလည်း နောက်ထပ်လက်ထပ်လို့ရကြောင်း သူမဘက်ကအရင်ပြောဆိုခဲ့ပါတယ် ။ ထိုအခိန်မှာတော့ ခင်ပွန်းဟာမငြင်းခဲ့သလို ၊ သူမကိုလည်း စိတ်မတိုဘဲ သူမကိုသနားတဲ့ပုံစံမျိုးနဲ့ပဲ ကြည့်နေခဲ့တာပါ ။

သူမစိတ်ထင်ထားသလိုပဲ တစ်ရက်မှာတော့ခင်ပွန်ရဲ့ဖုန်းထဲမှာ မမျှော်လင့်ထားတဲ့မိန်းကလေးတစ်ယောက်နဲ့ပြောဆိုထားတဲ့ message တွေကို သူမဖတ်မိခဲ့ပါတယ် ။ ထို့နောက် အဆိုပါဖုန်းနံပတ်ကို သူမဆက်သွယ်ခဲ့ပေမဲ့လည်း ဆက်သွယ်လို့မရတဲ့အဆုံး ၊ သူမရဲ့သမီးဖြစ်သူဖုန်းနဲ့ဆက်သွယ်ခဲ့ချိန်မှာတော့ သူမရဲ့ညီမအရင်းခေါက်ခေါက်ဖြစ်နေမှန်း သူမသိရှိသွားခဲ့ပါတယ် ။ ပိုပြီးသေချာစေတဲ့အရာကတော့ သူမရဲ့မိခင်အသံကို ဖုန်းထဲမှာကြားခဲ့ရသောကြောင့်ဖြစ်ပါတယ် ။ မိသားစုဂုဏ်တွေလည်း ပျက်ဆီးသွားခဲ့ရတဲ့အပြင် သူမရဲ့သားသမီးတွေလည်း သူတို့ရဲ့ဖခင်အပေါ်လေးစား ၊ ရိုသေ ၊ ချစ်ခင် တဲ့စိတ်တွေလုံးဝပျက်စီးသွားခဲ့ကြောင်းသိရှိရပါတယ် ။ ထို့ကြောင့် သူမဟာစိတ်ဖိစီးလွန်းပြီး သေမည့်ရက်ကို အဆင့်သင့်ဆောင့်နေကြောင်း ပြောဆိုသွားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment