6 နာရီထက်နည်းတဲ့ အိပ်စက်ခြင်းက ရောဂါဖြစ်နိုင်ခြေများပြီး စောစီးစွာသေဆုံးနိုင်ကြောင်းကို သုတေသနရလဒ်များမှ ထွက်ပေါ်လာခဲ့

အိပ်ရေးပျက်ခြင်းရဲ့ သက်ရောက်မှုတော်တော်များများကို သင့်ကျန်းမာရေးအတွက် ဆိုးရွားတဲ့ အကျိုးဆက်များ ရှိနိုင်ပါတယ် ။ ယေဘူယျ စည်းမျဉ်းအရ သင်ဟာ မောပန်းနွမ်းနယ်ပြီး တစ်နေ့တာလုံး နိုးထလာပါက ဒါမှမဟုတ် တစ်ရေးတစ်မော အိပ်ရန် လိုအပ်နေသေးပါက သင်ဟာ လုံလောက်တဲ့ အိပ်ရေးမဝခြင်း ဖြစ်နိုင်ပါတယ် ။ Harvard Medical Schoo မှ ဆေးပညာ ပါမောက္ခ ဒေါက်တာ Rebecca Robbins ရဲ့ အဆိုအရ အိပ်ချိန် တစ်နာရီ အပြောင်းအလဲက သိသာထင်ရှားတဲ့ ခြားနားမှုကို ပေးနိုင်လောက်အောင် လုံလောက်ကြောင်း Telegraph သို့ ပြောကြားခဲ့ပါတယ် ။

Dr Rebecca က Brigham and Women’s Hospital ရှိ အိပ်စက်ခြင်းနဲ့ Circadian Disorders ဌာနခွဲမှ တွဲဖက်သိပ္ပံပညာရှင်လည်းဖြစ်ပါတယ် ။ အိပ်ရေးပျက်ခြင်းက ဦးနှောက်က ထွက်လာတဲ့ အဆိပ်အတောက်တွေကို ပြင်းထန်တဲ့ ရလဒ်တွေ ဖြစ်ပေါ်စေနိုင်တယ်လို့ သူမက ဆိုပါတယ် ။

ပုံမှန်အိပ်ရေးပျက်ခြင်းက သင့်ကို နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးစတဲ့ ပြင်းထန်တဲ့ ဆေးဘက်ဆိုင်ရာအခြေအနေများအတွက် အန္တရာယ်ရှိစေပါတယ် ။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများက ပိုမိုပြင်းထန်ပြီး သက်တမ်းတိုစေနိုင်ပါတယ် ။

လေ့လာမှုတွေအရ တစ်နေ့ကို 7 နာရီအောက် အိပ်သူတွေ၊ အိပ်ရေးပျက်ခြင်းက leptin ပမာဏကို လျော့နည်းစေတယ်လို့ ယုံကြည်ခြင်းဖြင့် ကိုယ်အလေးချိန်တက်လာနိုင်ခြေ ပိုများပါတယ် ။

ဘာကြောင့်လည်းဆိုတော့ (သင့်ကို ပြည့်ဝစေတဲ့ ဓာတုပစ္စည်း) နဲ့ (ဆာလောင်မှုကိုလှုံ့ဆော်ပေးတဲ့ ဟော်မုန်း) ghrelin အဆင့်ကို တိုးစေတာကြောင့်ပါ ။

လူလတ်ပိုင်းအရွယ်မှာ တစ်ညလျှင် ခြောက်နာရီအောက် အိပ်စက်ခြင်းက စိတ်ကျရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေတယ်လို့ Nature Communications ဂျာနယ်မှာ ဖော်ပြပါတယ် ။

အသက် 50၊ 60 နဲ့ 70 နှစ်ကြားကဲ့သို့ ဆက်တိုက်အိပ်စက်မှုနည်းပါးတဲ့ အချိန်များက dementia ဖြစ်နိုင်ခြေ 30% တိုးလာခြင်းနဲ့ ဆက်စပ်နေတာကြောင့် ညဘက်ကောင်းမွန်စွာအိပ်စက်ခြင်းက မရှိမဖြစ်လိုအပ်ပါတယ် ။ စာဖက်သူတွေအားလုံး အိမ်ရေမပျက်စေဘဲနဲ့ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ပါစေ ။

JRose (Mckzone daily)

Reference :

Be the first to comment on "6 နာရီထက်နည်းတဲ့ အိပ်စက်ခြင်းက ရောဂါဖြစ်နိုင်ခြေများပြီး စောစီးစွာသေဆုံးနိုင်ကြောင်းကို သုတေသနရလဒ်များမှ ထွက်ပေါ်လာခဲ့"

Leave a comment

Your email address will not be published.


*