ဆောင်းရာသီမှာ ရေကပုံမှန်ထက်ပိုအေးတာကြောင့် ဇနီးကိုယ်စား ပန်းကန်တွေကိုအမြဲဆေးကြောပေးတတ်တဲ့ ချစ်တန်လွန်းတဲ့ခင်ပွန်း

ဇနီးသည်တစ်ဦးဟာ နောက်နေ့ အလုပ်သို့ယူသွားမဲ့ သူမနဲ့သူမခင်ပွန်းရဲ့နေ့လည်စာအတွက် အစားအသောက်များပြင်ဆင်ပြီးတာနဲ့ ခင်ပွန်းဖြစ်သူက မီးဖိုချောင်ထဲရှိသူမရဲ့ရှေ့သို့ရုတ်တရက်ပေါ်လာပြီး ညစ်ပတ်နေတဲ့ပန်းကန်တွေကိုဆေးကြောပေးမယ်လို့ကမ်းလှမ်းခဲ့ကြောင်းကို သူမရဲ့ Facebook page မှာရေးတင်ခဲ့ပါတယ်။ ဆောင်းရာသီလည်းဖြစ်ပြီး မီးဖိုချောင်ထဲက ရေက ပုံမှန်ထက်ပိုအေးနေခဲ့တာကြောင့် ခင်ပွန်းသည်က သူမအစား ပန်းကန်ဆေးကြောပေးဖို့ကမ်းလှမ်းခဲ့တယ်လို့လည်း ဇနီးဖြစ်သူက ဆိုပါတယ်။

ထို့ပြင် ခင်ပွန်းဖြစ်သူက အိမ်မှုကိစ္စရှိ ပန်းကန်ဆေးတာတစ်ခုတည်းဘဲကူညီပေးတာ မဟုတ်ကြောင်းလည်း သူမက ဆက်ပြောပြခဲ့ပါတယ်။ သူမက ချက်ပြုတ်ဖို့ အာရုံစိုက်နေချိန်မှာ ခင်ပွန်းဖြစ်သူဟာ ချက်ပြုတ်ရမယ့်အစားအစာကိုကူညီပြင်ဆင်ပေးတယ်လို့ ဇနီးဖြစ်သူက ပြောကြားခဲ့ပါတယ်။

ထို့ပြင် သူမခင်ပွန်းက အိမ်မှုကိစ္စတွေကို တစ်ဦးတည်းကသာလုပ်ဆောင်နေရင် အိမ်ထောင်ရေးမှာ ရန်ဖြစ်အငြင်းပွါးမှုတွေနှင့်ဘဲပြည့်နေလိမ့်မယ်လို့ယုံကြည်တာကြောင့် ခင်ပွန်းဖြစ်သူက အိမ်မှုကိစ္စတွေကို သူမနှင့်ခွဲဝေလုပ်ဆောင်ပေးလေ့ရှိခဲ့ကြောင်း ဇနီးဖြစ်သူက ပြောကြားခဲ့ပါတယ်။

ထို့ပြင် သူမတို့ဇနီးမောင်နှံဟာ မည်မျှပင် အဆင်မပြေဖြစ်နေပါစေ ၊အချင်းချင်းအပေါ် တန်ဖိုးထားလေးမြတ်မှုကိုပြသရန် တစ်ဦးကိုတစ်ဦး ‘ ကျေးဇူးတင်ပါတယ်’ လို့ အမြဲပြောတတ်တယ်လို့လည်း ဆိုခဲ့ပါသေးတယ်။ ဟုတ်ပါတယ် ၊ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ချင်ရင်တော့ ဝန်တစ်ခုကို တစ်ဖက်တည်းကိုသာမထမ်းစေဘဲ နှစ်ဦးသဘောတူခွဲဝေလုပ်ဆောင်တတ်ဖို့လိုအပ်ပါတယ်။

အဆိုပါပို့စ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီးနောက် အင်တာနက် သုံးစွဲသူအများအပြားက ခင်ပွန်းသည်ရဲ့သူ့ဇနီးအပေါ် ဆက်ဆံပုံနှင့်ပတ်သက်ပြီး ၎င်းတို့ရဲ့အတွေးအမြင်များကို မျှဝေခဲ့ကြပြီး “ သူမရဲ့ခင်ပွန်းသည်က အခြားခင်ပွန်းတွေနဲ့ လုံးဝမတူနေဘူးဘဲ ”၊ “ ခင်ပွန်းကောင်းနှင့်တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးက ထာဝရတည်မြဲနေမှာပါ” စတဲ့အပြုသဘောဆောင်တဲ့မှတ်ချက်များစွာဖြင့်ပါ တုံ့ပြန်ပေးခဲ့ကြပါတယ်။

.

သာယာအေးချမ်းတဲ့အိမ်ထောင်ရေးတစ်ခုရဲ့လျှို့ဝှက်ချက်တွေထဲကတစ်ခုက တော်တော်လေးရိုးရှင်းပုံရပါတယ်။ အိမ်မှုကိစ္စဝန်ထုပ်ဝန်ပိုးတွေကို တစ်ဖက် ၊တစ်ဦးတည်းကသာ ဘယ်တော့မှတာဝန်မယူကြစေဖို့ ဒီစုံတွဲက သက်သေပြခဲ့တာဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ဆောင်းရာသီမှာ ရေကပုံမှန်ထက်ပိုအေးတာကြောင့် ဇနီးကိုယ်စား ပန်းကန်တွေကိုအမြဲဆေးကြောပေးတတ်တဲ့ ချစ်တန်လွန်းတဲ့ခင်ပွန်း"

Leave a comment

Your email address will not be published.


*